Call Center(+95) 1 8610612

News

Highlight Services for you

Highlight Services for you

MAB၏ဝန်ဆောင်မှုအသုံးပြုသူ လုပ်ငန်းရှင်ကြီးများအတွက် ရောင်းဝယ်ဖောက်ကားမှုများတွင် ပိုမိုလွယ်ကူ အဆင်ပြေစေရန်အတွက် ဆိုင်များ၊ အရောင်းစင်တာများနှင့် စီးပွားရေးလုပ်ငန်းများတွင် ဘဏ်ကတ်များဖြင့် ငွေပေးချေမှုကို လက်ခံမှုပြုလုပ်နိုင်စေဖို့ မြန်မာနိုင်ငံ၏ ပထမဆုံး Android Version POS စက်များကို စျေးကွက်အတွင်းသို့ မိတ်ဆက်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

POS ဆိုသည်မှာ Point of Sales ကိုဆိုလိုခြင်းဖြစ်ပြီး လူကြီးမင်းတို့၏ လုပ်ငန်းများတွင်လာရောက်ဝယ်ယူ အသုံးပြုသူ Customer များမှ ငွေပေးချေမှုများ လွယ်ကူအဆင်ပြေစေရန် မည်သည့်ဘဏ်ကတ်များဖြင့်မဆို ပေးချေ၍ရသော စက်ဖြစ်ပြီး MAB ၏ POS စက်များတွင် ပြည်တွင်းပြည်ပမှ Visa၊ MasterCard၊ Union Pay International နှင့် MPU ဘဏ်ကတ်များဖြင့် အသုံးပြုသူများထံမှ ငွေလက်ခံမှုများ ပြုလုပ်နိုင်ပါသည်။

ထို့အပြင် လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများတွင် တပ်ဆင်အသုံးပြုထားသည့် MAB POS စက်များမှ ကတ်များဖြင့်ရောင်းချထားသည့် ငွေပေးချေမှုများအား ငွေသားအဖြစ်ထုတ်ယူရာတွင်လည်း MAB POS Merchant Team နှင့် ဆက်သွယ်၍ နီးစပ်ရာ MAB ဘဏ်ခွဲများတွင် ပြန်လည်ထုတ်ယူနိုင်ပါသည်။

MAB ၏ POS စက်များသည် မြန်မာနိုင်ငံ၏ပထမဆုံး Android Version POS အမျိုးအစားဖြစ်ပြီး

  • အရောင်းမှတ်တမ်းများအား အလွယ်တကူ ပြန်စစ်နိုင်ခြင်း
  • အလွယ်တကူစာရင်းပြန်ကိုက်နိုင်ခြင်း
  • နီးစပ်ရာ ဘဏ်ခွဲများတွင် ငွေသားချက်ချင်းထုတ်ယူနိုင်ခြင်း
  • Customer များမှ ငွေသားကိုင်ဆောင်ပြီး အသုံးပြုရန်မလိုခြင်း တို့ကြောင့် လူကြီးမင်းတို့၏ ရောင်းဝယ်မှုများကို ပိုမိုအဆင်ပြေလွယ်ကူစေမှာပဲ ဖြစ်ပါသည်။

ငွေသားထုတ်ယူမှုနှင့် အခြားသော POS ဝန်ဆောင်မှုများအကြောင်းကိုသိရှိလိုပါက မြန်မာ့ရှေ့ဆောင်ဘဏ် Call Center (01-8610612) သို့ နံနက် (၇)နာရီ မှ ည (၁၂) နာရီအတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

March 29, 2023
Share Now :