Call Center(+95) 1 8610612

News

ရွှေဆုထူးမဲ့ ဒီနှစ်ကူး

ရွှေဆုထူးမဲ့ ဒီနှစ်ကူး

မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန်အထိမ်းအမှတ်အနေနဲ့ MAB မှာ Western Union ငွေလွှဲထုတ်ယူပြီး ငွေကျပ်သိန်းခြောက်ဆယ်အထိ တန်ဖိုးရှိတဲ့ ရွှေသားဆုလက်ဆောင်တွေ ကံစမ်းရယူနိုင်မဲ့ အခွင့်အရေးက လက်တစ်ကမ်းမှာ ‌ရှိနေပါပြီ။

နိုင်ငံတကာကနေ လွှဲပြောင်းပေးပို့လာတဲ့ Western Union ငွေလွှဲတွေကို ကြိုက်နှစ်သက်ရာ MAB ဘဏ်ခွဲတွေနဲ့ ကိုယ်စားလှယ်ဘဏ်လုပ်ငန်းတွေမှာ ငွေကျပ် (၅) သိန်းနှင့်အထက် ငွေလွှဲထုတ်ယူသူတိုင်း “ရွှေဆုထူးမဲ့ ဒီနှစ်ကူး” ကံစမ်းမဲအစီအစဉ်မှာ ပါဝင်နိုင်ပြီဖြစ်ပါတယ်။

ကံစမ်းမဲကာလက ၂၀၂၄ ခုနှစ်၊ မေလ၊ ၃၁ ရက်နေ့အထိဖြစ်ပြီး ဆုလက်ဆောင်တွေအနေနဲ့

🌟 ငွေကျပ်သိန်းနှစ်ဆယ်တန်ဖိုးရှိတဲ့ ရွှေသားဆုလက်ဆောင် – (၁) ဆု

🌟 ငွေကျပ်ဆယ်သိန်းတန်ဖိုးရှိတဲ့ ရွှေသားဆုလက်ဆောင် – (၄) ဆု ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဒေါ်လာလျှင် အပိုဆောင်းငွေလဲလှယ်နှုန်း (၃၀) ကျပ် ထပ်မံရရှိနိုင်ခြင်း၊ ငွေလွှဲထုတ်ခ ပေးစရာမလိုခြင်း၊ ပမာဏ အကန့်အသတ်မရှိ ထုတ်ယူနိုင်ခြင်း အစရှိတဲ့ ဝန်ဆောင်မှုများကိုပါ ထပ်ဆောင်းရရှိနိုင်ပါတယ်။

ကံထူးရှင်များစာရင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ တတိယအပတ်မှာ ကြေညာပေးသွားမှာဖြစ်ပြီး အသေးစိတ်ပိုမို သိရှိလိုပါက MAB Call Center 01 -8610612 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ကံထူးရှင်ရွေးချယ်ခြင်း

“ရွှေဆုထူးမဲ့ ဒီနှစ်ကူး” အစီအစဉ်၏ ကံထူးရှင်များကို သတ်မှတ်ထားသည့် ပရိုမိုးရှင်းကာလ ပြည့်မြောက်ပြီးနောက် ဒုတိယသီတင်းပတ်တွင် ကွန်ပျူတာစနစ်အသုံးပြု၍ ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ ကံထူးသူများစာရင်းကို ဘဏ်၏တရားဝင်ဝက်ဘ်ဆိုက်နှင့် ဘဏ်ခွဲများတွင် ဖော်ပြပေးသွားမည်ဖြစ်ပြီး ကံထူးရှင်တစ်ဦးတစ်ယောက်ချင်းထံသို့ ဖုန်း/အီးမေးလ်/SMS တို့ဖြင့်လည်း အကြောင်းကြားပေးသွားပါမည်။

စည်းကမ်းသတ်မှတ်ချက်များ

“ရွှေဆုထူးမဲ့ ဒီနှစ်ကူး” ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်မည့်သူများသည် အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များ အားလုံးကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။

၁။ “ရွှေဆုထူးမဲ့ ဒီနှစ်ကူး” ပရိုမိုးရှင်းကာလမှာ ၂၀၂၄ ခုနှစ်၊ မေလ၊ ၃၁ ရက်နေ့အထိ ဖြစ်ပါသည်။

၂။ နိုင်ငံတကာမှ လွှဲပြောင်းပေးပို့လာသော Western Union ငွေလွှဲများအားလုံး အကျုံးဝင်ပြီး MAB ဘဏ်ခွဲများ၊ ကိုယ်စားလှယ်ဘဏ်လုပ်ငန်းများတွင် ငွေကျပ်ငါးသိန်းနှင့်အထက် ငွေလွှဲထုတ်ယူသူတိုင်း ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

၃။ Customer တစ်ဦးသည် ကံစမ်းမဲ‌ဖောက်မည့် တစ်ကြိမ်လျှင် အများဆုံး ဆုတစ်ဆုသာ ခံစားခွင့်ပြုမည်ဖြစ်ပါသည်။

၄။ ဆုများကို အခြားဆုများနှင့် လဲလှယ်ခြင်း၊ လွှဲပြောင်းခြင်း (သို့မဟုတ်) ငွေသားနှင့် လဲလှယ်ခြင်းများအား ခွင့်ပြုမည် မဟုတ်ပါ။

၅။ ကံထူးရှင်များကို System မှတစ်ဆင့် အလိုအလျောက် ရွေးချယ်သွားမည်ဖြစ်ပြီး ကံစမ်းမဲအစီအစဉ်နှင့် သက်ဆိုင်သော အချက်အလက်များကို MAB ၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် ဘဏ်ခွဲများတွင် ကြေညာသွားမည် ဖြစ်ပါသည်။

၆။ ကံထူးရှင်များအားလုံးကို ဖုန်း/ အီးမေးလ်/ SMS ဖြင့် အကြောင်းကြားမည်ဖြစ်ပြီး အကြောင်းကြားပြီး ရက် ပေါင်း (၃၀) အတွင်း နီးစပ်ရာ MAB ဘဏ်ခွဲများတွင် လာရောက်ထုတ်ယူရမည် ဖြစ်သည်။

၇။ ကံထူးရှင်၏ အမည်၊ ကံစမ်းမဲအစီအစဉ်နှင့် သက်ဆိုင်သောဓာတ်ပုံများကို MAB Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်စသည့် လူမှုကွန်ရက် စာမျက်နှာများတွင် ကြေညာရန် မှတ်တမ်းတင်ခြင်းများအား ကံထူးရှင်များ၏ သ‌ဘောတူညီချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၈။ ကံစမ်းမဲဆုလက်ဆောင်များပေါ်တွင် ကျခံရမည့် အခွန်အခများ ရှိလာပါက ဘဏ်နှင့်မသက်ဆိုင်စေဘဲ ကံထူးရှင်က ပေးဆောင်ရမည်ဖြစ်ပါသည်။

၉။ ဆုနှင့်ပတ်သက်၍ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် မလိုလားအပ်သော ကိစ္စရပ်များကို MAB မှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည် မဟုတ်ပါ။

၁၀။ သတ်မှတ်ချက်နှင့် မကိုက်ညီသော ကံစမ်းမှုများကို MAB မှ ငြင်းဆိုပိုင်ခွင့်ရှိပါသည်။

၁၁။ ကံထူးရှင်သည် သတ်မှတ်ထားသော စည်းကမ်းများနှင့် မကိုက်ညီခြင်း၊ ဆက်သွယ်၍မရခြင်းစသည့် အခြေအနေများတွင် MAB မှ အဆိုပါဆုကို ပြန်လည် ရွေးချယ်ပိုင်ခွင့်ရှိသည်ကို သဘောတူပါသည်။

၁၂။ ယခု ကံစမ်းမဲ အစီအစဉ်တွင် MAB ဝန်ထမ်းများ ပါဝင်ကံစမ်းခွင့် မရှိပါ။

၁၃။ မမျှော်လင့်သော အကြောင်းအရာများကြောင့် ယခု “ရွှေဆုထူးမဲ့ ဒီနှစ်ကူး” အစီအစဉ်နှင့်ပတ်သက်၍   ကြိုတင်အကြောင်းကြား အသိပေးနိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများပြုလုပ်ပါက Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို နားလည်သဘောတူရပါမည်။

၁၄။ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက MAB ၏ ဆုံးဖြတ်ချက်သာ နောက်ဆုံးအတည်ဖြစ်ပြီး အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများအား ဘဏ်မှ အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြင်ဆင် ပြောင်းလဲပိုင်ခွင့်ရှိသည်ကို သဘောတူရပါမည်။

March 22, 2024
Share Now :