Call Center(+95) 1 8610612
MAB Mobile Bank

MAB Mobile Bank

MAB Mobile Bank ဆိုသည်မှာ မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေကြေးဝန်ဆောင်မှုများ၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ နှင့် ငွေပေးချေမှုများကို အချိန်နေရာမရွေး ဖုန်းအမျိုးအစားမရွေးပဲ အင်တာနက် ရှိရုံးဖြင့် ၂၄ နာရီကာလပတ်လုံး လွယ်ကူ လျှင်မြန်စွာ ပြုလုပ်နိုင်သည့် လုံခြုံစိတ်ချရသော မိုဘိုင်းဘဏ် ၀န်ဆောင်မှုလုပ်ငန်းဖြစ်ပါသည်။

  • MAB Mobile Bank စာရင်းဖွင့်လှစ်ခြင်း
  • Mobile Wallet
  • MAB Mobile Agent
  • Self KYC
  • ၀န်ဆောင်မှုများ
  • အကျိုးကျေးဇူးနှင့်အားသာချက်များ

MAB Mobile Bank စာရင်းဖွင့်လှစ်ခြင်း

MAB Mobile Application အား မိမိကိုယ်တိုင် ဒေါင်းလုတ်ပြုလုပ် ၍ လိုအပ်သည့် အချက်အလက်များကို ဖြည့်စွက်ကာ လွယ်ကူလျင်မြန်စွာ စာရင်းဖွင့်လှစ်နိုင်ပါသည်။

Mobile Wallet

MAB Mobile Wallet ဆိုသည်မှာ မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုအားလုံးကို ဆောင်ရွက်နိုင်သည့် ဘဏ်စာရင်းတစ်ခု ဖြစ်ပါသည်။

MAB Mobile Agent

MAB Mobile Agent ဆိုသည်မှာ မိုဘိုင်းဘဏ်စာရင်းရှိသူနှင့်မရှိသူများအားလုံး မိုဘိုင်းဘဏ်လုပ်ငန်း ၀န်ဆောင်မှုများ ကို ယုံကြည်စိတ်ချစွာဖြင့် အလွယ်တကူဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့ရှေ့ဆောင်ဘဏ်ကိုယ်စား အများပြည်သူသို့ ငွေသွင်း ငွေထုတ် ငွေလွှဲ  စသောငွေကြေးဆိုင်ရာဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဘဏ်မှခန့်အပ်ထားသည့် ကိုယ်စားလှယ်များဖြစ်ပါသည်။

Self KYC

Self KYC ဆိုသည်မှာ မြန်မာ့ရှေ့ဆောင်ဘဏ်၏ မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှု ကို အသုံးပြုရန်အတွက် သုံးစွဲသူများအနေဖြင့် ဘဏ်(သို့) MAB Mobile Agent များထံသို့ သွားရောက်ရန်မလိုပဲ ကိုယ်တိုင်စာရင်းဖွင့် မှတ်ပုံတင်ခြင်း ဖြစ်ပါသည်။ စာရင်းဖွင့်ရန် MAB Mobile App ကို မိမိ၏ဖုန်းထဲသို့ Download ဆွဲယူကာ လိုအပ်သောအချက်အလက်များဖြည့်သွင်းပြီး၊ မှတ်ပုံတင်(သို့)ယာဉ်မောင်းလိုင်စင် (နိုင်ငံခြားသားများ အနေဖြင့် နိုင်ငံကူလက်မှတ်)နှင့်လိုအပ်သည်များကို ဓါတ်ပုံရိုက်စာရင်းသွင်းပြီး ကိုယ်တိုင်စာရင်းဖွင့်လှစ်နိုင်ပါသည်။

၀န်ဆောင်မှုများ

MAB Mobile တွင် လတ်တလော ရယူနိုင်သည့် ဝန်ဆောင်မှုများ

ငွေလွှဲဝန်ဆောင်မှုများ

  • Wallet မှ Wallet သို့ ငွေသားလွှဲပြောင်းခြင်း
  • Wallet မှ Wallet အကောင့် မရှိသူထံသို့ ငွေသားလွှဲပြောင်းခြင်း
  • Wallet မှ MAB ဘဏ်စာရင်းထဲသို့ ငွေသားလွှဲပြောင်းခြင်း
  • MAB ဘဏ်စာရင်းမှ Wallet ထဲသို့ ငွေသားလွှဲပြောင်းခြင်း

ငွေပေးချေမှု ဝန်ဆောင်မှုများ

  • ဘေလ်ပေးဆောင်မှုများ
  • အာမခံကြေးပေးသွင်းမှုများ
  • အင်တာနက်ဘေလ်‌ပေး‌ဆောင်မှုများ
  • ပညာရေးအတွက် ငွေပေးချေမှုများ
  • လှူဒါန်းခြင်း
  • မီတာဘေလ်ပေးဆောင်ခြင်း
  • Gift Code များ ဝယ်ယူခြင်း
  • ဖုန်းငွေဖြည့်ကတ် ဝယ်ယူခြင်း

TrueMoney Agent များတွင် ငွေသွင်းငွေထုတ် ပြုလုပ်ခြင်း

MAB ဘဏ်ခွဲများတွင် ငွေသွင်းငွေထုတ် ပြုလုပ်ခြင်း

Limits & Fees

MAB Mobile မှတစ်ဆင့် ငွေလွှဲငွေထုတ် ပြုလုပ်သည့်အခါ ကျသင့်မည့် ဝန်ဆောင်ခနှုန်းထားများကို အောက်ဖော်ပြပါဇယားတွင် အသေးစိတ် ကြည့်ရှုနိုင်ပါသည်။

အကျိုးကျေးဇူးနှင့်အားသာချက်များ

Search MAB Mobile Agents

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ MAB Mobile အေးဂျင့်များကို ဒီမှာ (https://bit.ly/47WGCL1) ရှာဖွေကြည့်ရှုနိုင်ပါတယ်။ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက MAB Call Center (01 8610 612) ကို အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။