မြန်မာ့ရှေ့ဆောင်ဘဏ်၏ နိုင်ငံတကာခရီးသွားကတ်သည် MAB တံဆိပ်ပါသော VISA Prepaid Card ဖြစ်ပါသည်။ VISA Prepaid Card ကိုသုံးစွဲခြင်းဖြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူနိုင်ပါသည်။ ၎င်းတွင် နိုင်ငံခြားငွေသုံးမျိုး (SGD, USD, EURO) ထည့်သွင်းအသုံးပြုနိုင်ပါသည်။ အများဆုံး USD 5,000 သို့မဟုတ် USD 5,000 နှင့်ညီမျှသောငွေကြေးပမာဏကိုထည့်သွင်းအသုံးပြုနိုင်ပါသည်။
မိမိထည့်သွင်းထားသောငွေပမာဏအတိုင်းလက်ကျန်ငွေချန်ထားရန် မလိုအပ်ပဲ ဝယ်ယူပေးချေနိုင်ပါသည်။ MAB VISA Prepaid Card ကိုသုံးစွဲခြင်းဖြင့် နိုင်ငံတကာတွင် စျေးဝယ်ယူနိုင်ခြင်း၊ Online Shopping အတွေ့အကြုံသစ်များ နှင့် VISA မှ ပေးသောအထူးအခွင့်အရေးများကိုလည်းခံစားရရှိနိုင်ပါသည်။ ထို့ကြောင့် မြန်မာ့ရှေ့ဆောင်ဘဏ်ဧ။် နိုင်ငံတကာခရီးသွားကတ်သည် ခရီးရှည်အတွက် သာမကခရီးတိုသွားလိုသောအခါတွင်လည်းသင့်အတွက် အကောင်းဆုံးအဖော်ပင်ဖြစ်သည်။
_ မကြာမှီ မြန်မာ့ရှေ့ဆောင်ဘဏ်၏ Inernert Banking ကိုအသုံးပြု၍ ငွေဖြည့်သွင်း နိုင်မည်ဖြစ်ပါသည်။
• Worldwide usage. (Estimated 50 million merchants around the world accept the Visa Card.) • Secured by EMV chip. • Online Payment.
1. နီးစပ်ရာဘဏ်ခွဲသို့သွားပါ။
2. လျှောက်လွှာကိုဖြည့်ပါ။
3. လိုအပ်မည့်စာရွက်စာတမ်းများကို ဖတ်ရှုလေ့လာပြင်ဆင်ပါ။
မှတ်ပုံတင်မိတ္တူ (ရှေ့၊ နောက်) (သို့မဟုတ်) ပတ်စပို့မိတ္တူ (နှင့်အတူ) email account ရှိရန်လိုအပ်ပါသည်။
(Customer များသည်ဘဏ်ကိုကတ်လာရောက်လျှောက်ထားရာတွင်မူရင်းမှတ်ပုံတင် (သို့မဟုတ်) မူရင်းပတ်စပို့ ယူဆောင်လာရန်လိုအပ်ပါသည်။)
4. ရန်ကုန်မြို့ရှိဘဏ်ခွဲများတွင်ကတ်လျှောက်ထားသော Customer များသည်ကတ်ပေါ်တွင် နာမည်ရိုက်နှိပ်လိုပါက ကတ်စတင်လျှောက်ထားချိန်မှစ၍ သုံးရက်စောင့်ဆိုင်းရန် လိုအပ်ပါသည်။
5. နယ်ဘဏ်ခွဲများတွင်ကတ်လျှောက်ထားသော Customer များသည်ကတ်ပေါ်တွင် နာမည်ရိုက်နှိပ်လိုပါက ကတ်စတင်လျှောက်ထားချိန်မှစ၍ တစ်ပတ်စောင့်ဆိုင်းရန်လိုအပ်ပါသည်။
6. ကတ်ပေါ်တွင်နာမည်မရိုက်နှိပ်လိုပါကလျှောက်ထားသောနေ့တွင်ပင်ကတ်ရရှိနိုင်မည်ဖြစ်ပါသည်။
7. ကတ်ရရှိပါက နိုင်ငံသားစီစစ်ရေးကတ် မူရင်းယူဆောင်၍ဘဏ်တွင် လူကိုယ်တိုင်လာရောက်ထုတ်ယူ ရမည်ဖြစ်ပါသည်။
8. ကတ်မှရရှိသော အထူးအခွင့်အရေးများနှင့် အခြားအကြောင်းကြားစာများကို လက်လွတ်မခံရအောင် အီးမေးလ်ကို အမြဲစစ်ပေးရန်လိုအပ်ပါသည်။
contactless payments ဆိုသည်မှာ contactless feature ပါဝင်သောကတ် Contactless function အထောက်အပံ့ပေးမည့် POS terminal တွင် လုံခြုံစိတ်ချ ရသော wireless နည်းပညာ ဖြင့်ငွေပေးချေမှု ဖြစ်ပါသည်။ သင်၏ကတ်ဖြင့် contactless support ပြုလုပ်သည့် device တွင် tap လုပ်ခြင်းဖြင့် ငွေပေးချေမှု ပြုလုပ်နိုင်ပါသည်။
Contactless နှင့် ငွေပေးချေမှု မှာ မြန်ဆန်ခြင်း၊ အဆင်ပြေလွယ်ကူခြင်း၊ လုံခြုံမှုရှိခြင်းနှင့် ခေတ်မီဆန်းသစ်ခြင်း တို့ဖြစ်ပြီး fast food restaurant များ ၊supermarket များ taxi cab များ နှင့် အခြားသော Contactless Support ပြုလုပ်သည့် Merchant terminal များတွင် သုံးစွဲနိုင်ပါသည်။
MAB Visa Prepaid Card အသစ်အား (USD, SGD, Euro) စသည့် currency (၃) မျိုးဖြင့်ငွေဖြည့်သွင်းအသုံးပြုနိုင်ပါသည်။
Visa Prepaid Card အသစ်၏လက်ကျန်ငွေအားနီးစပ်ရာ MAB ATM စက်တွင်လက်ကျန်ငွေ စစ်ဆေးနိုင်ပြီး MAB i-banking မှလည်းကိုယ်တိုင်ဝင်ရောက် စစ်ဆေးနိုင်ပါသည်။
Scenario (1)
Wallet သုံးမျိုးစလုံးဖွင့်ထားသည်။ (USD, SGD, Euro) အကယ်၍ customer ၏ Visa Prepaid ကတ်တွင် multi currency (USD, SGD, Euro) Wallet သုံးမျိုးစလုံး ဖွင့်ထားပြီး ငွေပေးချေမည့် transaction currency သည် USD ဖြစ်ပါက card holder ၏ USD wallet သို့စစ်ဆေးပြီး ငွေလုံလောက်မှုရှိပါက transaction အောင်မြင်မည်ဖြစ်ပါသည်။ အကယ်၍ USD wallet တွင် ငွေလုံလောက်မှု မရှိပါက ၊အခြား wallet နှစ်ခုတွင်ငွေလုံလောက်မှုရှိသော်လည်း transaction မအောင်မြင်ပဲ reject ဖြစ်ပါမည်။
သို့ပါ၍ Cardholder အနေဖြင့်မိမိသွားရောက်မည့်နိုင်ငံ၊ ပေးချေမည့် transaction currency အရသက်ဆိုင်ရာ wallet အတွင်းငွေအလုံအလောက်ဖြည့်တင်းထားရှိရပါမည်။
ဥပမာအားဖြင့်
USA မှာရှိနေသည့်အချိန် USD currency ဖြင့် ငွေပေးချေပါက ၎င်း transaction အတွက် USD Wallet ၌ငွေလုံ လောက်မှုရှိလျှင် transaction အောင်မြင်မည်ဖြစ်သည်။ အကယ်၍ USD Wallet ၌ ငွေလုံလောက်မှုမရှိပါက၊အခြား SGD, EUR Wallet ထဲတွင်ငွေလုံလောက်မှုရှိပါသော်လည်း၎င်း transaction အောင်မြင်မည်မဟုတ်ပါ။ Singapore မှာရှိနေသည့်အချိန် SGD currency ဖြင့် ငွေပေးချေပါက၎င်း transaction အတွက် SGD Wallet ၌ ငွေလုံလောက်မှုရှိလျှင် transaction အောင်မြင်မည်ဖြစ်သည်။ အကယ်၍ SGD Wallet ၌ ငွေလုံလောက်မှုမရှိပါက ၊ အခြား USD,EUR Wallet ထဲတွင်ငွေလုံလောက်မှုရှိပါသော်လည်း၎င်း transaction အောင်မြင်မည်မဟုတ်ပါ။ Eurpoe မှာရှိနေသည့်အချိန် EUR currency ဖြင့် ငွေပေးချေပါက ၎င်း transaction အတွက် EUR Wallet ၌ငွေလုံလောက်မှုရှိလျှင် transaction အောင်မြင်မည်ဖြစ်သည်။အကယ်၍ EUR Wallet ၌ ငွေလုံလောက်မှုမရှိပါက ၊ အခြား USD,SGD Wallet ထဲတွင်ငွေလုံလောက်မှုရှိပါသော်လည်း၎င်း transaction အောင်မြင်မည်မဟုတ်ပါ။
Scenario (2) Wallet နှစ်မျိုးဖွင့်ထားသည်။ 1. SGD wallet နှင့် USD walletနှစ်မျိုးကိုင်ဆောင်သူ 2. EUR wallet နှင့် USD walletနှစ်မျိုးကိုင်ဆောင်သူ 3. SGD wallet နှင့် EUR wallet နှစ်မျိုးကိုင်ဆောင်သူ
(၁) SGD နှင့် USD wallet နှစ်မျိုးကိုင်ဆောင်ထားသူအနေဖြင့် Singapore သို့သွားရောက်မည်ဆိုပါက SGD walletထဲမှ transaction လုပ်ဆောင်မည်ဖြစ်သည်။ SGD wallet တွင်ငွေလုံလောက်မှုရှိလျှင် transaction အောင်မြင်မည်ဖြစ်သည်။ အကယ်၍ SGD Wallet ၌ ငွေလုံလောက်မှုမရှိပါက ၊ USD Wallet ထဲတွင်ငွေလုံလောက်မှုရှိပါသော်လည်းtransactionအောင်မြင် မည်မဟုတ်ပါ။ USA နှင့် အခြား third currencies (ie Baht, Peso, Dong, JPY) အသုံးပြုသောနိုင်ငံများသို့သွားရောက်မည်ဆိုပါက USD wallet ထဲမှ transaction လုပ်ဆောင်မည်ဖြစ်သည်။ ၎င်းအခြေအနေတွင်USD wallet တွင်ငွေလုံလောက်မှုရှိလျှင် transaction အောင်မြင်မည်ဖြစ်သည်။ အကယ်၍ USD Wallet ၌ ငွေလုံလောက်မှုမရှိပါက၊ SGD Wallet ထဲတွင်ငွေလုံလောက်မှုရှိသော်လည်းtransaction အောင်မြင်မည်မဟုတ်ပါ။
(၂) EUR နှင့် USD wallet နှစ်မျိုးစလုံးကိုင်ဆောင်ထားသူအနေဖြင့် Europe သို့သွားရောက်မည်ဆိုပါက EUR walletထဲမှ transaction လုပ်ဆောင်မည်ဖြစ်သည်။ EUR wallet တွင်ငွေလုံလောက်မှုရှိလျှင် transaction အောင်မြင်မည်ဖြစ်သည်။ အကယ်၍ EUR Wallet ၌ ငွေလုံလောက်မှုမရှိပါက၊ USD Wallet ထဲတွင်ငွေလုံလောက်မှုရှိပါသော်လည်း transaction အောင်မြင်မည်မဟုတ်ပါ။ USA နှင့် အခြား third currencies (ie Baht, Peso, Dong, JPY) အသုံးပြုသောနိုင်ငံများသို့သွားရောက်မည်ဆိုပါက USD wallet ထဲမှ transaction လုပ်ဆောင်မည်ဖြစ်သည်။ ၎င်းအခြေအနေတွင်USD wallet တွင်ငွေလုံလောက်မှုရှိလျှင် transaction အောင်မြင်မည်ဖြစ်သည်။ အကယ်၍ USD Wallet ၌ ငွေလုံလောက်မှုမရှိ ပါက၊ EUR Wallet ထဲတွင်ငွေလုံလောက်မှုရှိပါသော်လည်းtransaction အောင်မြင်မည်မဟုတ်ပါ။
(၃) SGD နှင့် EUR wallet နှစ်မျိုးကိုင်ဆောင်ထားသူအနေဖြင့် Singapore သို့သွားရောက်မည်ဆိုပါက SGD wallet ထဲမှtransaction လုပ်ဆောင်မည်ဖြစ်သည်။ SGD wallet တွင်ငွေလုံလောက်မှုရှိလျှင်transaction အောင်မြင်မည်ဖြစ်သည်။အကယ်၍ SGD Wallet ၌ ငွေလုံလောက်မှုမရှိပါက ၊ EUR Wallet ထဲတွင်ငွေလုံလောက်မှုရှိပါသော်လည်း transaction အောင်မြင်မည်မဟုတ်ပါ။
Europe သို့သွားရောက်မည်ဆိုပါက EUR wallet ထဲမှtransaction လုပ်ဆောင်မည်ဖြစ်သည်။ EUR wallet တွင်ငွေလုံလောက်မှုရှိလျှင် transaction အောင်မြင်မည်ဖြစ်သည်။အကယ်၍ EUR Wallet ၌ ငွေလုံလောက်မှုမရှိပါက၊ SGD Wallet ထဲတွင်ငွေလုံလောက်မှုရှိပါသော်လည်း transaction အောင်မြင်မည်မဟုတ်ပါ။ USA (သို့မဟုတ်) အခြား thirdcurrencies (ie Baht, Peso, Dong, JPY) အသုံးပြုသော နိုင်ငံများသို့သွားရောက်မည်ဆိုပါက အရင်ဆုံးဖွင့်ထားသော currency မှtransaction လုပ်ဆောင်မည်ဖြစ်သည်။ ဥပမာ ထို wallet နှစ်ခုတွင် SGD wallet အားအရင်ဖွင့်ထားပါက၎င်းမှtransactionလုပ်ဆောင်မည်ဖြစ်သည်။ SGD wallet တွင်ငွေလုံလောက်မှုရှိလျှင်transaction အောင်မြင်မည်ဖြစ်သည်။အကယ်၍ SGD Wallet ၌ ငွေလုံလောက်မှုမရှိပါက ၊ EUR Wallet ထဲတွင်ငွေလုံလောက်မှု ရှိပါသော်လည်း transaction အောင်မြင်မည်မဟုတ်ပါ။
Scenario (3) Wallet တစ်မျိုးတည်းသာဖွင့်ထားသည်။ USD (သို့မဟုတ်) SGD (သို့မဟုတ်) Euro မိမိကြိုက်နှစ်သက်ရာ အထက်ဖော်ပြပါ wallet တစ်ခုခုအားဖွင့်ထားပြီး မည်သည့်နိုင်ငံတွင်မဆိုအသုံးပြုနိုင်သည်။အကယ်၍ Wallet ထဲ၌ငွေလုံလောက်မှုမရှိပါက transaction အောင်မြင်မည်မဟုတ်ပါ။
မှတ်ချက် ။ ။ MAB I-Banking မရှိသော Cardholder များမှာ Transaction ကြည့်ရှုရန်ဘဏ်သို့လျှောက်ထားရမည်။
MAB Prepaid Card ၏ transaction ကြည့်ရှုစစ်ဆေးခြင်း ၊ card lock လုပ်ဆောင်ချက်စသည်တို့ကို MAB i-banking တွင်ဆောင်ရွက်နိုင်ပါသည်။
MAB Prepaid Card အားလူကြီးမင်းတို့ကြိုက်နှစ်သက်ရာမြန်မာ့ရှေ့ဆောင် ဘဏ်ခွဲတိုင်းတွင် လျှောက်ထားရရှိနိုင်ပါသည်။
Visa Prepaid ကတ်အားစတင်ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ကတ်အား မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲတွင် Activate ပြုလုပ် ၍စတင်အသုံးပြုနိုင်ပါသည်။
MAB Prepaid Card အားစတင်အသုံးမပြုမီ နီးစပ်ရာဘဏ်ခွဲတွင် activate လုပ်ဆောင်ရန် လိုအပ်ပါသည်။
MAB Prepaid Card အား လာရောက်ထုတ်ယူရာတွင်လူကြီးမင်း၏ မှတ်ပုံတင်ကတ် (မူရင်း) အား ယူဆောင်လာရန် လိုအပ်ပါသည်။
MAB Prepaid Card အတွက် Fees and Charges အပြောင်းအလဲရှိပါသည်။ Fees and Charges အသေးစိတ်အားMAB website တွင်ဖော်ပြပေးထားပါသည်။
Exchange rate မှာ Visa/MasterCard မှသတ်မှတ်ခြင်းဖြစ်ပြီး အပြောင်းအလဲများနှင့် အခြား ဝန်ဆောင်မှုများကို MAB Bank ၏ website (www.mabbank.com) နှင့် Call center ဖုန်း( ၀၁-၈၆၁၀၆၁၂) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
MAB Prepaid Card ဖြင့် နိုင်ငံခြားရှိ POS terminals တွင် သုံးစွဲပါက cross currency markup fees (Forex Fees) နှင့် နိုင်ငံခြားဘဏ်မှ ကောက်ခံမည့် အခြား Charges များရှိပါမည်။ (Forex Fees သည်လည်း Market Rate အတိုင်း အပြောင်းအလဲရှိနိုင်ပါသည်။)
Prepaid ကတ် အဟောင်း ရှိ လက်ကျန်ငွေများကို prepaid ကတ် အသစ် သို့ ၂၀၁၉ခုနှစ် နို၀င်ဘာလ ၃ရက် နေ့ တွင် လွှဲပြောင်းပြီးနှောက် Prepaid ကတ်အဟောင်းမှာ၂၀၁၉ခုနှစ် ၊ အောက်တိုဘာ ၃၁ ရက်နေ့တွင် ရပ်စဲသွားမည် ဖြစ်သည်။ ကတ်အသစ်လဲလှယ်ရန်အတွက် MAB ဘဏ်ခွဲသို့ကြွရောက် လာပါရန်ဖိတ်ခေါ်အပ်ပါသည်။
MAB ဘဏ်၏ Prepaid card Terms and Conditions ဖတ်ရှုရန်။