Call Center(+95) 1 8610612
အကြောင်း

အကြောင်း

အနာဂတ်မျှော်မှန်းချက်

အနာဂတ်မျှော်မှန်းချက်

မြန်မာ့ရှေ့ဆောင်ဘဏ်မှ ငွေရေးကြေးရေးဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို သုံးစွဲသူများအားတစ်ဦးချင်းသာမက စီးပွားရေးအဖွဲ့အစည်းများကိုပါ လိုအပ်ချက်များအလိုက် အချိန်တိုင်းအကောင်းဆုံးဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်ရန် မျှော်မှန်းထားပါသည်။

မြန်မာ့ရှေ့ဆောင်ဘဏ် အကျဉ်းချုပ်

မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်ကို ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးပထမဦးဆုံးဘဏ်ခွဲကို ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ တွင် နေပြည်တော်၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။

မြန်မာပြည်တစ်ဝှမ်းရှိ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများလွယ်ကူချောမွေ့စေရန်လည်းကောင်း ကြီးထွားလာသောသုံးစွဲသူအင်အားထုကို ကြီးမားကျယ်ပြန့်သောဘဏ်ကွန်ရက်ဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် အတွက်လည်းကောင်း ကျွနု်ပ်တို့ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ဘဏ်ခွဲများကိုမှန်မှန် ဖွင့်လှစ်ပေးနေပါသည်။ အရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးဝေခြင်း၊ ယုံကြည်အားထားရသော ဆောင်ရွက်မှုများ၊ သုံးစွဲသူအပေါ်စိတ်ကျေနပ်မှု ပေးနိုင်ခြင်း နှင့် အများပြည်သူများအကြားယုံကြည်မှုခိုင်မာလာသောကြောင့် မြန်မာ့ရှေ့ဆောင်ဘဏ်ဖွင့်လှစ်ပြီးသည်မှစ၍ (သုံးစွဲသူများ) Customers များထံမှ ငွေအပ်နှံမှုပမာဏသည် သိသိသာသာတိုးပွားလာခဲ့သည်။

ရေရည်အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်လာမှုကိုအကျိုးပြုအားပေးရန်နှင့် တိုးပွားလာသောယှဉ်ပြိုင်မှုများရှေ့တွင် ဦးဆောင်ရပ်တည်နိုင်ရန်အတွက် နည်းပညာပိုင်း နှင့် လူ့စွမ်းအားအရင်းအမြစ်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်ရင်းနှီးမြှုပ်နှံထားပါသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်အတွင်း၌ ပြည်တွင်းဘဏ်လုပ်ငန်းနှင့် နိုင်ငံတကာဘဏ်လုပ်ငန်းနယ်ပယ်တွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ပြည်တွင်းပြည်ပမှ ပညာရှင်များစွာ တာဝန်ထမ်းဆောင်လျက်ရှိသည်။
ပြည်တွင်းဘဏ်လုပ်ငန်းအနေဖြင့် သုံးစွဲသူများအတွက် စုံလင်သောအပ်ငွေအမျိုးအစားများ၊ အသေးစား နှင့် အကြီးစားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများ၊ စာရင်းပိုထုတ်ချေးငွေ နှင့် အငှားဝယ်ယူစနစ်၊ Myanmar Payment Union (MPU) မှတစ်ဆင့် ယုံကြည်စိတ်ချရ ၍ ကျယ်ကျယ်ပြန့်ပြန့်ရှိသော ATM နှင့် POS ဝန်ဆောင်မှုများကိုထောက်ပံ့ပေးထားပါသည်။ နိုင်ငံတကာဘဏ်လုပ်ငန်းအနေဖြင့် နိုင်ငံခြားကုန်သွယ် ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ ကမ္ဘာတစ်ဝှမ်းလုံးသို့ ငွေပေးပို့နိုင်သော Western Union ငွေလွှဲလုပ်ငန်းများ၊ နိုင်ငံတကာတွင် ငွေပေးချေနိုင်သော VISA, Master ကဒ်များအစရှိသော ဝန်ဆောင်မှုများအပြင် လက်ဆောင်ချက်လက်မှတ်များ၊ ငွေပေးမိန့်များနှင့် အခြား ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။