Call Center(+95) 1 8610612

Visa Global Customer Assistance Services (GCAS)

VISA GCAS ဆိုသည်မှာ အဘယ်နည်း။

MAB ဘဏ်၏ VISA Classic နှင့် Platinum Credit ကတ် ကိုင်ဆောင်သော အလေးထားရသော လူကြီးမင်းအတွက် ကျွနု်ပ်တို့ MAB ဘဏ်မှ VISA Global Customer Assistance Services (GCAS) ဝန်ဆောင်မှု အစီအစဉ်များကို လုပ်ဆောင်သွား မည်ဖြစ်ပါသည်။
ဒီ အစီအစဉ်သည် MAB ဘဏ်၏ VISA ကတ် ကိုင်ဆောင်သူတိုင်း ခရီးသွားရာတွင် VISA မှ ပေးအပ်သည့် အားထားရသော အရေးပေါ်ဝန်ဆောင်မှု ပေးခြင်းဖြစ်ပါသည်။

အောက်ပါအချက်များအတွက် VISA Global Customer Assistance Services (GCAS) ကို ရယူနိုင်မည်ဖြစ်ပါ သည်။
၁။ ကတ် ပျောက်/ ပျက်တို့အတွက် တိုင်ကြားခြင်း။
၂။ အရေးပေါ် ကတ် အစားထိုးခြင်။
၃။ အရေးပေါ် ငွေသားထုတ်ယူခြင်း။
၄။ စုံစမ်းမေးမြန်းခြင်း။

၁။ ကတ် ပျောက်/ ပျက်တို့အတွက် မည်ကဲ့သို့ တိုင်ကြားနိုင်မည်နည်း။

ကတ် ပျောက်/ ပျက်တို့အတွက် စိတ်ပူစရာမလိုတော့ပါ။ မည်သည့်နိုင်ငံတွင် ရောက်နေသည်ဖြစ်စေ VISA GCAS မှ အောက်ပါအတိုင်း ကူညီသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်းတွင်မူ –

  • နီးစပ်ရာ MAB ဘဏ်ခွဲများသို့ သွားရောက်၍သော် လည်းကောင်း
  • ကတ် ပျောက်/ ပျက်နှင့် ကတ် အစားထိုးခြင်း ဝန်ဆောင်မှုများကို အချိန်မရွေး MAB call center (ဖုန်း ၉၅-၁-၈၆၁၀-၆၁၂)သို့ ဆက်သွယ်၍ ရယူနိုင်ပါသည်။

ပြည်ပတွင်ရောက်ရှိနေပါက-

  • လူကြီးမင်းတို့သွားရောက်မည့် နေရာတွင်ရှိသော VISA GCAS ဝန်ဆောင်မှုများကို ရယူရန် VISA GCAS ၏ ဖုန်းခေါ်ဆိုခ အခမဲ့ဖြစ်သော ဖုန်းနံပါတ်များကို ကြိုတင်မှတ်သားယူရမည် ဖြစ်ပါသည်။
  • VISA ၏ နိုင်ငံတကာတွင်ရှိသော VISA GCAS ဝန်ဆောင်ယူများကို ဖုန်းခေါ်ဆိုခ အခမဲ့ဖြစ်သော ဖုန်းနံပါတ်များသို့ ဆက်သွယ်ခေါ်ယူ၍ ရရှိနိုင်ပါသည်။

ပြည်ပတွင်ရောက်ရှိနေပါက ရောက်ရှိနေသော နိုင်ငံ၏ VISA ဝန်ဆောင်မှု ဖုန်းနံပါတ်ကို အောက်ပါနေရာတွင် ရှာဖွေနိုင်ပါသည်။

Download: Visa GCAS Toll Free Numbers File

၂။ နိုင်ငံခြားတွင်ရောက်ရှိနေပါက အရေးပေါ် ကတ်အစားထိုးခြင်း ဝန်ဆောင်မှုကို မည်ကဲ့သို့ ရယူနိုင်မည်နည်း။

လူကြီးမင်းတို့၏ VISA အကောင့်ဖြင့် visa.com သို့ ဝင်ရောက်ပြီး ကတ် ပျောက်/ ပျက် နေရာကို နှိပ်ပါ။
ဖုန်းခေါ်ဆိုရန် ဖုန်းနံပါတ် (သို့မဟုတ်) MAB ဘဏ်သို့ ပေးသွင်းထားသည့် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ဖြည့်သွင်းပေးရပါမည်။

  • နာမည်
  • နေရပ်လိပ်စာ (မြန်မာ)
  • ဖုန်းနံပါတ် (မြန်မာ)
  • မိခင်နာမည်

ဖော်ပြပါ အချက်အလက်များသည် MAB ဘဏ်တွင်ရှိသော လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များနှင့် ကိုက်ညီရပါမည်။ ထည့်သွင်းထားသော အချက်အလက်များ မှန်ကန်မှု ရှိ မရှိကို VISA မှ စစ်ဆေးမည်ဖြစ်ပါသည်။
အစားထိုး ကတ်သည် အလုပ်လုပ်ရက် ၂ရက်အတွင်း ထုတ်ယူနိုင်မည် ဖြစ်ပါသည်။

၃။ အရေးပေါ်ငွေသားထုတ်ယူခြင်း။

လူကြီးမင်း၏ VISA ကတ် ပျောက်/ ပျက်သွားသောကြောင့် ငွေသားထုတ်ယူရန် အခက်အခဲဖြစ်နေပါက VISA မှ ပေးသော အရေးပေါ် ငွေသားထုတ်ယူမှု ဝန်ဆောင်မှုကို ရယူလိုက်ပါ။
ငွေသားထုတ်ယူနိုင်သည့် ပမာဏသည့် ကတ်ထဲတွင်ရှိသော ပမာဏအတိုင်းနှင့်ကတ်ကိုင်ဆောင်သူသည် good standing account customer ဖြစ်ရန်လိုအပ်ပါသည်။

၄။ စုံစမ်းမေးမြန်းခြင်း။

ခရီးသွားခြင်းနှင့် သက်ဆိုင်သည့် အထွေထွေမေးခွန်းများ (ဥပမာ – ATM စက်များ၏ တည်နေရာ၊ MAB ဘဏ်နှင့် ဆက်သွယ်ခြင်းနှင့် အခြားသော ဝန်ဆောင်မှုများ) ကို မေးမြန်းစုံစမ်းနိုင်ပါသည်။

GCAS ဝန်ဆောင်မှုများအတွက် ဝန်ဆောင်ခပေးသွင်းရမည်နည်း။

Visa Classic Credit Card ကတ် ကိုင်ဆောင်သူတို့သည် GCAS ဝန်ဆောင်ခကို ပေးဆောင်ရမည် ဖြစ်ပါသည်။

  • ကတ် ပျောက်/ ပျက် တိုင်ကြားခြင်း – USD 35.00
  • ငွေသား/ကတ် အစားထိုးခြင်း – USD 175.00
  • စုံစမ်းမေးမြန်းခြင်း – USD 5.00

Visa Platinum Credit Card ကတ် ကိုင်ဆောင်သူတို့သည် ကတ် ပျောက်/ ပျက် တိုင်ကြားခြင်းနှင့် ကတ် အစားထိုးခြင်းတို့အတွက် ဝန်ဆောင်ခ ပေးရန်မလိုအပ်သော်လည်း စုံစမ်းမေးမြန်းခြင်းတို့အတွက် ၅ ဒေါ်လာ ပေးဆောင်ရပါမည်။
အထက်ပါဝန်ဆောင်ခများသည် အချိန်အခါပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။ (T&C Apply)