Let your card speak for you.
MAB MPU-UnionPay Platinum Debit Card is an international co-brand Platinum Debit payment card, with MPU and Union Pay International. It can be used for payment of goods and services (POS), cash withdrawal (ATM) and online payment.
T&C apply, fees and charges are subject to change at MAB Bank”s discretion.
ရည်ရွယ်ချက်ကြီးမားသော လူနေမှုပုံစံဆိုသည်မှာ ရည်ရွယ်ချက်များကို ဖန်တီးယူနိုင်သော လူနေမှုပုံစံ တစ်ခုကို ဆိုလိုပါသည်။ ကျွနု်ပ်တို့ဟာ ကွဲပြားခြားနားမှုများကို ဖန်တီးပြီး အကောင်းဆုံး လူနေမှုပုံစံကို ပုံစံချဖို့ ဘာလို့မဖြစ်ရမလဲ။ MAB MPU-UPI Platinum ကတ်ကို သင့်ရဲ့ ကျန်းမာရေးနှင့် ခရီးသွားခြင်း လိုအပ်ချက်များအတွက် အားထားနိုင်သော အရာတစ်ခုအဖြစ် ယုံကြည်အားထားလိုက်ပါ။ စိတ်ဝင်စားဖွယ်ကောင်းပြီး ရည်ရွယ်ချက် ကြီးမားစွာသော လူနေမှုပုံစံကို ကျွနု်ပ်တို့နှင့်အတူ ဖန်တီးယူကြရအောင်။
For Platinum Cardholder Call Services: +662 205 7748
၁။ နီးစပ်ရာဘဏ်ခွဲများသို့သွားရောက်၍လျှောက်လွှာ Form ရယူပါ။
၂။ Form အားဖြည့်စွက်ပါ။
၃။လိုအပ်သောစာရွက်စာတမ်းများယူဆောင်၍ MAB ၏ဘဏ်ခွဲများသို့လူကိုယ်တိုင်လာလျှောက်ထားပါ။
၄။ အတည်ပြုရန်ရုံးဖွင့်ရက် ၅ရက်မှ ၁၀ ရက်အထိကြာမြှင့်နိုင်ပါသည်။
၅။ ကတ်အားထုတ်ယူနိုင်မည့်အချိန်အားဘဏ်မှအကြောင်းကြားပါမည်။
၆။ ကတ်အားဘဏ်၌လူကိုယ်တိုင်လာရောက်ထုတ်ယူရပါမည်။
၇။ ကတ်၏အကျိုးခံစားခွင့်များ၊ပရိုမိိုးရှင်းများ၊ ငွေပေးဆောင်ရန် နေ့ရက် များနှင့်အခြားလိုအ လက်မလွတ်ရစေရန် ကျေးဇူးပြု၍ Email အားပုံမှန်စစ်ဆေးရန်မမေ့ပါနှင့်။
MPU-UnionPay Platinum Debit card (Co-Branded Card) ကို အသက် (၁၈) နှစ်နှင့်အထက်မည်သူမဆို MAB ဘဏ်ခွဲတိုင်းတွင်လျှောက်ထားနိုင်ပါသည်။
သတ်မှတ်စာရွက်စာတမ်းများဖြင့်ပြည့်စုံသောလျှောက်လွှာတင်ပြီးလျှင်ကတ်ရရှိရန်ရုံးဖွင့်ရက် (၅) ရက်ခန့်ကြာမြှင့်နိုင်ပါသည်။
Card ကို activate ပြုလုပ်ရန်နည်းလမ်းနှစ်ခုရှိပါသည်။
(က) MAB ဘဏ် customer Service Ph no. (+951 8610612)သို့ ဆက်သွယ်၍Card ကိုactivateပြုလုပ်နိုင်သည်။
(ကတ်လုံခြုံမှုအတွက် ရည်ရွယ်၍မေးခွန်းအနည်းငယ်မေးမြန်းမည်ဖြစ်ပါသည်။) (ခ) MAB ဘဏ်ခွဲတိုင်းတွင်ကတ်ကို activate ပြုလုပ်နိုင်ပါသည်။
MAB MPU-UnionPay Platinum Debit Card အား avtivation ပြုလုပ်ပြီးလျှင်ချက်ချင်းစတင်အသုံးပြုနိုင် ပါသည်။
Pin No. အား MAB ဘဏ်ခွဲတိုင်းတွင် (သို့) MAB ATM စက်များတွင်ပြောင်းလဲနိုင်ပါသည်။
Pin No. အားမေ့လျော့ခဲ့သည််ရှိသော်နီးစပ်ရာ MAB ဘဏ်ခွဲတွင် သတ်မှတ်ထားသော form အားဖြည့်စွက်၍ Pin No.အသစ်ပြန်လည်ရယူနိုင်ပါသည်။
ကတ်ကိုင်ဆောင်သူမှ ကတ်၏ အသုံးစားရင်းနှင့် လက်ကျန်ငွေအား တစ်နှစ်တာကာလပတ်လုံး ၂၄ နာရီ ပိတ်ရက်မရှိMAB i-Banking တွင်ဝင်ရောက် ၍ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။
Card အားတရားမဝင်သုံးစွဲခြင်းမှကာကွယ်ရန်Cardနှင့်PinNo.လုံခြုံရေးအားအမြဲဂရုစိုက်ရမည်။ Cardအားလုံခြုံသည့်နေရာတွင်ထားရှိ၍ မိမိ Card No. နှင့် Pin No. အသေးစိတ် တို့အားအခြားမည်သူကိုမျှအသိပေးခြင်းမပြုရပါ။
MAB MPU-UPI Platinum Debit Card ပျောက်ဆုံး(သို့) ပျက်စီးခဲ့ပါက ကတ်ကိုင်ဆောင်သူသည် www.mabbank.com သို့ ဝင်ရောက်၍ Internet Banking ဖြင့်ကတ်အားကိုယ်တိုင်ပိတ်ခြင်းဖြင့်လည်းကောင်း၊ MAB customer service နံပါတ် (+951 8610612) သို့ဆက်သွယ်ခြင်း (သို့) နီးစပ်ရာ MAB ဘဏ်ခွဲသို့ ဆက်သွယ်၍အသိ ပေးရမည်။ MAB ဘဏ်မှ Card ချက်ချင်းပိတ််၍ Card transactions များအားရပ်တန့်လိုက်မည်ဖြစ်သည်။ MAB ဘဏ်မှ ကတ်ကိုင်ဆောင်သူသို့ အစားထိုး ကတ်အား ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး၊ကတ်အစားထိုး ဝန်ဆောင်ခအား terms and conditions တွင်ဖော်ပြထားချက်အရကောက်ခံမည်ဖြစ်သည်။
အရေးပေါ်အကူအညီကိုအချိန်မရွေး၊နေရာမရွေး၊မည်သည့်ဘာသာစကားနှင့်မဆိုရယူနိုင်ပါသည်။ UPIGlobel၏ဝန်ဆောင်မူများမှာကတ်ပျောက်၊ ကတ်ခိုးယူခံရခြင်း၊ အရေးပေါ်ကတ်အစားထိုးမှုလုပ်ဆောင်ပေးခြင်း ATMများ၏နေရာများကိုရှာဖွေပေးခြင်း အစရှိသည်များကိုသီတင်း ပို့ပေးခြင်းအားဖြင့်အကူအညီပေးပါသည်။
မလုံလောက်သည့်ငွေပမာဏ(သို့)အခြားသောအကြောင်းအရာများကြောင့်ငွေထုတ်ယူမှုမရခြင်းဖြစ်နိုင်ပါသည်။ သင်၏လက်ကျန်ငွေပမာဏအား MAB Internet Banking မှတစ်ဆင့်ဝင်ရောက်စစ်ဆေး နိုင်ပြီး တစ်နည်းအား ဖြင့်ဤ အကြောင်း အရာနှင့်ပတ်သက်၍ Customer Helpdesk အားဆက်သွယ် မေးမြန်းနိုင်ပါသည်။
MAB ၏မည်သည့်ဘဏ်ခွဲကိုမဆို ဆက်သွယ်ခေါ်ဆို၍ကတ်အသုံးပြုမှုရပ်ဆဲ၍ရနိုင်ပါသည်။
MPU-UnionPay Platinum Debit Card သည်လည်း Prepaid or Credit ကတ်ကဲ့သို့ပင် အောက် ဖော်ပြပါ ကိစ္စရပ်များအားအသုံးပြုနိုင်သည်။ (၁) မြန်မာပြည်တွင်း၌သာမကပြည်ပနိုင်ငံများရှိကုန်ပစ္စည်းဆိုင်ကြီးများတွင်ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှု များအားငွေပေးချေနိုင်ခြင်း (၂) ATMများမှငွေသားထုတ်ယူနိုင်ခြင်း (၃)တစ်နှစ်တာ၂၄နာရီကာလပတ်လုံးonlineတွင်စျေးဝယ်မှုပြုလုပ်နိုင်ခြင်း။
ကတ်၏သက်တမ်းမှာ၅နှစ်သာဖြစ်သည်။သက်တမ်းပြည်သည်နှင့်တပြိုင်နက်ကတ်အားအသုံးပြု၍ရတော့မည်မဟုတ်ပါ။ ကတ်ကိုင်ဆောင်သူများအနေဖြင့်လက်ရှိကတ်ကုန်ဆုံးရက်၏၂လကြိုတင်၍အစားထိုးကတ်အားလျှောက်ထားပေးမည်ဖြစ်သည်။
MAB MPU-Union Pay Platinum Debit Card ကို နိုင်ငံတကာတွင် အဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်ရန်အတွက် Myanmar Payment Union နှင့် Union Pay International တို့ဖြင့်ပါ ပေါင်းချိတ်ထားသောCo-brand ကတ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် MPU network အတွင်းအသုံးပြုနိုင်ပြီး ပြည်ပနိုင်ငံများတွင်Union Pay နိုင်ငံတကာကွန်ယက်အဖြစ်အသုံးပြုနိုင်ပါသည်။
ဘဏ်၏ ဘဏ်ခွဲတိုင်းတွင် လျှောက်ယူနိုင်ပါသည်။
မြန်မာကျပ် တစ်မျိုးတည်းသာ အသုံးပြုနိုင်ပါသည်။
Union Pay Quick pass ဆိုသည်မှာUnion Payမှထုတ်ထားသောcontactless chip payment product ဖြစ်ပါသည်။ ကတ်ကိုင်ဆောင်သူများအနေဖြင့်ပေးချေရမည့် payment terminal များတွင် quick pass logo ပါရှိသောUnion Payကတ်ဖြင့် waived ရုံဖြင့် payment ကိုပြုလုပ်နိုင်ပါသည်။
www.unionpayintl.com ဝင်ရောက် ကြည့်ရှုခြင်းဖြင့်သော်လည်းကောင်း (or) မိုဘိုင်းဖုန်း Union Pay International Application ကို ဒေါင်းလုတ်ပြုလုပ်ခြင်းဖြင့် ကြည့်ရှုနိုင်ပါသည်။
ကတ်လျှောက်ထားသူသည် အသက်(၁၈) နှစ် ပြည့်ပြီးသူဖြစ်ရမည်။
ATM, POS နှင့် Ecommerce များတွင် အသုံးပြုရန်အတွက် လုံခြုံရေးဆိုင်ရာ ကိုယ်ပိုင်လျှို့ဝှက် နံပါတ်ဖြစ်ပါသည်။
ပြည်တွင်း၌သာမကပြည်ပရှိ POS စက်များတပ်ဆင်ထားသောနေရာများ၊ MPU အမှတ်တံဆိပ်(သို့) UnionPay အမှတ်တံဆိပ်ပါရှိသော ATM စက်များတွင်အသုံးပြုနိင်ပါသည်။
၅နှစ်ပြည့်လျှင်သက်တမ်းကုန်ဆုံးပါမည်။ ကတ် သက်တမ်းကုန်ဆုံးသွားပါကကတ်ကို ဆက်လက် အသုံးမပြုနိုင်ပါ။
MAB MPU-UnionPay Platinum Debit Card ကို နိုင်ငံတကာတွင်ရှိသော POS စက်များ နှင့် E- commerce များတွင် တစ်နေ့လျှင် ကျပ် (၂၅) သိန်း သုံးစွဲနိုင်ပါသည်။
MAB MPU-UnionPay Platinum Debit Card သည် ငွေစုအကောင့် (သို့မဟုတ်) စာရင်းရှင်အပ်ငွေအကောင့်တို့ဖြင့် ချိတ်ဆက်ထားပါသည်။ ကတ်ဖြင့် သုံးငွေ စုစုပေါင်းသည် ငွေစုအကောင့် (သို့မဟုတ်) စာရင်းရှင်အပ်ငွေအကောင့်မှ ဖြတ်တောက်မည် ဖြစ်ပါသည်။ အင်တာနက်တွင် ငွေပေးချေမှုများ၊ ATM နှင့် POS စက်တပ်ဆင်ထားသောနေရာများတွင် အသုံးပြုနိုင်ပါသည်။
E-commerce ဝယ်ယူမှုများနှင့် အခြား အွန်လိုင်းစျေးဝယ်ယူမှုများအတွက် MAB MPU-UnionPay Platinum Debit Card ကို အသုံးပြုနိုင်ပါသည်။
MAB i-banking ကို အသုံးပြု၍ ငွေစာရင်းရှင်းတမ်းကို ရယူနိုင်ပါသည်။
Debit Card သည် ငွေစုအကောင့် (သို့မဟုတ်) စာရင်းရှင်အပ်ငွေအကောင့်တို့ဖြင့် ချိတ်ဆက်ထားသော ကတ်ဖြစ်ပြီး Prepaid Cardသည် ထိုကဲ့သို့ ချိတ်ဆက်မှုမရှိဘဲ ကြိုတင်ငွေကို ထည့်သွင်း၍ အသုံးပြုရသော ကတ်ဖြစ်ပါသည်။
Microchip ကို အသုံးပြုထားပြီး အချက်အလက်များကို သိမ်းပေးသော EMV Chip Card (သို့မဟုတ်) Smart Chip Card ကို ဆိုလိုပါသည်။ ကတ်တွင် ပါရှိသော microchip သည် သင်၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံစိတ်ချစွာ သိမ်းပေးသည့်အတွက် သုံးစွဲသူတို့သည် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။
MAB MPU-UnionPay Platinum Debit Card ကို အသုံးပြုရန် PIN နံပါတ် အသစ်လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင်ရှိ သောမည်သည့် POS တွင်မဆိုအသုံးပြုနိုင်ရန် PIN နံပါတ်ကိုရိုက်ထည့်ရပါမည်။ ပြည်ပနိုင်ငံများတွင်မူPIN ကိုရိုက်ထည့်ရန်မလိုပါ။
ပြည်ပနိုင်ငံများ၏ ငွေကြေးလဲလှယ်နှုန်းထားသည် သက်ဆိုင်ရာနိုင်ငံပေါ်တွင် မူတည်ပါသည်။ ငွေကြေးလဲလှယ်နှုန်းခသည် UnionPay မှ သတ်မှတ်ထားသော မြန်မာကျပ် နှင့် ဒေါ်လာစျေးနှုန်းတို့ကို အသုံးပြု၍ ၎င်းတို့ဖြင့် ကိုက်ညီသည့် ငွေကြေးလဲလှယ်နှုန်းခကို ယူမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ငွေကြေးလဲလှယ်နှုန်းခသည် မြန်မာငွေကျပ် (သို့မဟုတ်) ဒေါ်လာ မည်သည်ကို လက်ခံသည့်အပေါ်တွင် မူတည်ပါသည်။ ဒေါ်လာငွေကို အသုံးပြုပါက UnionPay မှ သတ်မှတ်ထားသော မြန်မာကျပ်နှုန်းနှင့် ကိုက်ညီသည့် ငွေကြေးလဲလှယ်နှုန်းခကို ယူမည်ဖြစ်ပါသည်။
UnionPay Platinum Debit Card သည် UnionPay မှ မြန်မာနိုင်ငံတွင် ပထမဆုံးထုတ်လုပ်သော Debit Card ဖြစ်ပါသည်။ Platinum Debit Card ကိုင်ဆောင်သူတို့သည် MAB မှ ပေးသော အထူးအခွင့်အရေးများကိုသာမက Union Pay မှ ပေးသော အထူးအခွင့်အရေးများကိုပါ ရနိုင်မည်ဖြစ်ပါသည်။ ယခုလက်ရှိ MAB မှ ပေးသော အထူးအခွင့်အရေးများမှာ အကောင့်ကို အခမဲ့ ဖွင့်ပေးခြင်း၊ စားသောက်ဆိုင် အထူးလျှော့စျေးများကို Fuji Coffee House၊ Signature Fine Diningနှင့် The Garden Bistro၊ Hilton’s Chain of Hotelsနှင့် The Link in Myanmar နှင့် အခြားသောနေရာများတွင်ပါ ရယူနိုင်ပါသည်။ အခြားအချက်အလက်များအတွက် www.mabbank.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MAB ဘဏ်၏ Debit card Terms and Conditions ဖတ်ရှုရန်။