MAB အကြွေးဝယ်ကဒ် ဖြင့် မြန်မာငွေ ၅၀၀ကျပ်သုံးတိုင်း MAB ၁ မှတ် (1 MAB point) ရရှိမည်ဖြစ်ပါသည်။
MAB ရမှတ်တွေကို လဲလှယ်ရန် ရွေးချယ်နိုင်သည့်အမျိုးအစားတွေကတော့ _ (၁) Cash Rebate (ငွေသားအဖြစ် ပြန်လည်လဲလှယ်ယူခြင်း) (၂) E-vouchers (MAB မိတ်ဖက်ကုန်သည်များထံတွင် သွားရောက်ထုတ်ယူနိုင်သော အီလက်ထရောနစ်ဘောက်ချာအဖြစ် ပြန်လည်လဲလှယ်ယူခြင်း) (၃) Instant Rewards : Redeem your points instantly at MAB POS (point of sale) machine to offset your purchases (Available soon)
ထို့ကြောင့် ကျေးဇူးပြု၍ နီးစပ်ရာဘဏ်ခွဲတွေကို သွားရောက်ပြီး MAB အကြွေးဝယ်ကဒ်တွေကို လျှောက်ထားလိုက်ပါ။ သတင်းအချက်အလက်များကိုပိုမိုသိရှိလိုပါက MAB အကြွေးဝယ်ကဒ်ကိုင်ဆောင်သူဖြစ်လာရန်လျှောက်ထားပြီး MAB အကြွေးဝယ်ကဒ်ကိုင်ဆောင်သူအဖွဲ့ဝင် portal (သို့မဟုတ်) ဖော်ပြပါ link အတိုင်းဝင်ကြည့်လိုက်ပါ။ https://rewards.mabbank.com
MAB အကြွေးဝယ်ကဒ်ဆုလာဘ်နှင့်ပတ်သက်၍ မေးခွန်းများနှင့်မကျေနပ်ချက်များရှိပါက ကျေးဇူးပြုပြီး MAB Call Centre အားဖော်ပြပါဖုန်းနံပါတ်မှတဆင့် ဆက်သွယ်နိုင်ပါသည် + ၉၅ ၉ ၈၆၁၀၆၁၂ (သို့မဟုတ်) [email protected] သို့လဲ အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
MAB Cash Rebate ငွေသားပြန်လည်လဲလှယ်ရရှိမည့် အစီအစဉ်ဆိုတာ ဘာလဲ?
MAB Cash Rebate ဆိုသည်မှာ ငွေသားပြန်လည်လဲလှယ်ရရှိမည့် MAB အကြွေးဝယ်ကဒ်ဆုလာဘ်အစီအစဉ်တစ်ခုဖြစ်ပြီး MAB အကြွေးဝယ်ကဒ်ဖြင့် အနည်းဆုံး မြန်မာငွေ ၅၀၀ကျပ် ၁ကြိမ်သုံးတိုင်း MAB ဆုလာဘ်ရမှတ် ၁မှတ်ရရှိမည်ဖြစ်ပြီး အနည်းဆုံး ရမှတ် ၄၀၀၀ ရရှိပြီးသည်နှင့် စတင်လဲလှယ်တောင်းဆိုနိုင်မည်ဖြစ်ပြီး ၃၀၀၀ ကျပ် Cash Rebate ကို သင့် အကြွေးဝယ်ကဒ်ငွေစာရင်းထဲသို့ထည့်ပေးမှာဖြစ်ပါသည်။
Cash Rebate လဲလှယ်ရန်အတွက် အများဆုံး ရမှတ် အရေအတွက်သတ်မှတ်ထားခြင်းမရှိပါ။ Cash Rebate ရရှိရန်အတွက် အွန်လိုင်းမှတဆင့် အကြွေးဝယ်ကဒ်ကိုင်ဆောင်သူများအတွက် ဆုလာဘ်များလဲလှယ်ယူနိုင်မည့် အဖွဲ့ဝင် portal link ဖြစ်သည့် https://rewards.mabbank.com သို့ဝင်ရောက်ပြီး MAB ရမှတ်တွေကိုလဲလှယ်နိုင်ပါသည်။
MAB E-voucher အီလက်ထရောနစ်ဘောက်ချာများ ရရှိမည့် အစီအစဉ်ဆိုတာ ဘာလဲ?
MAB E-voucher ဆိုသည်မှာ အီလက်ထရောနစ်ဘောက်ချာစနစ်ဖြစ်ပြီး MAB အကြွေးဝယ်ကဒ်ကိုင်ဆောင်သူများက MAB မိတ်ဖက်ကုန်သည်များဆီမှာ MAB အီလက်ထရောနစ်ဘောက်ချာကုဒ်နံပါတ်ကို တင်ပြခြင်းဖြင့် MAB ဆုလာဘ်ရမှတ်များကို လဲလှယ်နိုင်မှာဖြစ်ပြီး MAB အကြွေးဝယ်ကဒ်ကိုင်ဆောင်သူများသည် အွန်လိုင်းမှတဆင့် အကြွေးဝယ်ကဒ်ကိုင်ဆောင်သူများအတွက် ဆုလာဘ်များလဲလှယ်ယူနိုင်မည့် အဖွဲ့ဝင် portal link ဖြစ်သည့် https://rewards.mabbank.com သို့ဝင်ရောက်ပြီး MAB ဆုလာဘ်ရမှတ်တွေကို အသုံးပြုနိုင်ရန်လဲလှယ်မှုပြုလုပ်ပြီး မကြာမီအချိန်တွင် MAB အကြွေးဝယ်ကဒ်ကိုင်ဆောင်သူများ၏ မိုဘိုင်းဖုန်း နှင့် အီးမေးလ်သို့ ၎င်း အီလက်ထရောနစ်ဘောက်ချာကုဒ်နံပါတ်ကို ပေးပို့ပေးမှာဖြစ်ပါသည်။
၅၀၀၀ ကျပ်နှင့် ညီမျှသည့် MAB E-voucher ဆုလာဘ်ကို အနည်းဆုံး ၄၀၀၀ ဆုလာဘ်ရမှတ်မှစတင်ပြီး လဲလှယ်တောင်းဆိုယူနိုင်ပါသည်။ MAB E-voucher ကုဒ်နှင့် လဲလှယ်ရန်အတွက် အများဆုံး ရမှတ် အရေအတွက်သတ်မှတ်ထားခြင်းမရှိပါ။
အကယ်၍ သင်သည် ရမှတ်တွေကိုလဲလှယ်ရန် Cash Rebate ကိုရွေးချယ်မည်ဆိုလျှင် _
အကယ်၍ သင်သည် ရမှတ်တွေကိုလဲလှယ်ရန် E-voucher ကိုရွေးချယ်မည်ဆိုလျှင် _
Member Portal User Guide
MAB ရမှတ် ဆိုသည်မှာ MAB အကြွေးဝယ်ကဒ် ကိုင်ဆောင်ထားသူတွေကို အပိုလက်ဆောင် ပေးခြင်းဖြစ်ပါသည်။ MAB အကြွေးဝယ်ကဒ်ဖြင့်သုံးတိုင်း MAB ဆုလာဘ်ရမှတ်များရရှိမှာဖြစ်ပြီး သင်ရရှိသည့် MAB ရမှတ်များကို စိတ်လှုပ်ရှားဖွယ်ရာဆုလာဘ်များနှင့် လဲလှယ်အသုံးပြုနိုင်မှာဖြစ်ပါသည်။
MAB အကြွေးဝယ်ကဒ်သုံးခြင်းဖြင့် သင်သည်အလိုအလျောက် MAB ရမှတ်များကိုရရှိဖို့ အရည်အချင်းပြည့်မီပါသည်။ ဤအစီအစဉ်တွင် MAB အကြွေးဝယ်ကဒ်ကိုင်ဆောင်သူ အဖွဲ့ဝင်အားလုံးပါဝင်ပါသည်။ လစဉ်ပုံမှန် ဘဏ်အားငွေသွင်းနေရခြင်း၊ ATM စက်မှ ငွေထုတ်ခြင်း၊ အကြွေးဝယ်ကဒ်အတွက် နှစ်စဉ် ဘဏ်အားပေးသွင်းရငွေ၊ ဘဏ်ကိုပေးသွင်းရသော အတိုးငွေ၊ အကြွေးဝယ်ကဒ်မှ ငွေပြန်ဆပ်ရာတွင် နောက်ကျကြေး နှင့် အခြားသော ဘဏ်အားပေးသွားရသောငွေများ၊ အစိုးရ၊ လူမှုအကျိုးပြုအဖွဲ့အစည်း၊ ဓါတ်ဆီနှင့် MAB မှဆုံးဖြတ်ပြီး ချန်လှပ်ထားမည်ဖြစ်သော အကြွေးဝယ်ကဒ်ဆုလာဘ်ရမှတ် ရရှိမည်မဟုတ်သောငွေအသုံးပြုမှုများ အားလုံးကို MAB ဆုလာဘ်ရမှတ်များတွက်ချက်ရာတွင် ထည့်သွင်းမည်မဟုတ်ပါ။
MAB အကြွေးဝယ်ကဒ်ဖြင့် ၅၀၀ ကျပ်ဝယ်ယူအသုံးပြုတိုင်း MAB ရမှတ် ၁မှတ် ရရှိမည်ဖြစ်ပါသည်။ MAB ရမှတ်တွေကို အကြွေးဝယ်ကဒ်ဖြင့်နေ့စဉ်အသုံးပြုမှုတန်ဖိုး၏ အကျိုးသက်ရောက်မှုအပေါ်မူတည်ပြီး ရမှတ်တွေကို အနီးစပ်ဆုံး ပို၍နည်းသည့်ကိန်းပြည့်ပေါ်တွင် အခြေခံပြီးတွက်ချက်ပါသည်။
တောင်းပန်ပါသည်။ အကယ်၍ သင်သည် မြန်မာငွေ ၅၀၀ ကျပ်ကိုခွဲသုံးလျှင် MAB ရမှတ် ၁မှတ် ကို မရရှိနိုင်ပါ။
MAB အကြွေးဝယ်ကဒ်ဆုလာဘ်အစီအစဉ် သတ်မှတ်ချက်အရ MAB ရမှတ်တွေကို အကြွေးဝယ်ကဒ်ကိုင်ဆောင်သူ၏ မတူသော အကြွေးဝယ်ကဒ်များမှတဆင့်လည်း ရရှိနိုင်ပါသည်။ ဥပမာ MAB Platinum အကြွေးဝယ်ကဒ်ဖြင့် ရမှတ် ၂၀၀၀ ရရှိထားပြီး MAB Gold အကြွေးဝယ်ကဒ်ဖြင့် ရမှတ် ၂၀၀၀ ရရှိထားပါက ရရှိထားသောရမှတ်များအားလုံးကိုပေါင်း၍ Member Portal တွင် တောင်းဆိုရယူနိုင်ပါသည်။
သင်သည် အကြွေးဝယ်ကဒ်ကိုင်ဆောင်သူများအတွက် ဆုလာဘ်များလဲလှယ်ယူနိုင်မည့် အဖွဲ့ဝင် portal link ဖြစ်သည့် https://rewards.mabbank.com တွင် log in ဝင်ရောက်ပြီး သင်ရရှိပြီးဖြစ်သည့် ရမှတ်များကိုဝင်ရောက်စစ်ဆေးနိုင်ပြီး ရမှတ်များကိုလည်း လဲလှယ်နိုင်ပါသည် (သို့မဟုတ်) MAB Call Center (+၉၅) ၁ ၈၆၁၀၆၁၂ သို့ခေါ်ဆိုမေးမြန်းနိုင်ပါသည်။
MAB ရမှတ်တွေကို လဲလှယ်ရန်သတ်မှတ်ထားသည့် အနိမ့်ဆုံးအခြေအနေသို့ သင်ရောက်ရှိပြီး သင့်ရဲ့ရမှတ် တွေကိုလဲလှယ်ရန် တောင်းဆိုခြင်းဖြစ်စဉ်သည်လည်းအောင်မြင်ပြီးပါက သင်၏ရမှတ်များကို လဲလှယ် အသုံးပြုနိုင်ပြီဖြစ်ပါသည်။ သင်သည် အနည်းဆုံးရမှတ် ၄၀၀၀ ရရှိပြီဆိုပါက ၎င်းနှင့်ညီမျှသည့် ၃၀၀၀ ကျပ်ကို cash rebate (သို့မဟုတ်) ၅၀၀၀ ကျပ် e-voucher ဖြင့်လဲလှယ်အသုံးပြုနိုင်ပါသည်။
Cash Rebate နှင့် E- voucher အတွက် ရမှတ်တွေကိုလဲလှယ်ရန် အနည်းဆုံး MAB ဆုလာဘ်ရမှတ် ၄၀၀၀ လိုအပ်ပါသည်။ အများဆုံး MAB ရမှတ် ဘယ်လောက်ရှိရမည်ဟု သတ်မှတ်ထားခြင်းမရှိပါ။
(၁) Cash Rebate (ငွေသား ပြန်လည်လဲလှယ်အသုံးပြုနိုင်ခြင်း) (၂) E-Voucher (အီလက်ထရောနစ်ဘောက်ချာများ ပြန်လည်လဲလှယ်ပြီး MAB မိတ်ဆက်ကုန်သည်များဆီတွင် အသုံးပြုနိုင်ခြင်း)
MAB Cash Rebate ဆိုသည်မှာ ငွေသားပြန်လည်လဲလှယ်ရရှိမည့် MAB အကြွေးဝယ်ကဒ်ဆုလာဘ်အစီအစဉ်တစ်ခုဖြစ်ပြီး MAB အကြွေးဝယ်ကဒ်ဖြင့် အနည်းဆုံး မြန်မာငွေ ၅၀၀ကျပ် ၁ကြိမ်သုံးတိုင်း MAB ဆုလာဘ်ရမှတ် ၁မှတ်ရရှိမည်ဖြစ်ပြီး အနည်းဆုံး ရမှတ် ၄၀၀၀ ရရှိပြီးသည်နှင့် စတင်လဲလှယ်တောင်းဆိုနိုင်မည်ဖြစ်ပြီး ၃၀၀၀ ကျပ် Cash Rebate ကို သင့် အကြွေးဝယ်ကဒ်ငွေစာရင်းထဲသို့ထည့်ပေးမှာဖြစ်ပါသည်။ Cash Rebate လဲလှယ်ရန်အတွက် အများဆုံး ရမှတ် အရေအတွက်သတ်မှတ်ထားခြင်းမရှိပါ။
Cash Rebate ရရှိရန်အတွက် အွန်လိုင်းမှတဆင့် အကြွေးဝယ်ကဒ်ကိုင်ဆောင်သူများအတွက် ဆုလာဘ်များလဲလှယ်ယူနိုင်မည့် အဖွဲ့ဝင် portal link ဖြစ်သည့် https://rewards.mabbank.com သို့ဝင်ရောက်ပြီး MAB ရမှတ်တွေကိုလဲလှယ်နိုင်ပါသည်။
Cash Rebate လုပ်ငန်းစဉ်တွေပြီးစီးအောင်မြင်ပြီး နောက်(၃)ရက်အကြာမှာ သင့်ရဲ့ အကြွေးဝယ်ကဒ်ငွေစာရင်းထဲတွင် ငွေသားပြန်လည်ရရှိနေမှာဖြစ်ပါသည်။
MAB E-voucher ဆိုသည်မှာ အီလက်ထရောနစ်ဘောက်ချာစနစ်ဖြစ်ပြီး MAB အကြွေးဝယ်ကဒ်ကိုင်ဆောင်သူများက MAB မိတ်ဖက်ကုန်သည်များဆီမှာ MAB အီလက်ထရောနစ်ဘောက်ချာကုဒ်နံပါတ်ကို တင်ပြခြင်းဖြင့် MAB ဆုလာဘ်ရမှတ်များကို လဲလှယ်နိုင်မှာဖြစ်ပြီး MAB အကြွေးဝယ်ကဒ်ကိုင်ဆောင်သူများသည် အွန်လိုင်းမှတဆင့် အကြွေးဝယ်ကဒ်ကိုင်ဆောင်သူများအတွက် ဆုလာဘ်များလဲလှယ်ယူနိုင်မည့် အဖွဲ့ဝင် portal link ဖြစ်သည့် https://rewards.mabbank.com သို့ဝင်ရောက်ပြီး MAB ဆုလာဘ်ရမှတ်တွေကို အသုံးပြုနိုင်ရန်လဲလှယ်မှုပြုလုပ်ပြီး မကြာမီအချိန်တွင် MAB အကြွေးဝယ်ကဒ်ကိုင်ဆောင်သူများ၏ မိုဘိုင်းဖုန်း (သို့မဟုတ်) အီးမေးလ်သို့ ၎င်း အီလက်ထရောနစ်ဘောက်ချာကုဒ်နံပါတ်ကို ပေးပို့ပေးမှာဖြစ်ပါသည်။
သင်သည် အကြွေးဝယ်ကဒ်ကိုင်ဆောင်သူများအတွက် ဆုလာဘ်များလဲလှယ်ယူနိုင်မည့် အဖွဲ့ဝင် portal link ဖြစ်သည့် https://rewards.mabbank.com မှာ e-voucher လဲလှယ်ခြင်းကိုရွေးချယ်ပြီး မကြာမီ အချိန်တွင် သင်၏ မိုဘိုင်းဖုန်း (သို့မဟုတ်) အီးမေးလ်သို့ ၎င်းအီလက်ထရောနစ်ဘောက်ချာကုဒ်နံပါတ်ကို ပေးပို့ပေးမှာဖြစ်ပြီး ၎င်းဆုလာဘ်အီလက်ထရောနစ်ဘောက်ချာကုဒ်နံပါတ်ဖြင့် MAB မိတ်ဖက်ကုန်သည်များဆီမှာ လဲလှယ်အသုံးပြုနိင်မှာ ဖြစ်ပါသည်။
တောင်းပန်ပါသည်။ E-voucher ကိုလဲလှယ်ရန် တောင်းဆိုခြင်းကိုမပြုလုပ် နိုင်ပါ။ E-voucher ရဲ့ သက်တမ်းကုန်ဆုံးရက်ကိုလည်း ထပ်တိုးလို့မရရှိနိုင်ပါ။ E-voucher ကုဒ်နံပါတ်သက်တမ်းသည် ၃လကြာမြင့်မှာ ဖြစ်ပြီး သင်၏ လဲလှယ်အသုံးပြုရန် စတင်တောင်းဆိုသည့်နေ့မှစ၍ ရေတွက်ပါသည်။
E-voucher ဖြင့်ရမှတ်တွေကိုလဲလှယ်ရန်အတည်ပြုပြီးပြီ ဆိုပါက E-voucher ကိုပယ်ဖျက်ခြင်းနှင့် အစားထိုးခြင်းကို လက်မခံပါ။
ဆုလာဘ် E-voucher ကို မည်သည့် MAB မိတ်ဖက်ကုန်သည်တွေမှာမဆိုလဲလှယ်နိုင်ပြီး E-voucher ကိုတစ်ကြိမ် သုံးလျှင်တစ်ခုထက်ပိုပြီး အသုံးပြုနိုင် မပြုနိုင်သည် မိတ်ဖက်ကုန်သည်တွေ၏ terms & conditions ပေါ်မူတည်ပြီး အကြွေးဝယ်ကဒ်ကိုင်ဆောင်သူများအတွက် ဆုလာဘ်များလဲလှယ်ယူနိုင်မည့် အဖွဲ့ဝင် portal link ဖြစ်သည့် https://rewards.mabbank.com တွင်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
အွန်လိုင်းမှ ရမှတ်တွေကိုလဲလှယ်ရန်တောင်းဆိုခြင်းအတွက် Cash Rebate ကို လဲလှယ်ရန် တောင်းဆိုလျှင် အနည်းဆုံး (၃)ရက်ခန့်ကြာနိုင်ပါသည်။ E-voucher ကို လဲလှယ်ရန်တောင်းဆိုမည်ဆိုပါက အွန်လိုင်းမှတဆင့် ရမှတ်များအသုံးပြုနိုင်ရန် လဲလှယ်ပြီး မကြာမီတွင် သင်၏ ဆုလာဘ်အီလက်ထရောနစ်ဘောက်ချာကုဒ်နံပါတ်ဖြင့် မိတ်ဖက်ကုန်သည်တွေဆီမှာ သင် လဲလှယ်အသုံးပြုနိင်ရန်အတွက် သင်၏ မိုဘိုင်းဖုန်း နှင့် အီးမေးလ်သို့ ၎င်းအီလက်ထရောနစ်ဘောက်ချာကုဒ်နံပါတ်ကို ပေးပို့ပေးမှာဖြစ်ပါသည်။
ရမှတ်တွေကို လဲလှယ်အသုံးပြုရန် တောင်းဆိုခြင်းအောင်မြင်သောအခါ အွန်လိုင်းမှအတည်ပြုခြင်းကို လက်ခံရရှိခြင်းနှင့် SMS (သို့မဟုတ်) အီးမေးလ်ကိုလည်းရရှိမည်ဖြစ်ပါသည်။ တောင်းဆိုပြီးသား MAB ရမှတ်အရေအတွက်ကို သင်၏စာရင်းထဲမှချက်ချင်းနှုတ်ယူသွားမည်ဖြစ်ပါသည်။
သင်၏ MAB ဆုလာဘ်ရမှတ်များသည် သုံးလတစ်ကြိမ်ရေတွက်သည့်စနစ်ဖြင့် ၂နှစ်ခန့်အကြာတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။ ပထမအကြိမ်မြောက်သုံးလတစ်ကြိမ်တွင်ရရှိထားသောရမှတ်များသည် သတ္တမမြောက်သုံးလတစ်ကြိမ်ကုန်ဆုံးသည့်အခါတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည် (၂၁လအစတွင်)။ ဥပမာ သင်သည် အကြွေးဝယ်ကဒ်ကို ဇန်နဝါရီလ ၁ရက် ၂၀၁၉ တွင် အသုံးပြုခဲ့မည်ဆိုပါက MAB ဆုလာဘ်ရမှတ်များအား ဇန်နဝါရီလ ၁ရက် ၂၀၁၉ တွင် ရရှိမည်ဖြစ်ပါသည်။ ရရှိထားသောဆုလာ်ရမှတ်များသည် ပထမအကြိမ်မြောက်သုံးလတစ်ကြိမ်တွင် အကျုံးဝင်ပြီး ရရှိထားသောဆုလာဘ်ရမှတ်များသည် တရားဝင်၂နှစ်သက်တမ်းရှိမည်ဖြစ်ပြီး အဌမအကြိမ်မြောက်သုံးလတစ်ကြိမ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။ သက်တမ်းကုန်ဆုံးပြီးသောဆုလာဘ်ရမှတ်များသည် ၂၂လမြောက်တွင် (သို့မဟုတ်) အဌမမြောက်သုံးလတစ်ကြိမ်အစတွင် စတင်၍သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။
အကယ်၍ သင်၏ အကြွေးဝယ်ကဒ်သည် အခိုးခံရလျှင် (သို့မဟုတ်) ပျောက်ဆုံးခဲ့လျှင် MAB အကြွေးဝယ်ကဒ်ဆုလာဘ်အစီအစဉ်က သင့်ရဲ့ ဆုလာဘ်ရမှတ်တွေကို တခြား MAB အကြွေးဝယ်ကဒ်ထဲသို့လွှဲပြောင်းခွင့်ပါသည်။
သင့်ရဲ့ အကြွေးဝယ်ကဒ်ကိုပိတ်လိုက်တဲ့အခါ သင်စုဆောင်းရရှိခဲ့သည့် MAB ရမှတ်တွေဆုံးရှုံးမှာဖြစ် ပါသည်။ သင့်ရဲ့ အကြွေးဝယ်ကဒ် မပိတ်ခင် သင့်ရဲ့ အကြွေးဝယ်ကဒ်ငွေစာရင်းထဲသို့ MAB ရမှတ်တွေကိုမထည့်ခဲ့ရင်တောင် သင်၏ရမှတ်များကို ဆုံးရှုံးမှာဖြစ်ပါသည်။