Call Center(+95) 1 8610612

အသိပေးအကြောင်းကြားခြင်း (MAB Internet Banking User ID အား အသစ်ပြောင်းလဲအသုံးပြုပေးပါရန်။)

MAB Internet Banking အသုံးပြုသူအမည် (User ID) အား အသစ်ပြောင်းလဲ အသုံးပြုပေးပါရန်။

MAB Internet Banking ကို အသုံးပြုရာတွင် ပိုမိုကောင်းမွန်လုံခြုံသောစနစ်ဖြင့် အသုံးပြုနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော လူကြီးမင်းတို့၏ User ID (အသုံးပြုသူအမည်) ကို MAB ၏ သတ်မှတ်မူဝါဒများနှင့်အညီ ပြောင်းလဲ ပြင်ဆင်‌ပေးပါရန် တောင်းဆိုအပ်ပါသည်။

အသုံးပြုသူအမည် (User ID) ကိုယ်တိုင် ပြန်လည်ပြင်ဆင်ရန်လိုအပ်သည့် အသုံးပြုသူများအား MAB မှ ဖုန်းမက်ဆေ့ချ် (SMS) နှင့် အီးမေးလ် (Email) ပေးပို့ခြင်းဖြင့် အကြောင်းကြားထားပြီး ဖြစ်ပါသည်။

MAB မှ အကြောင်းကြားစာရရှိထားသော အသုံးပြုသူများအနေဖြင့် မိမိ User ID ကို

(၁) နီးစပ်ရာဘဏ်ခွဲများသို့ ကိုယ်တိုင်သွားရောက်၍ဖြစ်စေ၊

(၂) ယခုလင့်ခ် မှလိုအပ်သည့်အချက်အလက်များကို ဖြည့်သွင်း၍ဖြစ်စေ အလွယ်တကူ ပြောင်းလဲနိုင်ပါသည်။

အသုံးပြုသူကိုယ်တိုင် User ID ပြောင်းလဲနည်း အဆင့်ဆင့်ကို အောက်ပါပုံတွင် ကြည့်ရှုနိုင်ပါသည်။

အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက MAB Call Center – 01 8610612 သို့ ‌နေ့စဉ် နံနက် (၇) နာရီမှ ည (၁၂)နာရီအတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။