စိတ်ကြိုက်ကျန်းမာရေးအာမခံဝယ်ယူထားခြင်းအားဖြင့် အသေးစားရောဂါများသာမက ပြင်းထန်တဲ့ရောဂါတွေအတွက်ပါ ဆေးကုသမှုကုန်ကျစရိတ် အကာအကွယ်ရနိုင်ပါတယ်။
အာမခံသက်တမ်း အများဆုံး နှစ်ပေါင်း (၂၀) အထိ ဝယ်ယူနိုင်မဲ့ တစ်ခုတည်းသော အာမခံအမျိုးအစားဖြစ်လို့ နှစ်ရှည်ကျန်းမာရေးအတွက် ကြိုတင်စီစဉ်ထားချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ စိတ်ကြိုက်ကျန်းမာရေးအာမခံကို မြန်မာနိုင်ငံသားတွေရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ လိုက်ဖက်အောင်၊ အာမခံအကာအကွယ်ပမာဏကိုလဲ အံဝင်ခွင်ကျဖြစ်အောင် ရေးဆွဲထားတာကြောင့် မမျှော်လင့်ထားတဲ့ ဆေးကုသမှုကုန်ကျစရိတ်တွေနဲ့ ကျန်းမာရေးပြဿနာတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
ဘဝလုံခြုံမှု စုငွေအာမခံထားတာက ငွေစုဆောင်းခြင်း တစ်မျိုးဖြစ်သည့်အတွက် ပုံမှန်ဝင်ငွေရှိပြီး ရေရှည်ငွေစုထား လိုတယ်ဆိုရင် ရွေးချယ်သင့်တဲ့ အာမခံပါပဲ။ ဒီအာမခံက ပေးသွင်းရတဲ့အာမခံကြေးထက် ပိုမိုအကျိုးခံစားခွင့်ရှိသော အသက်အာမခံဖြစ်တာကြောင့် စုငွေကနေတဆင့် ဘဝရဲ့ ရည်မှန်းချက်တွေကိုပါ အကောင်အထည်ဖော်နိုင်မှာပါ။ ဒါ့အပြင် အသက်ဆုံးရှုံးခြင်း ဒါမှမဟုတ် ထာဝစဉ် မသန်မစွမ်းဖြစ်တဲ့အခါမှာလည်း အာမခံထားငွေကို အပြည့်အဝ အမြန်ဆုံး ရရှိမှာဖြစ်ပါတယ်။ ရေရှည်အတွက်အစီအစဉ် ချထားတာဟာ ဘယ်တော့မှမမှားပါဘူး။ ဒါကြောင့်မို့လို့ မိမိဘဝအနာဂတ်အတွက် ကူညီရင်းနှီးမြုပ်နှံပေးမယ့် ဘဝလုံခြုံမှုစုငွေအာမခံပေါ်လစီကို ရွေးချယ်တာဟာလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။
အခုဆိုရင် မိဘတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော မိဘမေတ္တာ ပညာရေးအာမခံ နဲ့ မိမိရင်သွေးတွေရဲ့ အနာဂတ်အတွက် အစီအစဉ်တွေ ချနိုင်ပါပြီ။ ဒီအာမခံက ဝယ်ယူပေးတဲ့ မိခင် (သို့) ဖခင် မမျှော်လင့်ထားသော ဖြစ်ရပ်များကြောင့် အသက်ဆုံးရှုံးခြင်း သို့မဟုတ် ထာဝစဉ် မသန်စွမ်းခြင်း ဖြစ်တဲ့အခါမှာ ကိုယ့်ရင်သွေးရဲ့ ပညာရေးနဲ့ အနာဂတ်ကိုအပြည့်အဝ ကာကွယ်ပေးသွားမှာပါ။
စိတ်ကြိုက်စုငွေ အသက်အာမခံဆိုတာ အာမခံအကျိုးခံစားခွင့်တွေ အပြည့်အဝရရှိနိုင်တဲ့အပြင် ရှင်သန်မှုအကျိုးခံစားခွင့်ကို လိုအပ်ပါက ထုတ်ယူခြင်း၊ ဆန္ဒအလျောက်စုဆောင်းနိုင်ခြင်းနှင့် စုငွေအပေါ်အတိုးခံစားခွင့်ရရှိခြင်းတို့ကို မိမိတို့ နှစ်သက်သလို ရွေးချယ်နိုင်တဲ့ စုငွေအသက်အာမခံပဲ ဖြစ်ပါတယ်။ အာမခံသက်တမ်းစေ့ရောက်သည့်အခါတွင်လည်း နှစ်စေ့အကျိုးခံစားခွင့် ပြန်လည်ထုတ်ယူနိုင်မှာပါ။
စိတ်ကူးထားတဲ့အိမ်ကလေးကို ဝယ်တာ၊ အရေးပေါ်လိုအပ်တဲ့အချိန်မှာသုံးဖို့ ငွေစုဆောင်းထားတာ၊ အလုပ် မလုပ်တော့တဲ့ အချိန်(ပင်စင်ယူတဲ့အချိန်)အတွက် ဘဏ္ဍာရေးဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားတာစတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ကိုယ်နှင့်ကိုယ်ချစ်ရတဲ့သူတွေအတွက် အနာဂတ်မှာ လုံခြုံကြွယ်ဝစေဖို့စိတ်ကြိုက်စုငွေ အသက်အာမခံက အကူအညီ ပေးသွားမှာပါ။