Live your LIVE
ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဝယ်ယူနိုင်ရန်အတွက် အသုံးပြုနိုင်သော အကြွေးကတ်ဖြစ်ပါသည်။ VISA Card ကို လက်ခံသော နိုင်ငံတိုင်း၌ ATM & POS စက်များနှင့် အွန်လိုင်းဈေးဝယ်ခြင်း၊ ငွေချေခြင်းများကို စိတ်ချလွယ်ကူစွာပြုလုပ်နိုင်ပါသည်။
T&C apply, fees and charges are subject to change at MAB Bank”s discretion.
မိသားစုဝင်များ (ဖခင်၊ မိခင်၊ ခင်ပွန်း၊ဇနီး၊ သားသမီး) အတွက် ဆင့်ပွားကတ်ကို လျှောက်ထားလိုပါက အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ။
MAB VISA Credit Card သည်ကမ္ဘာတစ်ဝှမ်းလုံးအသုံးပြု၍ရသောအကြွေးဝယ်ကတ်ဖြစ်ပြီး Visa ကတ်ကိုလက်ခံသော ဆိုင်တိုင်း၌အသုံးအဆောင်ပစ္စည်း၊ ဝန်ဆောင်မှုများကိုရရှိနိုင်ရန် အသုံးပြုနိုင်သောကတ်ဖြစ်သည်။ Visa Logo ပါသော ATM တိုင်း တွင်ငွေသားကြိုတင်ထုတ်ယူသုံးစွဲနိုင်ပြီး မိမိကိုင်ဆောင်သောကတ်အမျိုးအစားအလိုက် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။
MAB VISA Classic Credit Card နှင့် MAB VISA Platinum Credit Card ဟူ၍ (၂)မျိုးရှိပါသည်။
ကတ်လျှောက်ထားသူသည် အသက်(၂၁) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ Classic Card လျှောက်ထားရန်အတွက်အနည်းဆုံးလစာ ဝင်ငွေ ၂၅၀, ၀၀၀ ကျပ် ရရှိရမည်ဖြစ်ပြီး Platinum Card လျှောက်ထားရန်အတွက် အနည်းဆုံးလစာ ဝင်ငွေ ၁,၅၀၀,ဝဝဝ ကျပ် ရှိရမည်ဖြစ်သည်။
ဆင့်ပွားကတ်ဆိုသည်မှာ မူရင်း Credit Card ကိုင်ဆောင်သူ၏မိသားစုဝင်များသုံးစွဲနိုင်သောကတ်ဖြစ်သည်။ မူရင်း ကတ်ကိုင်ဆောင်သူ၏ Credit limit ကို မျှဝေသုံးစွဲရမည်ဖြစ်သည်။
ငွေပေးချေရာတွင်Tap လုပ်ရုံဖြင့် လွယ်ကူလျင်မြန်စွာ ပေးချေနိုင်သောနောက်ဆုံးပေါ်နည်းစနစ်ဖြစ်ပါသည်။
MAB VISA Credit Card ကို သတ်မှတ်ထားသောအချက်အလက်များပြည့်စုံ၍လျှောက်ထားရန်စိတ်ဝင်စားသူမည်သူမဆိုလျှောက်ထားနိုင်ပါသည်။ ကတ်လျှောက်ထားမှု အောင်မြင်မှုနှင့်ချေးငွေပမာဏခွင့်ပြုချက်မှာ ဘဏ်၏ဆုံးဖြတ်ချက်အပေါ်တွင်သာမှုတည်ပါသည်။
ပြည်တွင်း အသုံးပြုသော ငွေကြေးသည် ကတ်အားလက်ခံသော ဆိုင်များအပေါ်တွင် မူတည်ပါသည်။ ၎င်းသည် မြန်မာကျပ်ငွေ (သို့) USD ဖြစ်နိုင်ပါသည်။ အသုံးပြုသော ငွေသားသည် USD ဖြစ်ခဲ့လျှင် VISA International မှ exchange rate အရ တူညီသော မြန်မာငွေကြေးသို့ ပြောင်းလဲပေးမည်ဖြစ်သည်။
ပြည်ပငွေသားအသုံးပြုမှုသည် နိုင်ငံအသီးသီး၏ currency အပေါ်တွင် မူတည်ပါသည်။ VISA International မှ သတ်မှတ်ထားသော exchange rate အရ ငွေသားအသုံးပြုမှုအား မြန်မာကျပ်ငွေသို့ ပြောင်းလဲမည်ဖြစ်သည်။ Cardholder ၏ statement of account တွင် ဖော်ပြထားသော billing currency သည် မြန်မာကျပ်ငွေအမြဲတမ်းဖြစ်မည်။
Credit Limit ဆိုသည်မှာ ဘဏ်တွင်သတ်မှတ်ထားသော အထောက်အထားများကို ပြည်စုံစွာ တင်ပြနိုင်ပါက ဘဏ်မှ သတ်မှတ်ထားသော ငွေပမာဏကို ကြိုတင်သုံးစွဲခွင့်ပြုထားခြင်းကို ဆိုလိုပါသည်။ အများဆုံး credit limit မှာ ၂၅သိန်း ဖြစ်ပါသည်။
MAB VISA Credit Card သည်အချိန်ကာလ (၅) နှစ်ကြာအသုံးပြုနိုင်ပါသည်။
Classic Card သုံးစွဲသူများ
၁၀%အထိ discount ခံစားခွင့်
Platinum Card သုံးစွဲသူများ
MAB VISA Credit card လျှောက်ထားသူတစ်ဦးသည် မိမိ၏ ငွေစာရင်းပမာဏကို ဆင့်ပွားကတ် (၂) ကတ်အထိ လျှောက်ထားနိုင်ပါသည်။
အတိုးကင်းလွတ်ခွင့်ကာလဆိုသည်မှာ ဝယ်ယူသုံးစွဲသောနေ့အပေါ်မူတည်၍ ၁၅ရက်မှ၄၅ရက်အထိရရှိနိုင်ပါသည်။
Full payment ပေးချေမှသာအတိုးကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။
ATM မှထုတ်ယူခြင်းအတွက်စတင်ထုတ်ယူသည့်နေ့ကပင်အတိုးကောက်ခံမည်ဖြစ်ပါသည်။
အတိုးနှုန်းမှာတစ်နှစ်လျှင် ၁၃% ဖြစ်ပါသည်။စတင်ဝယ်ယူသုံးစွဲသောနေ့မှစ၍နေ့စဉ်တွက်ချက်မည်ဖြစ်သည်။ (T&C apply)
Statement Billing date သည်လစဉ်လတိုင်း၂၅ရက်နေ့တွင်ဖြစ်သည်။ ရက်အပြောင်းအလဲများရှိပါက ဘဏ်မှကြိုတင်အကြောင်းကြားသွားမည် ဖြစ်သည်။
Minimum payment (အနည်းဆုံးပေးဆောင်ရမည့်ငွေပမာဏ)(သို့) full payment ကို due date တွင် မပေးဆောင်ပါကလူကြီးမင်းသုံးစွဲထားသော ငွေပမာဏများအပေါ်တွင် လစဉ်အတိုးအပြင် Penalty Fees နှင့် Late Fees ကိုပါ ထပ်ဆောင်း ကောက်ခံမည် ဖြစ်ပါသည်။
Minimum Payment due ဆိုသည်မှာ လူကြီးမင်း၏ သုံးစွဲထားသော ငွေပမာဏကို (Due Date) တွင် ပေးဆပ်ရမည့် ငွေပမာဏ၏ ၁၀% (သို့မဟုတ်) အနည်းဆုံးပမာဏမြန်မာကျပ်-၅,၀၀၀ ကိုပေးချေရမည်ဖြစ်ပါသည်။
Penalty Fees ဆိုသည်မှာ ပေးဆောင်ရမည့်ရက်အတွင်း အပြည့်အဝပြန်လည်မပေးဆောင်ပါက ဒဏ်ကြေး (Penalty Fees) အဖြစ် သတ်မှတ်ကာ ကောက်ယူခြင်းကို ဆိုလိုပါသည်။ လူကြီးမင်း၏ သုံးစွဲထားသော ငွေပမာဏကို (Due Date)တွင် သုံးစွဲထားသော ငွေပမာဏကို အပြည့်မဆပ်ဘဲ Minimum Payment သာ ပေးချေပါက ဘဏ်မှ Penalty Fees ကို ကောက်ခံမည် ဖြစ်ပါသည်။ Penalty Fee ကို ၁% အဖြစ် ကောက်ခံပါမည်။
Late Fees ဆိုသည်မှာ (Due Date) တွင်အနည်းဆုံး ငွေပမာဏ (Minimum Payment) ကို ပြန်လည်မပေးဆောင်ပါကနောက်ကျကြေး (Late Fees)ကိုကောက်ခံပါမည်။ နောက်ကျကြေး မဆောင်ရရန်အတွက် အနည်းဆုံး ငွေပမာဏ (Minimum Payment )ကို ပေးဆောင်ရမည် ဖြစ်ပါသည်။ Late Fees ကို ၂% အဖြစ် ကောက်ခံပါမည်။
ဘဏ်မှကတ်ကိုရရှိပြီးသည်နှင့်MAB ဘဏ်မှသက်ဆိုင်ရာဝန်ထမ်းများမှ ချက်ချင်း ကတ်ကို PIN No. နှင့်အတူ Activate ပြုလုပ်ရန်ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။ Customer သည်မိမိကတ်၏ Pin No. ကို တစ်ခါတည်းပြောင်းသွားရမည်ဖြစ်ပါသည်။
ATM နှင့် POS များတွင် အသုံးပြုရန်အတွက် လုံခြုံရေးဆိုင်ရာဂဏန်း(၆)လုံးပါသောကိုယ်ပိုင်လျှို့ဝှက် နံပါတ်ဖြစ် ပါသည်။
MAB ဘဏ်၏ နီးစပ်ရာဘဏ်ခွဲများနှင့် MAB ၏ ATM စက်များတွင် ကိုယ်တိုင် ပြောင်းလဲနိုင်ပါသည်။
PIN No. အသစ်ကို MAB ၏ နီးစပ်ရာ ဘဏ်ခွဲများတွင် လျှောက်ထားနိုင်ပါသည်။
ငွေပြန်လည်ပေးဆပ်ခြင်းကို
Over Limit Fee ဆိုသည်မှာ လူကြီးမင်းအား ဘဏ်မှ သုံးစွဲခွင့်ပေးသော Credit Limit ထက် ကျော်လွန်သုံးစွဲခြင်းကို ဆိုလိုပါသည်။ ထိုသို့ ကျော်လွန်သုံးစွဲပါက ကျော်လွန်သည့် ငွေပမာဏအပေါ်တွင် ၂% အဖြစ် ဘဏ်မှ ကောက်ခံမည် ဖြစ်ပါသည်။
ဆင့်ပွားကတ်ကိုင်ဆောင်သူမှ ငွေပမာဏကို ပြန်လည်ပေးဆပ်ခြင်းမပြုလျှင် မူရင်းကတ်ကိုင်ဆောင်သူ (Primary Cardholder) တွင် တာဝန်ရှိပါသည်။
MAB VISA Credit Card ပျောက်ဆုံးခြင်း (သို့) အခိုးခံရခြင်းများဖြစ်ပွားပါက ၀၁-၈၆၁၀၆၁၂ သို့ ဦးစွာ အကြောင်းကြားခြင်း (သို့) နီးစပ်ရာဘဏ်ခွဲသို့ သွားရောက် အကြောင်းကြားရမည်။ ထို့အပြင် MAB ibanking သို့ Login ဝင်ရောက်၍လည်းမိမိကိုယ်တိုင် MAB VISA Credit Card အားပိတ်နိုင်ပါသည်။
MAB VISA Credit Card ပျက်စီးခြင်း ဖြစ်ပွားပါက ၀၁-၈၆၁၀၆၁၂ သို့ အကြောင်းကြားခြင်း (သို့) နီးစပ်ရာဘဏ်ခွဲသို့ သွားရောက် အကြောင်းကြား၍ကတ်အသစ်ထုတ်ပေးရန် request ပြုလုပ်နိုင်ပါသည်။
MAB ATM စက်များတွင်အခမဲ့ ၊ပြည်တွင်းရှိ ATM စက်များတွင် (၅ဝဝ) ကျပ်၊ ပြည်ပရှိ ATM စက်များတွင်(၁,ဝဝဝ) ကျပ် ကောက်ခံမည်ဖြစ်ပါသည်။
Minimum Payment ၂,၀၀၀ ကျပ်သာဆပ်၍မရပါ(သို့) အနည်းဆုံးပေးဆောင်ရမည့် Minimum Payment မှာ၅,ဝဝဝကျပ်ဖြစ်ပါသည်။
အတိုးနှုန်းအပြောင်းအလဲများနှင့် အခြား ဝန်ဆောင်မှုများကို MAB Bank ၏ website (www.mabbank.com) နှင့် Call center ဖုန်း( ၀၁-၈၆၁၀၆၁၂) သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
Platinum ကတ် လျှောက်ထားသူအနေဖြင့် ကတ်ရရန်အချိန် တစ်လစောင့်ဆိုင်းရမည်ဖြစ်ပြီး Classic ကတ် လျှောက်ထားသူအနေဖြင့် ကတ်ရရှိရန် အချိန် ၁၄ ရက် စောင့်ဆိုင်းရပါမည်။
MAB ဘဏ်၏ Credit card Terms and Conditions ဖတ်ရှုရန်။