Call Center(+95) 1 8610612
MasterCard

MasterCard

Mastercard-600

မြန်မာ့ရှေ့ဆောင်ဘဏ်၏ နိုင်ငံတကာခရီးသွားကတ်

မြန်မာ့ရှေ့ဆောင်ဘဏ်၏ နိုင်ငံတကာခရီးသွားကတ်သည် MAB တံဆိပ်ပါသော Travel MasterCard ဖြစ်ပါသည်။ Travel MasterCard ကိုသုံးစွဲခြင်းဖြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူနိုင်ပါသည်။ ၄င်းတွင် နိုင်ငံခြားငွေ(USD)ထည့်သွင်းအသုံးပြုနိုင်ပါသည်။ အများဆုံး (USD-5,000) သို့မဟုတ် (USD-5,000) နှင့်ညီမျှသောငွေကြေးပမာဏကိုထည့်သွင်းအသုံးပြုနိုင်ပါသည်။

မိမိထည့်သွင်းထားသောငွေပမာဏအတိုင်းလက်ကျန်ငွေချန် ထားရန် မလိုအပ်ပဲ ဝယ်ယူးပေးချေနို်င်ပါသည်။ MAB Travel MasterCard ကိုသုံးစွဲခြင်းဖြင့် နိုင်ငံတကာတွင်စျေးဝယ်ယူနို်င်ခြင်း၊ Online Shopping အတွေ့အကြုံသစ်များနှင့် MasterCard မှပေးသောအထူးအခွင့်အရေးများကိုလည်းခံစားရရှိနိုင်ပါသည်။ ထို့ကြောင့် မြန်မာ့ရှေ့ဆောင်ဘဏ်၏ နိုင်ငံတကာခရီးသွားကတ်သည် ခရီးရှည်အတွက် သာမကခရီးတိုသွားလိုသောအခါတွင်လည်းသင့်အတွက် အကောင်းဆုံးအဖော်ပင်ဖြစ်သည်။

Way to TOP UP your MAB Master Prepaid Card

  • နီးစပ်ရာ မြန်မာ့ရှေ့ဆောင်ဘဏ် မည်သည့်ဘဏ်ခွဲတွင်မဆိုငွေဖြည့်သွင်းနိုင်ခြင်း။
  • မြန်မာ့ရှေ့ဆောင်ဘဏ်၏ Mobile Banking ဖြင့်ငွေဖြည့်သွင်းနိုင်ခြင်း
  • မြန်မာ့ရှေ့ဆောင်ဘဏ်တွင် Standing instruction form ဖြည့်၍ Saving/Current Account (သို့) Foreign Account များဖြင့်ချိတ်ဆက်ငွေဖြည့်ပေးနိုင်ခြင်း

_ မကြာမှီ မြန်မာ့ရှေ့ဆောင်ဘဏ်၏ Inernert Banking ကိုအသုံးပြု၍ ငွေဖြည့်သွင်းနိုင်မည်ဖြစ်ပါသည်။

Card သုံးစွဲသူများရရှိခံစားနိုင်မည့် အကျိုးကျေးဇူးများ

  • Customer Portal
    မြန်မာ့ရှေဆောင်ဘဏ်မှ Master Prepaid Card Customer များအတွက် 24 နာရီဝန်ဆောင်မှုပေးနိုင်ရန်နှင့် လွယ်ကူမြန်ဆန်စွာဖြင့်ဝင်ရောက် ကြည့်ရှုနိုင်ရန်အတွက် Customer Portal ထားရှိပေးထားခြင်း၊ (လက်ကျန်ငွေစစ်ဆေးနိုင်ခြင်း၊အသုံးစရိတ်များကိုစစ်ဆေးနိုင်ခြင်း၊ ကတ်ပျောက်ပါကLockချနိုင်ခြင်း။)
  • လွယ်ကူစွာငွေသားထုတ်ယူနိုင်ခြင်း
    ကမ္ဘာတစ်ဝှမ်းလုံးရှိ ATM ငွေထုတ်စက်တွင် လက်ငင်းငွေသားကို ပြန်လည်ထုတ်ယူနိုင်ခြင်း
  • စျေးနှုန်းအားသာချက်များ
    လစဉ်ကြေးနှင့် နှစ်စဉ်ကြေးမရှိခြင်း
  • ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုနိုင်ခြင်း
    ကမ္ဘာတစ်ဝှမ်းလုံးရှိ 30 သန်းနှင့် အထက် MasterCard Brand ပါရှိသည့် နေရာများတွင် ငွေပေးချေမှုများလုပ်ဆောင်ခြင်း
  • ဖျော်ဖြေရေးလုပ်ငန်းများ၊ စျေးဝယ်စင်တာများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ဆေးရုံများ၊ ကျောင်းများစသည့်ဖြင့်