Call Center(+95) 1 8610612

personal-banking

Other Services

Other Services

လက်ဆောင်ချက်လက်မှတ်များ

လက်ဆောင်ချက်လက်မှတ်များမှာမင်္ဂလာလက်ဆောင်ချက်လက်မှတ်၊မွေးနေ့လက်ဆောင်ချက်လက်မှတ် ၊အခြားကိစ္စချက်လက်မှတ်များ ဖြစ်၍တစ်စောင်လျှင်ဘဏ်ဝန်ဆောင်ခ (၁,၀၀၀) ကျပ်သာကောက်ခံပါသည်။ မိမိကြိုက်နှစ်သက်ရာအမည်နှင့်ပမာဏအတိုင်းဝယ်ယူနိုင်ပါသည်။ဝယ်ယူထားသောလက်ဆောင် ချက်လက်မှတ် များကို မြန်မာတစ်ပြည်လုံးရှိ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲများတွင် ငွေထုတ်ယူနိုင်ပါသည်။

ဘဏ်အာမခံ

စီးပွားရေးလုပ်ငန်းများဆောင်ရွက်ကြရာတွင် လုပ်ငန်းရှင်များ (သို့)အဖွဲ့အစည်းများအချင်းချင်းငွေရေးကြေးရေးကိစ္စရပ်များတွင် လုံခြုံ စိတ်ချ၍ ယုံကြည်မှုရှိစေရန် ဘဏ်၏ အာမခံချက်များကိုရယူလေ့ရှိပါသည်။ မြန်မာ့ရှေ့ဆောင်ဘဏ် မှလည်းဗဟိုဘဏ်၏ စည်းမျဉ်းများအတိုင်းဘဏ်အာမခံလုပ်ငန်းအတွက် ငွေပမာဏနှင့် အချိန်ပေါ်မူတည်ပြီးကော်မရှင်ခကိုအာမခံအကျိုးသက်ရောက်မှု ရှိစေရန် ကောက်ခံပါသည်။

ငွေလွှဲခြင်း

မြန်မာ့ရှေ့ဆောင် ဘဏ်ခွဲများရှိရာမြို့များသို့ Online စနစ်အသုံးပြု၍ မိနစ်ပိုင်းအတွင်းငွေလွှဲပေးပို့နိုင်ပါသည်။ မြန်မာ့ရှေ့ဆောင်ဘဏ် ဘဏ်ခွဲများမှ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ Shwe Bank၊ A Bank၊ နေပြည်တော်စည်ပင်ဘဏ်၊ SMIB နှင့် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် ( ၈ )ဘဏ်၏ ဘဏ်ခွဲများရှိရာ မြို့များသို့ အပြန်အလှန် ငွေလွှဲပေးပို့နိုင်ပါသည်။

အမျိုးအစား

ကောက်ခံမည့်နှုန်း/ပမာဏ

ငွေလွှဲခ (၁) ပြားနှုန်း (၀.၀၁%) (အထူးဒေသသတ်မှတ်ချက်မရှိပါ။)
အနည်းဆုံးငွေလွှဲခ ၁,၀၀၀ ကျပ်
အွန်လိုင်းခ ၁,၀၀၀ ကျပ်

Bank certification (balance confirmation)

Bank certification ဆိုသည်မှာလူပုဂ္ဂိုလ် (သို့) ကုမ္ပဏီအဖွဲ့အစည်း ၏ ဘဏ်စာရင်းတွင် ပမာဏမည်မျှရှိကြောင်းဖော်ပြထားသောဘဏ်မှ တရားဝင်ထုတ်ပေးသော စာရွက်စာတမ်းတစ်ခုဖြစ်သည်။ Customers များမှ နိုင်ငံခြားကျောင်းသွားတက်သောအခါ (သို့) သံရုံးတွင် ဗီဇာလျှောက်ထားရန်အတွက် လိုအပ်သောအခါ Bank certification ကိုအသုံးပြုကြသည်။

ငွေပေးအမိန့်လက်မှတ်များ

လုပ်ငန်းရှင်များအချင်းချင်း (သို့) အစိုးရသို့ ငွေပေးချေခြင်းအစရှိသည့် ငွေပေးချေမှုအတွက် အသုံးပြုနိုင်ပါသည်။ ဘဏ်မှ အာမခံပေးထားသဖြင့် စိတ်ချရသည့် ငွေပေးချေမှုနည်းလမ်းတစ်ရပ်ဖြစ်ပါသည်။

Share Now :