Call Center(+95) 1 8610612

Visa Concierge Service

Visa Concierge

Visa Platinum ကတ် ကိုင်ဆောင်သူများအနေဖြင့် Visa Concierge ကိုပါအသုံးပြုခံစားခွင့်ရရှိမည်ဖြစ်သည်။
Visa Concierge သုံးခြင်းဖြင့် ကတ်ကိုင်ဆောင်သူသည်ထူးခြားသောဝန်ဆောင်မူများကိုအောက်ပါအတိုင်းရရှိနိုင်ပါသည်။

  • ၂၄ နာရီ Concierge Service ကို ရရှိခြင်း။
  • Digital Application မှ တစ်ဆင့် အကြောင်းအရာနှင့် ဝန်ဆောင်မှုများ၏ ညွန်ကြားချက်များကို ရရှိခြင်း။
  • ကိုယ်ပိုင်အတွေ့အကြုံများနှင့် ကွဲပြားခြားနားသည့် ဝန်ဆောင်မှုများကို ရရှိခြင်း။ (ခရီး အစီအစဉ်များနှင့် အချက်အလက်များ၊ ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များ၊ စားသောက်ဆိုင် လမ်းညွှန်နှင့် ကြိုတင်စာရင်းသွင်းခြင်း၊ ဖြေဖျော်ပွဲ အချက်အလက်များနှင့် စီစဉ်မှုများ၊ အားလပ်ချိန်အတွက် လှုပ်ရှားမှုများ အချက်အလက်များကို အထောက်အပံ့ပေးခြင်း။ ရှာဖွေရန် ခက်ခဲသော ပစ္စည်းများ။ ခရီးသွား ပြင်ဆင်များမှုနှင့် ဇိမ်ခံ သယ်ယူပို့ဆောင်ရေး။ အထူး ဝန်ဆောင်မှု အကြံပြုခြင်း။)
  • အကောင်းဆုံး အတွေ့အကြုံများ၊ အထူးအခွင့်အရေးများနှင့် အခြားသော ခံစားခွင့်များကို ဦးစားပေး ခံစားခွင့်ရှိခြင်း။

Visa Concierge သည် သင်၏ personal assistant ကဲ့သို့လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။

Visa Concierge ၏ ဝန်ဆောင်မှုများကို တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သရီလင်္ကာ၊ မြန်မာ၊ ဘင်္ဂလာဒေ့ရှ်၊ ကမ္ဘောဒီးယား၊ နှင့် ဘရူနိုင်းနိုင်ငံများတွင် ရရှိနိုင်ပါသည်။ တယ်လီဖုန်း ပြောဆိုနိုင်သော ဘာသာစကားများမှာ အင်္ဂလိပ်၊ မန်ဒရင်း၊ ကန်တို၊ ဂျပန်၊ ကိုရီးယား၊ မလေးနှင့် ထိုင်းတို့ ဖြစ်ပါသည်။

ဝန်ဆောင်မှုများအတွက် ဝန်ဆောင်ခ

ကတ်ကိုင်ဆောင်သူသည် Concierge ဝန်ဆောင်မှုနှင့် ပတ်သက်သည့် ကုန်ကျစရိတ်အားလုံးအတွက် တာဝန်ရှိပါသည်။
ဝန်ဆောင်မူအတွက် Concierge Specialist သည်ကတ်ကိုင်ဆောင်သူအား service မပေးမီ၎င်း service အတွက် အတည်ပြုချက်ရေးသားထားသောစာလိုအပ်သောအခါများလည်းရှိတတ်ပါသည်။

Visa Concierge service အားဘယ်လိုရယူအသုံးပြုမလဲ?

ကတ်ကိုင်ဆောင်သူတို့သည် Visa Concierge ဝန်ဆောင်မှုကို လက်ကိုင်ဖုန်း (အခမဲ့ ဖုန်းခေါ်ဆောင်ခ)၊ အွန်လိုင်း (Visa ၏ မူရင်း ဝက်ဘ်ဆိုက် www.visa.com) သို့မဟုတ် Visa Concierge App ကို စင်္ကာပူ၊ သြစတေးရီးယား၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် မြန်မာနိုင်ငံတို့တွင်ရှိ Application စတိုးလ်တို့မှ ဒေါင်းလုတ်လုပ်ပြီး ရယူနိုင်ပြီဖြစ်ပါသည်။ (Visa Concierge တွင် လေ့လာနိုင်ပါသည်။)

Download: Visa Platinum Concierge Service Hotline

Visa Digital Concierge

 

Visa Platinum ကတ်ကိုင်ဆောင်သူတို့သည် Visa Concierge ဝန်ဆောင်မှုကို (iOS နှင့် Android) မိုဘိုင်းဖုန်း Applications များနှင့် WeChat Application တို့မှ တဆင့် အသုံးပြုနိုင်ပြီဖြစ်ပါသည်။

ကတ်ကိုင်ဆောင်သူတို့သည် Visa Digital Concierge App အား iOS Application Store နှင့် Google Play Store တို့တွင် “ visaconcierge” ဟု ရေးထည့်ပြီး ရှာဖွေ၍ သော်လည်းကောင်း၊ Visa Concierge ဝန်ဆောင်မှု လိုဂိုကို ရှာဖွေ၍သော်လည်းကောင်း ဒေါင်းလုတ်ရယူနိုင်ပါသည်။

The Visa Digital Concierge Application သည် Visa Concierge ဝန်ဆောင်မှုကို မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်သော ပထမဦးဆုံး ဝန်ဆောင်မှုပေးသော Application ဖြစ်သည့်အပြင် ဤဝန်ဆောင်မှုကို Visa Premium (Platinum, Signature and all Infinite) ကတ် ကိုင်ဆောင်သူများသာ ရယူနိုင်ပါသည်။ Visa Digital Concierge Application သည် ကတ်ကိုင်ဆောင်သူတို့ ရရှိနိုင်သော အထူးအခွင့်အရေးများ၊ ထောက်ခံချက်များနှင့် Application အသုံးပြုသူက ရှာဖွေသည့် အချက်အလက်များကို ရှာဖွေပေးသည့်အပြင် Visa Concierge ဝန်ဆောင်မှု ကျွမ်းကျင်သူတို့နှင့်လည်း တိုက်ရိုက် ဆက်သွယ်နိုင်သော ဝန်ဆောင်မှုတို့ကို ပေးနေပါပြီ။ (လတ်တလောတွင် အင်္ဂလိပ် စကားပြောသာ)

လက်ရှိအနေဖြင့် Visa Digital Concierge Application ကို စင်္ကာပူ၊ သြစတေးရီးယား၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် မြန်မာနိုင်ငံတွင်ရှိသော မိုဘိုင်းဖုန်း Application Stoer တို့တွင် ရယူနိုင်နေပြီဖြစ်ပြီး အခြား အာရှပစိဖိတ်နိုင်ငံများသို့လည်း ချဲ့ထွင်ထုတ်လုပ်သွားမည်ဖြစ်ပါသည်။

နေရာဒေသမရွေးဘဲ ကတ်ကိုင်ဆောင်သူမည်သူမဆို အထူးအခွင့်အရေးများကို ရရှိနိုင်ပါသည်။ လေယာဉ်လက်မှတ်ကြိုတင်မှာယူခြင်းမှအစ စားသောက်ဆိုင်နေရာ ကြိုတင်မှာယူခြင်းအထိ၊ Visa Digital Concierge သည် ၂၄ နာရီ ပတ်လုံး ဝန်ဆောင်မှုများကို ပေးနေပါပြီ။

ဤ ဝန်ဆောင်မှုများကို ကတ်ကိုင်ဆောင်သူတို့သည် Visa Digital Concierge Application မှတဆင့် ဝန်ဆောင်မှုများကို ဖုန်းဆက်၍သော်လည်းကောင်း၊ တိုက်ရိုကဆက်သွယ်မှုဖြင့်သော်လည်းကောင်း တောင်းဆိုပြီး ရယူနိုင်ပါသည်။ Visa Digital Concierge ဝန်ဆောင်မှုသည် အာရှပစိဖိတ်မှစ၍ အခြားသော နေရာများတွင်ရှိသော အဆင့်မြင့် စားသောက်ဆိုင်များအပြင် အဆင့်မြင့် ဟိုတယ်အခန်း ကြိုတင်စာရင်းပေးသွင်းခြင်းတို့အထိ ဝန်ဆောင်မှုများ ပေးနေပါပြီ။