Call Center(+95) 1 8610612

News

နှစ်သစ် အချစ်သစ် MAB အချစ်ဆု - ၂

နှစ်သစ် အချစ်သစ် MAB အချစ်ဆု - ၂

MAB ရဲ့ မိတ်ဟောင်းမိတ်သစ် Customer တွေကို ဆုလက်ဆောင်တွေ ပိုမိုပေးအပ်နိုင်ဖို့ ” MAB အချစ်ဆု – ၂” ကံစမ်းမဲအစီအစဉ်ကို ဇန်နဝါရီလကုန်အထိ ထပ်မံတိုးမြှင့်လိုက်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

MAB ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များအတွက် အကောင်းဆုံး အတိုးနှုန်းတွေအပြင် ရွှေသားဆုလက်ဆောင်နှင့် ငွေသားဆုလက်ဆောင်ပေါင်း မြောက်မြားစွာကိုပါ ရရှိနိုင်မဲ့ “MAB အချစ်ဆု – ၂” ကံထူးရှင်ဖြစ်ဖို့ အခုပဲ နီးစပ်ရာ MAB ဘဏ်ခွဲကို သွားရောက်ပြီး ကံစမ်းမဲအစီအစဉ်မှာ ဆက်လက်ပါဝင်နိုင်ပါပြီ။ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ မည်သည့်ငွေသားအပ်နှံမှုအတွက်မဆို အကျုံးဝင်မှာ ဖြစ်ပါတယ်။

ထပ်မံတိုးမြှင့်လိုက်သည့် ပရိုမိုးရှင်းကာလ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ။

“MAB အချစ်ဆု – ၂ ” ဆုလက်ဆောင်များ

– ရွှေတစ်ကျပ်သား (၁) ဆု

– ရွှေငါးမူးသား (၃) ဆု

– ရွှေတစ်မတ်သား (၉၆) ဆု

– ငွေသားဆုလက်ဆောင် (၉၀၀) ဆု

ကံထူးရှင်ရွေးချယ်ခြင်း

“MAB အချစ်ဆု – ၂” အစီအစဉ်၏ ကံထူးရှင်များကို သတ်မှတ်ထားပရိုမိုးရှင်းကာလပြည့်မြောက်ပြီးနောက် ဒုတိယသီတင်းပတ်တွင် ကွန်ပျူတာစနစ်အသုံးပြု၍ ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ထားသူများအနေဖြင့် ရရှိထားသော ကံစမ်းခွင့် အကြိမ်အရေအတွက်ကိုလည်း သက်ဆိုင်ရာ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ကိုယ်တိုင်သွားရောက် စစ်ဆေးနိုင်မည်ဖြစ်ပါသည်။ ကံထူးသူများစာရင်းကို ဘဏ်၏တရားဝင် Website နှင့် ဘဏ်ခွဲများတွင် ဖော်ပြပေးသွားမည်ဖြစ်ပြီး ကံထူးရှင်တစ်ဦးတစ်ယောက်ချင်းထံသို့ ဖုန်း/email/SMS တို့ဖြင့်လည်း အကြောင်းကြားပေးသွားပါမည်။

“MAB အချစ်ဆု-၂” စည်းကမ်းသတ်မှတ်ချက်များ

“MAB အချစ်ဆု-၂” အစီအစဉ်တွင် ပါဝင်မည့်သူများသည် အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များ အားလုံးကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။

၁။  မြန်မာ့ရှေ့‌ဆောင်ဘဏ် မည်သည့်ဘဏ်ခွဲတွင်မဆို Better Savings (သို့မဟုတ်) Better Call အပ်ငွေစာရင်းဖွင့်ထားသူများအားလုံး ပါဝင်ကံစမ်းနိုင်ပါသည်။

၂။  ပရိုမိုးရှင်းကာလအတွင်း လိုအပ်သလို ငွေသွင်း၊ ငွေထုတ်ပြုလုပ်နိုင်ပြီး အထက်ဖော်ပြပါ အပ်ငွေစာရင်းအမျိုးအစား (၂) ခု၏ နေ့စဉ်စာရင်းပိတ်လက်ကျန်ငွေစုစုပေါင်းကို လကုန်ရက်တွင် ပျမ်းမျှတွက်ချက်၍ နေ့စဉ်ပျမ်းမျှလက်ကျန်ငွေမှာ အနည်းဆုံး ကျပ်သိန်း (၅၀) ရှိရပါမည်။ ကျပ်သိန်း (၅၀) တိုင်းတွင် ကံစမ်းခွင့်တစ်ကြိမ်ရရှိမည်ဖြစ်ပါသည်။

၃။  လစဉ်လကုန်ရက်တွင် အပ်ငွေစာရင်းအမျိုးအစား (၂) ခု၏ နေ့စဉ်စာရင်းပိတ်လက်ကျန်ငွေစုစုပေါင်းသည် ကျပ်သိန်း (၅၀) အောက်လျော့နည်းနေပါက ပါ၀င်ကံစမ်းခွင့်ရရှိမည်မဟုတ်ပါ။

၄။  Customer တစ်ဦးကို ကံစမ်းမဲဖောက်မည့် တစ်ကြိမ်လျှင် ဆုတစ်ဆုသာ ခံစားခွင့်ပြုမည်ဖြစ်သော်လည်း လစဉ်ကံထူးရှင် ရွေးချယ်မှုများတွင် သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသူတိုင်းအား ထည့်သွင်းကံစမ်းခွင့်ပြုမည်ဖြစ်ပါသည်။

၅။  ဆုများကို အခြားဆုများနှင့် လဲလှယ်ခြင်း (သို့မဟုတ်) လွှဲပြောင်းခြင်း (သို့မဟုတ်) ငွေသားနှင့် လဲလှယ်ခြင်းအား ခွင့်ပြုမည်မဟုတ်ပါ။

၆။  ကံထူးရှင် တစ်ဦးတစ်ယောက်ချင်းထံသို့ ဖုန်း/email/SMS တို့ဖြင့်လည်း အကြောင်းကြားပေးသွားမည်ဖြစ်ပြီး အကြောင်းကြားပြီး ရက် (၃၀) အတွင်း ဆုလက်ဆောင်များကို နီးစပ်ရာ MAB ဘဏ်ခွဲများတွင် လူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။

၇။  မြန်မာ့ရှေ့ဆောင်ဘဏ်သည် ကံထူးရှင်၏ အမည်၊ ကံစမ်းမဲအစီအစဉ်နှင့် သက်ဆိုင်သော မှတ်တမ်းဓာတ်ပုံများ အသုံးပြုခြင်းကို ကာယကံရှင်၏ သဘောတူညီချက်ဖြင့်သာ အသုံးပြုသွားမည်ဖြစ်ပါသည်။

၈။  ရရှိလာသော ဆုလက်ဆောင်များအပေါ်တွင် ကျခံရမည့်အခွန်အခများရှိလာပါက ဘဏ်နှင့် သက်ဆိုင်မှုမရှိစေဘဲ ကံထူးရှင်ကသာ ပေးဆောင်ရမည်ဖြစ်ပါသည်။ ဆုနှင့်ပတ်သက်သည့် မလိုလားအပ်သော ကိစ္စရပ်များကို ဘဏ်မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၉။  သတ်မှတ်ချက်နှင့် မကိုက်ညီသော ကံစမ်းမှုများကို ဘဏ်မှ ငြင်းဆိုပိုင်ခွင့်ရှိပါသည်။

၁၀။  ကံစမ်းမဲအစီအစဉ်တွင် ပါဝင်လိုခြင်းမရှိပါက ဘဏ်သို့ ကြိုတင်အသိပေးထားရန် လိုအပ်ပါသည်။

၁၁။  ကံထူးရှင်သည် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီ၍သော်လည်းကောင်း၊ သတ်မှတ်အချိန်ကာလအတွင်း ဆက်သွယ်၍ မရလျှင်သော်လည်းကောင်း အစရှိသည့် အခြေအနေမျိုးတွင် အဆိုပါဆုကို ဘဏ်မှ နောက်ထပ်ကံထူးရှင် ပြန်လည်ရွေးချယ်ပေးသွားပါမည်။

၁၂။  မမျှော်လင့်သော အကြောင်းအရာများကြောင့် ဤ “MAB အချစ်ဆု – ၂” အစီအစဉ်ကို ကြိုတင်အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်းများပြုလုပ်ပါက Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို နားလည်သဘောတူရပါမည်။

၁၃။  အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ၏ ဆုံးဖြတ်ချက်သာ နောက်ဆုံးအတည်ဖြစ်ပြီး အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို ဘဏ်မှ ပြောင်းလဲပြင်ဆင်ပိုင်ခွင့်ရှိပါသည်။

၁၄။  ဤအစီအစဉ်တွင် မြန်မာ့ရှေ့ဆောင်ဘဏ်ဝန်ထမ်းများ၊ ကုမ္ပဏီဘဏ်စာရင်းများ ၊ အဖွဲ့အစည်းလိုက်ဖွင့်လှစ်ထားသောဘဏ်စာရင်းများ (Association Account)၊ Dormant စာရင်းများ ပါဝင်ကံစမ်းခွင့်မရှိပါ။

၁၅။  ကံစမ်းမဲအစီအစဉ်နှင့် ပတ်သက်သော အချက်အလက်များကို ဘဏ်၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် ဘဏ်ခွဲများတွင်ကြေညာပေးသွားမည်ဖြစ်ပြီး အသေးစိတ်မေးမြန်းစုံစမ်းလိုပါက MAB Call Center ၀၁- ၈၆၁၀၆၁၂ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

January 5, 2024
Share Now :