Call Center(+95) 1 8610612

News

အတိုးကြိုတင်ထုတ်ယူရရှိနိုင်မည့် MAB Better Fixed Deposit

အတိုးကြိုတင်ထုတ်ယူရရှိနိုင်မည့် MAB Better Fixed Deposit

MAB BETTER FIXED (စာရင်းသေအပ်ငွေ စာရင်းသစ်)

Cash Deposit

အတိုးကြိုတင် ထုတ်ယူရရှိနိုင်မည့် MAB Better Fixed Deposit ကို ငွေသားဖြင့် (Cash Deposit) အပ်နှံမည့်သူများအတွက် အောက်ပါအတိုင်း အားသာချက်များကို ရရှိမှာဖြစ်ပါသည်။

+ စာရင်းသေကာလနှင့် အပ်ငွေပမာဏအလိုက်ရရှိလာမည့် အတိုးများကို MAB Better Account ထဲသို့ထည့်သွင်း၍ ငွေသားချက်ချင်း ထုတ်ယူနိုင်ခြင်း၊
+ စာရင်းသေကာလ အနည်းဆုံး ရက် (၃၀) မှ စတင်၍ထားရှိနိုင်ခြင်း၊

30 Days -8.50% p.a.
60 Days -8.75% p.a.
90 Days -9.00% p.a.
180 Days -9.25% p.a.
270 Days -9.30% p.a.
365 Days -9.35% p.a. အသီးသီးရရှိနိုင်မည်ဖြစ်ပါသည်။

Cashless Deposit

စာရင်းပြောင်းနည်းဖြင့် (Cashless Deposit) အပ်နှံမည့်သူများအတွက် အောက်ပါအတိုင်း အားသာချက်များကို ရရှိမှာဖြစ်ပါသည်။

+ ချက်လက်မှတ်အသုံးပြု၍ (Clearing) စနစ်ဖြင့် ငွေအပ်နှံနိုင်ခြင်း၊
+ ဘဏ်အချင်းချင်း ငွေလွှဲခြင်း (CBM Net Transfer) စနစ်ဖြင့် ငွေအပ်နှံနိုင်ခြင်း၊
+ စာရင်းသေကာလနှင့် အပ်ငွေပမာဏအလိုက်ရရှိလာမည့် အတိုးများကို MAB Better Account ထဲသို့ထည့်သွင်း၍ ငွေသားကို(တစ်ပတ်လျှင်သတ်မှတ်ထားသော ပမာဏအတိုင်း) ကြိုတင်စာရင်းပေးခြင်းနှင့် တိုကင်နံပါတ်ရယူရန်မလိုအပ်ဘဲ ထုတ်ယူနိုင်ခြင်း၊
+ စာရင်းသေကာလ အနည်းဆုံး ရက် (30) မှ စတင်၍ထားရှိနိုင်ခြင်း၊

30 Days -8.25% p.a.
60 Days -8.50% p.a.
90 Days -8.75% p.a.
180 Days -9.00% p.a.
270 Days -9.05% p.a.
365 Days -9.10% p.a.

+ အနည်းဆုံး အပ်ငွေပမာဏမှာ ၁၀၀,၀၀၀ ကျပ် ဖြစ်ပါသည်။

MAB Better Fixed (စာရင်းသေအပ်ငွေ စာရင်းသစ်) နှင့်ပတ်သက်၍သိရှိလိုသည်များကို MAB Call Center 01-8610612 သို့ နေ့စဉ် နံနက် ၇ နာရီမှ ည ၁၂ နာရီအတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

June 1, 2022
Share Now :