Call Center(+95) 1 8610612

News

MAB Better Call++ (ခေါ်ယူအပ်ငွေစာရင်းသစ်)

MAB Better Call++ (ခေါ်ယူအပ်ငွေစာရင်းသစ်)

မြန်မာ့ရှေ့ဆောင်ဘဏ် အသုံးပြုသူ Customer များ ပိုမိုအဆင်ပြေစေရန်ရည်ရွယ်၍ MAB Better Call Deposit ကို မွမ်းမံပြင်ဆင်လိုက်သည့် ပိုမိုကောင်းမွန်သော ထပ်တိုးအကျိုးခံစားခွင့်များဖြင့် MAB Better Call++ (ခေါ်ယူအပ်ငွေစာရင်းသစ်)*

MAB Better Call++ (ခေါ်ယူအပ်ငွေစာရင်းသစ်)၏ ထပ်တိုးအကျိုးခံစားခွင့်များမှာ
+ အပ်ငွေပမာဏ ၁၀၀,၀၀၀ ကျပ်မှ စတင်၍ ထည့်သွင်းသည့်မည်သည့် အပ်ငွေပမာဏမဆို အတိုးနှုန်းတစ်နှစ်လျှင် ၇% မှစတင်၍ရရှိနိုင်ခြင်း၊
+ သတ်မှတ်အပ်ငွေပမာဏပေါ်မူတည်၍ ထပ်တိုးအကျိုးခံစားခွင့်အတိုးများ (+Bonus)ရရှိနိုင်ခြင်း၊
+ သတ်မှတ်အပ်ငွေပမာဏနှင့် ကာလပေါ်မူတည်၍ ထပ်တိုးအကျိုးခံစားခွင့်အတိုးများ (++Bonus)ရရှိနိုင်ခြင်း၊
+ Individual A/C များအတွက် ကတ်လျှောက်ထားရယူနိုင်ခြင်း၊
+ MAB iBanking လျှောက်ထားနိုင်ခြင်း၊
+ လစဉ် e-Statement များရယူနိုင်ခြင်း အစရှိသည့် ထပ်တိုးအကျိုးခံစားခွင့်များအပြင် မူလအားသာချက်များဖြစ်သော
+ နေ့စဉ်အတိုးတွက်ချက်ပေးခြင်း၊
+ ငွေထုတ်ယူရန်အတွက် ကြိုတင်စာရင်းပေးခြင်းနှင့် တိုကင်နံပါတ်ရယူရန်မလိုအပ်ခြင်း၊
+ ပမာဏအကန့်အသတ်မရှိ အဆင်ပြေလွယ်ကူစွာဖြင့် ငွေအပ်နှံနိုင်ခြင်း/ငွေထုတ်ယူနိုင်ခြင်း၊
+ MAB ဘဏ်ခွဲများတွင် MAB Better ငွေစုစာရင်းအချင်းချင်း အခမဲ့ စာရင်းပြောင်းနိုင်ခြင်း၊
+ အခြားဘဏ်စာရင်းများသို့ CBM Net၊ Clearing တို့ဖြင့် ငွေလွှဲပြောင်းပေးပို့နိုင်ခြင်း၊
+ ခေါ်ယူအပ်ငွေစာရင်းသစ်ထဲသို့ နယ်ကျော်ငွေလွှဲခြင်းများအတွက် ငွေလွှဲခပေးဆောင်ရန်မလိုခြင်း၊
+ MAB Better Call Deposit (ခေါ်ယူအပ်ငွေစာရင်းသစ်) ၏ ချက်လက်မှတ်ဖြင့် မည်သူမဆို ငွေသားထုတ်ယူရရှိနိုင်ခြင်း၊
+ အတိုးကိုလစဉ်ထည့်သွင်းပေးခြင်း အစရှိသည့် အကျိုးခံစားခွင့်နှင့် အားသာချက်များရရှိနိုင်မည်ဖြစ်ပါသည်။

MAB Better Call++ (ခေါ်ယူအပ်ငွေစာရင်းသစ်) နှင့်ပတ်သက်၍သိရှိလိုသည်များကို MAB Call Center 01-8610612 သို့ နေ့စဉ် နံနက် ၉ နာရီမှ ည ၁၂ နာရီအတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)၏ ဖွင့်လှစ်ဝန်ဆောင်မှုပေးလျက်ရှိသော ဘဏ်ခွဲများစာရင်းနှင့် ဘဏ်ခွဲအလိုက်ရရှိနိုင်သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို (/branches-opening/) တွင် အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
+ ပရိုမိုးရှင်းကာလမှာထပ်မံမကြေညာမီ အချိန်ထိဖြစ်ပါသည်။

June 7, 2021
Share Now :