Call Center(+95) 1 8610612

News

MAB/MRF ECO program

MAB/MRF ECO program

MAB Talent Development Program သည် မြန်မာ့ရှေ့ဆောင်ဘဏ်မှ လူမှုနယ်ပယ်တွင် ကောင်းကျိုးဖြစ်ထွန်းစေရန် ပါဝင်ဆောင်ရွက်နေသော အစီအစဉ်များထဲမှ တစ်ခု ပင်ဖြစ်သည်။
မျိုးဆက်သစ်လူငယ်များ၏ စွမ်းဆောင်ရည်မြင့်မားရန် အလို့ငှာ ရည်ရွယ်ပြီး မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ MRF & MAB ECO Program ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

MAB Talent Development Program ၏ ရည်ရွယ်ချက်များ

ပညာသင်ကြားရာတွင် အခက်အခဲရှိသည့်ကျောင်းသူကျောင်းသားများအား ၄င်းတို့၏ အစွမ်းအစကို အကောင်းဆုံးအသုံးချနိုင်မည့် အခွင့်အလမ်းများဖွင့်ပေးရန် အသိပညာနှင့် အတတ်ပညာဆိုင်ရာလူ့စွမ်းအားအရင်းအမြစ် တည်ဆောက်ရန်
နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှု ကို ပါဝင်ဆောင်ရွက်ပေးနို်င်မည့် အရည်အချင်းရှိသူများကို မွေးထုတ်ပေးနိုင်ရန်

ပညာသင်ဆု

MAB မှ ပေးအပ်သော ပညာသင်ဆုသည် ကျောင်းသားများ/ကျောင်းသူများ၏ ကျောင်းလခ၊နှင့် အခြားအထွေထွေနေထိုင်စရိတ်များကို ထောက်ပံ့ပေးခြင်းဖြစ်သည်။ ပညာသင်ကြေးအတိအကျကို တက်ရောက်သင်ယူမည့် တက္ကသိုလ်နှင့် ဘာသာရပ်များအလိုက် ချမှတ်ပေးပါသည်။

July 24, 2017
Share Now :