Menu
MAB Mobile Viber Community ထဲမှာ Member ဘယ်နှယောက်ရှိလဲ ကြည့်ပြီး ဖုန်းဘေလ်လက်ဆောင်ယူလိုက်ရအောင်!
Posted On
July 11, 2022

MAB Mobile Viber Community ထဲမှာ Member ဘယ်နှယောက်ရှိလဲ ကြည့်ပြီး ဖုန်းဘေလ်လက်ဆောင်ယူလိုက်ရအောင်!

ဒီတစ်ခေါက် Game လေးကတော့ “MAB Mobile Viber Community” ထဲမှာ Member ဘယ်နှယောက်ရှိနေပြီလဲဆိုတာကို ရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ်။

ကဲအဖြေသိပြီးနေတဲ့သူတွေကတော့ အမြန်ဆုံးမန့်လိုက်!

အဖြေမသိဘူးဆိုရင် ရှူး တိုး တိုး …

ဒီ Link ထဲ https://bit.ly/3NQYWLm ဘယ်သူမှမသိအောင် သွားကြည့်လိုက်နော်.....

ပါဝင်လိုသူတွေအနေနဲ့ —

၁။ MAB Mobile Viber Community ကို Join ထားပေးရပါမယ်။ ဒီလင့်ခ်မှတစ်ဆင့် https://bit.ly/3NQYWLm ဝင် Join နိုင်ပါတယ်။

၂။ MAB Mobile Viber Community ထဲမှာ Member ဘယ်နှစ်ယောက်ရှိပြီလဲဆိုတာ ကြည့်ပြီး (A/B/C/D) မှ မိမိ ရွေးချယ်လိုက်သော အဖြေနှင့်အတူ၊ MAB Mobile Viber Community အား “Join” ထားပြီးကြောင်းကို screenshot ရိုက်၍ Post အောက်တွင် (MAB Mobile မှ ဥပမာပြထားသည့်မန့်အတိုင်း) ကွန်မန့်ပေးရပါမည်။

ပြိုင်ပွဲကာလကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့ မှ (၁၅) ရက်နေ့ မနက် (၁၀) နာရီအထိဖြစ်ပြီး၊ အဖြေမှန်သူများထဲမှ ကံထူးရှင် (၁၀) ဦးကို ကျပန်း ရွေးချယ်ပေးသွားမှာပါ။

ကံထူးရှင်များကို ရွေးချယ်ပြီးသည်နှင့် ရုံးဖွင့်ရက် (၃) ရက်အတွင်းဆက်သွယ်၍ ဖုန်းဘေလ် (၅,၀၀၀ ကျပ်) စီ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

စည်းမျဉ်းစည်းကမ်းများ နှင့် ကိုက်ညီမှသာလျှင် ကံထူးခွင့် ရရှိမှာနော်...

#MABMobile #ViberCommunity #QuizWeek

စည်းမျဉ်းစည်းကမ်းများ

ဤအစီအစဉ်တွင် ပါဝင်မည့်သူများသည် အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်း အချက်အလက်များ အားလုံးကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။

1) ဤအစီအစဉ်တွင် ပါဝင်မည့်သူများသည် MAB Mobile Viber Community ကို ဝင်ရောက် ချိတ်ဆက် (Join) ထားရန်လိုအပ်ပါသည်။ ( ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ ၁၅ ရက်နေ့ မနက် ၁၀ နာရီ နောက်ဆုံးထား၍)

2) MAB Mobile Viber Community ထဲမှာ Member ဘယ်နှယောက်ရှိပြီလဲဆိုတာ ကြည့်ပြီး (A/B/C/D) မှ မိမိ ရွေးချယ်လိုက်သော အဖြေနှင့်အတူ၊ MAB Mobile Viber Community အား “Join” ထားပြီးကြောင်းကို screenshot ရိုက်၍ Post အောက်တွင် (MAB Mobile မှ ဥပမာပြထားသည့်မန့်အတိုင်း) ကွန်မန့်ပေးရပါမည်။

3) Social Media တွင် အထက်ဖော်ပြပါ အချက်များကို ပြည့်စုံစွာ လုပ်ဆောင်ထားမှသာလျှင် ယခု အစီအစဉ်တွင် ပါဝင်ကံစမ်းခွင့် ရရှိမည် ဖြစ်ပါသည်။

4) ကံထူးရှင် (၁၀) ဦးကို ကျပန်းရွေးချယ်သွားမည်ဖြစ်ပြီး တစ်ဦးလျှင် ဖုန်းဘေလ် ( ၅,၀၀၀ ) ကျပ်စီဆက်သွယ် ချီးမြှင့်သွားမည် ဖြစ်ပါသည်။

5) ကံထူးရှင်များကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့တွင် MAB  Mobile  Facebook  Page Messenger  မှ  တိုက်ရိုက်အကြောင်းကြား ပေးသွားမည် ဖြစ်သည့်အပြင် MAB Mobile Viber Community နှင့် MAB Mobile Facebook Page မှလည်း ကံထူးရှင်များကို ကြေညာသွားမည်ဖြစ်ပါသည်။

6) ကံထူးရှင်ကို အကြောင်းကြားပြီးနောက် ကံထူးရှင်ဘက်မှ (၂၄) နာရီအတွင်း ပြန်လည်ဖြေကြားခြင်း မရှိဘဲ ပျက်ကွက်ခဲ့ပါက ကံထူးရှင်အဖြစ်မှ အလိုအလျောက် ပယ်ဖျက်သွားမည် ဖြစ်သည်။

7) MAB Mobile Facebook Page Messenger မှ ကံထူးရှင်ဖြစ်ကြောင်း ဆက်သွယ်သည့်အခါတွင် Viber Community ကို ( Join ) ပြုလုပ်ထားသော Viber အကောင့်နာမည်နှင့် ဖုန်းနံပါတ်ကို ပေးပို့ပေးရပါမည်။ ( အချက်အလက်များမှန်ကန်မှသာလျှင် ကံထူးရှင်အဖြစ် ဆက်လက် ရွေးချယ်သွားမည် ဖြစ်ပါသည်။)

8) ကံထူးရှင်သည် မိမိ၏ ကိုယ်ရေးအချက်အလက်များကို မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) မှ ကံထူးသူကြေညာရာတွင် အသုံးပြုခွင့်ပေးရမည်။

9) ကံထူးဆု ဖုန်းဘေလ်ကို   ဤအစီအစဉ် ပြီးဆုံးသည့်ရက်တွင် ကံထူးရှင်များကို ရွေးချယ်ပြီးသည်နှင့် ရုံးဖွင့်ရက် (၃) ရက်အတွင်း  သက်ဆိုင်ရာ ကံထူးရှင်၏ မိုဘိုင်းဖုန်းနံပါတ်သို့   ထည့်သွင်းပေးသွားမည်  ဖြစ်သည်။

10) မသင်္ကာမှု (သို့) မသမာမှု တစ်စုံတစ်ရာတွေ့ရှိပါက ခံစားခွင့်များကို မြန်မာ့ရှေ့ဆောင်ဘဏ်(MAB) မှ ရုပ်သိမ်းပိုင်ခွင့်ရှိသည်။

11) အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မြန်မာ့ရှေ့ဆောင်ဘဏ်(MAB) ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပြီး အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများအား ဘဏ်မှ လိုအပ်သလို ပြင်ဆင်ပြောင်းလဲပိုင်ခွင့်ရှိသည်။

Terms and Conditions