MAB Mobile Wallet ဆိုသည်မှာ မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေကြေးဝန်ဆောင်မှုများ၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် ငွေပေးချေမှုများကို အချိန်နေရာမရွေး၊ ဖုန်းအမျိုးအစားမရွေးဘဲ အင်တာနက်ရှိရုံဖြင့် (၂၄) နာရီကာလပတ်လုံး လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်သည့် လုံခြုံစိတ်ချရသော မိုဘိုင်းဘဏ်စာရင်းဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါသည်။
MAB Mobile Wallet သည် မိုဘိုင်း Banking ဆောင်ရွက်ချက်များကို ရရှိနိုင်သော မိုဘိုင်းဘဏ်စာရင်းဖြစ်သည်။
Self registration ဆိုသည်မှာ မြန်မာ့ရှေ့ဆောင်ဘဏ်၏ မိုဘိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် ဘဏ်သို့ သွားရောက်ရန်မလိုဘဲ ကိုယ်တိုင် စာရင်းဖွင့်မှတ်ပုံတင်ခြင်းဖြစ်ပါသည်။ စာရင်းဖွင့်ရန် MAB Mobile App ကို ဒေါင်းလုဒ်ဆွဲယူကာ လိုအပ်သောအချက်အလက်များ ဖြည့်သွင်းပြီး မှတ်ပုံတင် (သို့) ယာဉ်မောင်းလိုင်စင် (သို့) နိုင်ငံခြားသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)ကို ဓာတ်ပုံရိုက်စာရင်းသွင်းပြီး ကိုယ်တိုင်ဆောင်ရွက်နိုင်ပါသည်။
MAB Mobile Wallet ဆိုသည်မှာ မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေကြေးဝန်ဆောင်မှုများ၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် ငွေပေးချေမှုများကို အချိန်နေရာမရွေး၊ ဖုန်းအမျိုးအစားမရွေးဘဲ အင်တာနက်ရှိရုံဖြင့် (၂၄) နာရီကာလပတ်လုံး လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်သည့် လုံခြုံစိတ်ချရသော မိုဘိုင်းဘဏ်စာရင်းဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါသည်။
MAB Mobile အက်ပလီကေးရှင်းမှ ငွေလွှဲ၊ ငွေထုတ်ခြင်းများအတွက် အသေးစိတ်သတ်မှတ်ချက်များနှင့် ဝန်ဆောင်ခနှုန်းထားများကို ကြည့်ရှုနိုင်ပါသည်။ ၎င်းတို့အား အချိန်အခါအားလျော်စွာ လိုအပ်ချက်အရ ပြင်ဆင်ပြောင်းလဲနိုင်ပါသည်။