Menu

MAB iBanking

MAB iBanking ဝန်ဆောင်မှုသည် MAB ၏ စာရင်းပိုင်ရှင်များအတွက် ဘဏ်လုပ်ငန်းကိစ္စအဝဝကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်လျက် တီထွင်ဖန်တီးထားခြင်းဖြစ်ပါသည်။ ဤစနစ်ကို မိမိတို့နေအိမ်၊ ရုံးတို့မှ အိုးမကွာအိမ်မကွာ အဆင်ပြေစွာ အသုံးပြုနိုင်ပြီး စောင့်ဆိုင်းရခြင်း၊ နှောင့်နှေးကြန့်ကြာခြင်းတို့မှ ကင်းဝေးကာ လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ပါသည်။ သို့အတွက် မိတ်ဆွေ၏ ဘဏ်လုပ်ငန်းဆောင်ရွက်ချက်များအား အချိန်ကုန်သက်သာစွာ ခေတ်မီငွေကြေးဝန်ဆောင်မှုများဖြင့် စိတ်ချမ်းမြေ့စွာ ခံစားအသုံးပြုနိုင်မည်ဖြစ်ပါသည်။

MAB iBanking ၏ အားသာချက်များ

alarm
(၂၄) နာရီ ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ခြင်း
alarm
(၂၄) နာရီ ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ခြင်း
payments
လက်ကျန်ငွေ၊ စာရင်းရှင်းတမ်းများနှင့် သုံးစွဲနိုင်သောပမာဏကို အချိန်မရွေး ကြည့်ရှုနိုင်ခြင်း
payments
လက်ကျန်ငွေ၊ စာရင်းရှင်းတမ်းများနှင့် သုံးစွဲနိုင်သောပမာဏကို အချိန်မရွေး ကြည့်ရှုနိုင်ခြင်း
corporate trade
ကြိုတင်နေ့ရက်သတ်မှတ်၍ အလိုအလျောက် ငွေပေးချေနိုင်ခြင်း
corporate trade
ကြိုတင်နေ့ရက်သတ်မှတ်၍ အလိုအလျောက် ငွေပေးချေနိုင်ခြင်း
Feature Hightlights of iBanking for Consumers

MAB iBanking ဝန်ဆောင်မှုသည် MAB ၏ စာရင်းပိုင်ရှင်များအတွက် အွန်လိုင်းမှတစ်ဆင့် ဘဏ်လုပ်ငန်းကိစ္စအဝဝကို ကျယ်ပြန့်စွာအသုံးပြုနိုင်ရန် ရည်ရွယ်လျက် တီထွင်ဖန်တီးထားခြင်းဖြစ်ပါသည်။

MAB Debit Card, MAB VISA Platinum Secured Credit Card တို့ကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။
MAB Debit Card, MAB VISA Platinum Secured Credit Card တို့ကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။
ဒီဂျစ်တယ် စာရင်းသေအပ်ငွေ
ဒီဂျစ်တယ် စာရင်းသေအပ်ငွေ
ငွေလွှဲခြင်း
ငွေလွှဲခြင်း

mab digital service
ibanking-logo

MAB iBanking

  • MAB iBanking ဖြင့် သင်၏ ငွေရေးကြေးရေးကိစ္စများအား (၂၄) နာရီ၊ (၇) ရက်ပတ်လုံး ပိတ်ရက်မရှိဆောင်ရွက်နိုင်ခြင်း။
  • ဘဏ်လက်ကျန်ငွေ၊ သုံးစွဲနိုင်သောပမာဏနှင့် စာရင်းရှင်းတမ်းများအား အချိန်မရွေး ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ခြင်း။
  • ကြိုတင်နေ့ရက်သတ်မှတ်၍ အလိုအလျောက် ငွေပေးချေနိုင်ခြင်း။
  • မိမိတို့၏ ချေးငွေဆိုင်ရာ အချက်အလက်များအား မျက်ခြေမပြတ် ကြည့်ရှုနိုင်ခြင်း။
  • အချိန်မရွေး၊ နေရာမရွေး မိမိတို့၏ ငွေရေးကြေးရေးအပေါ်တွင် အပြည့်အဝ စီမံနိုင်စွမ်းရှိခြင်း။
  • အဆင့်မြင့်၍ဆန်းသစ်သော ကြိုတင်ကာကွယ်ခြင်း လုံခြုံရေးစနစ်များဖြင့် သင်၏ စာရင်းအချက်အလက်များနှင့် ငွေကြေးများအား ဘေးကင်းလုံခြုံမှုရှိစေခြင်း။
  • အသုံးပြုရန် လွယ်ကူရှင်းလင်းခြင်း။
  • သင်၏ စာရင်းများအား အလျင်မြန်ဆုံး ဝင်ရောက်ကြည့်ရှုနိုင်သည့်အတွက် အချိန်ကုန် သက်သာခြင်း။
  • နိုင်ငံရပ်ခြားတွင်လဲ အသုံးပြုနိုင်ခြင်း။
App Store Google Play

မြန်မာ့ရှေ့ဆောင်ဘဏ် အင်တာနက်ဘဏ်လုပ်ငန်းရှိ စာရင်းအမျိုးအစားများ

မြန်မာ့ရှေ့ဆောင်ဘဏ် အင်တာနက်ဘဏ်လုပ်ငန်းအား စာရင်းအမျိုးအစားများ (၆) မျိုး အသုံးပြုနိုင်ပါသည်။

  • ငွေစုဘဏ်စာရင်း
  • စာရင်းရှင်စာရင်း
  • စာရင်းသေအပ်ငွေစာရင်း
  • Better Accounts (ငွေစုဘဏ်စာရင်း၊ စာရင်းသေအပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း)
  • ခေါ်ယူအပ်ငွေစာရင်း
  • Smart Savings

အသုံးပြုရန် အညွှန်းများ

တစ်ဦးချင်း အသုံးပြုသူအတွက်
ကုမ္ပဏီလုပ်ငန်းများအတွက်

Apply for iBanking

View Balances, Download Statement(E-receipts), and Track Account Activities

Online Register or Visit a Branch

MAB iBanking limit and fees

No. Transaction Type
Max Per Txn Limit Daily Txn Limit Fees Daily Txn Count
မိမိအကောင့်အချင်းချင်း ငွေလွှဲခြင်း ၅၀၀,၀၀၀,၀၀၀ အကန့်အသတ်မရှိ မပေးဆောင်ရပါ ၃၀
 

ဘဏ်အတွင်း အကောင့်အချင်းချင်း ငွေလွှဲခြင်း ၅၀၀,၀၀၀,၀၀၀ ၅၀၀,၀၀၀,၀၀၀ ၁။ ၁,၀၀၀ မှ ၅၀၀,၀၀၀ အထိ = ၂၀၀ ကျပ်

၂။ ၅၀၀,၀၀၁ မှ ၅၀,၀၀၀,၀၀၀ အထိ = ၅၀၀ ကျပ်

၃။ ၅၀,၀၀၀,၀၀၁ မှ ၁၀၀,၀၀၀,၀၀၀ အထိ = ၁,၀၀၀ ကျပ်

၄။ ၁၀၀,၀၀၀,၀၀၁ မှ ၅၀၀,၀၀၀,၀၀၀ အထိ = ၀.၀၀၅%

 

၃၀

အခြား အကောင့်များထံသို့ ငွေလွှဲခြင်း
အမြန်ငွေလွှဲခြင်း (ဘဏ်တွင်း) ၅၀၀,၀၀၀,၀၀၀ ၅၀၀,၀၀၀,၀၀၀ ၁။ ၁,၀၀၀ မှ ၅၀၀,၀၀၀ အထိ = ၂၀၀ ကျပ်

၂။ ၅၀၀,၀၀၁ မှ ၅၀,၀၀၀,၀၀၀ အထိ = ၅၀၀ ကျပ်

၃။ ၅၀,၀၀၀,၀၀၁ မှ ၁၀၀,၀၀၀,၀၀၀ အထိ = ၁,၀၀၀ ကျပ်

၄။ ၁၀၀,၀၀၀,၀၀၁ မှ ၅၀၀,၀၀၀,၀၀၀ အထိ = ၀.၀၀၅%

၃၀
No. Transaction Type
Max Per Txn Limit Daily Txn Limit Fees Daily Txn Count
မိမိအကောင့်အချင်းချင်း ငွေလွှဲခြင်း ၅၀၀,၀၀၀,၀၀၀ အကန့်အသတ်မရှိ မပေးဆောင်ရပါ ၁၀၀
 

ဘဏ်အတွင်း အကောင့်အချင်းချင်း ငွေလွှဲခြင်း ၅၀၀,၀၀၀,၀၀၀ အကန့်အသတ်မရှိ ၁။ ၁,၀၀၀ မှ ၅၀၀,၀၀၀ အထိ = ၂၀၀ ကျပ်

၂။ ၅၀၀,၀၀၁ မှ ၅၀,၀၀၀,၀၀၀ အထိ = ၅၀၀ ကျပ်

၃။ ၅၀,၀၀၀,၀၀၁ မှ ၁၀၀,၀၀၀,၀၀၀ အထိ = ၁,၀၀၀ ကျပ်

၄။ ၁၀၀,၀၀၀,၀၀၁ မှ ၅၀၀,၀၀၀,၀၀၀ အထိ = ၀.၀၀၅%

 

၁၀၀

အခြား အကောင့်များထံသို့ ငွေလွှဲခြင်း
အမြန်ငွေလွှဲခြင်း(ဘဏ်တွင်း) ၅၀၀,၀၀၀,၀၀၀ အကန့်အသတ်မရှိ ၁။ ၁,၀၀၀ မှ ၅၀၀,၀၀၀ အထိ = ၂၀၀ ကျပ်

၂။ ၅၀၀,၀၀၁ မှ ၅၀,၀၀၀,၀၀၀ အထိ = ၅၀၀ ကျပ်

၃။ ၅၀,၀၀၀,၀၀၁ မှ ၁၀၀,၀၀၀,၀၀၀ အထိ = ၁,၀၀၀ ကျပ်

၄။ ၁၀၀,၀၀၀,၀၀၁ မှ ၅၀၀,၀၀၀,၀၀၀ အထိ = ၀.၀၀၅%

၁၀၀
Bulk Payment Transfer Unlimited MMK 200 per single transaction Unlimited

Additional Information

MAB iBanking (အွန်လိုင်းဘဏ်လုပ်ငန်း) သည် အင်တာနက်ဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အဆင်ပြေပြေနှင့် လုပ်ဆောင်နိုင်သည့် ဝန်ဆောင်မှုဖြစ်ပြီး၊ မည်သည့်အင်တာနက်သုံးကိရိယာမဆို laptop (သို့) phone ဖြင့် အသုံးပြု၍ရနိုင်ပါသည်။ လူကြီးမင်းသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို လုံခြုံသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အချိန်မရွေး လုပ်ဆောင်နိုင်ပါသည်။

MAB iBanking သည် ဘဏ်ဝန်ဆောင်မှုအများစုကို အွန်လိုင်းဖြင့် လုပ်ဆောင်နိုင်ပါသည်။ ဝန်ဆောင်မှုအချို့မှာ အကောင့်/လက်ကျန် စုံစမ်းမေးမြန်းမှု၊ ကိုယ်ပိုင်ဘဏ်စာရင်း အချင်းချင်းသော်လည်းကောင်း၊ အခြား MAB ဘဏ်စာရင်းများသို့လည်းကောင်း၊ MAB ဘဏ်စာရင်းများစွာသို့လည်းကောင်း၊ ငွေလွှဲပြောင်းမှု၊ စာရင်းသေအပ်နှံခြင်း၊ စာရင်းလုပ်ဆောင်ချက်များကို ကြည့်ရှုနိုင်ခြင်း စသည်တို့ဖြစ်ပါသည်။

iBanking အကောင့်ဖွင့်ပြီးပါက အကောင့်ဝင်ရန် အသုံးပြုသူအမည် (Username) အား စာရင်းဖွင့်စဉ်က အသုံးပြုခဲ့သော ဖုန်းသို့ စာတို (sms) ဖြင့် ပေးပို့မည်ဖြစ်ပြီး လူကြီးမင်း၏ email သို့ ဘဏ်မှပေးပို့လာသော Link မှတစ်ဆင့် ကိုယ်ပိုင်စကားဝှက်ထားရှိကာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

လူကြီးမင်း၏ အကောင့်စာရင်းများကို တကူးတက ချိတ်ဆက်ရန်မလိုဘဲ၊ iBanking တွင် အလိုအလျောက်ချိတ်ဆက်၍ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

ဝန်ဆောင်မှုတစ်ခုခု ရယူလိုပါသလား။