MAB MMQR သည် လုံခြုံ၍ထိရောက်သော ဒီဂျစ်တယ် ငွေပေးချေမှု ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး၊ ကုန်သည်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော နိုင်ငံတော်အဆင့် MMQR စံနှုန်းနှင့် ညီညွတ်သော မိုဘိုင်းဘဏ်လုပ်ငန်းများနှင့် ဘဏ်အက်ပလီကေးရှင်းအားလုံးမှ QR ဖြင့် ငွေပေးချေမှုများကို လက်ခံရယူနိုင်ပါသည်။ ၎င်းသည် ကုန်သည်များ၏ MAB ဘဏ်စာရင်းထဲသို့ ငွေပေးချေမှုများကို ချက်ချင်းလက်ခံရရှိစေပြီး၊ လုပ်ငန်းအမျိုးအစားအားလုံးအတွက် လွယ်ကူစွာ ဝန်ဆောင်မှုစတင်အသုံးပြုနိုင်ရန် ပံ့ပိုးပေးကာ ကုန်သည်များနှင့် ဝယ်ယူသူ (customer) နှစ်ဦးစလုံးအတွက် အဆင်ပြေချောမွေ့ပြီး ယုံကြည်စိတ်ချရသော ဒီဂျစ်တယ် ငွေပေးချေမှု အတွေ့အကြုံကို ဆောင်ကြဉ်းပေးပါသည်။
| MAB MMQR မိတ်ဖက်ကုန်သည်များ၏ ဆိုင်တွင် MMQR ဖြင့် ငွေပေးချေ၍ရသော ဒီဂျစ်တယ်ပိုက်ဆံအိတ်များဖြင့် ဝယ်ယူပါ၊ | |
| QR Code ကို scan ဖတ်ပါ၊ | |
| ငွေပမာဏ ထည့်သွင်းပြီး ငွေပေးချေမှုပြုလုပ်ပါ။ |
| ငွေသား မလိုအပ်ပါ၊ | |
| လုံခြုံစိတ်ချရသော ငွေပေးချေလက်ခံခြင်းများ၊ | |
| သင့်ဘဏ္ဍာရေးအချက်အလက်များအား မျက်ခြေမပြတ် ကြည့်ရှုနိုင်ပါသည်၊ | |
| အတွေ့အကြုံအသစ်များအား ရရှိနိုင်ပါသည်။ |
| MMQR ငွေလွှဲအတွက် အပိုဝန်ဆောင်ခငွေ မလိုအပ်ပါ။ |
Disclaimer : This calculation is just for illustration purpose only, based on certain assumed prerequisites. Terms and Conditions apply.
Minimum amount has to be {{minAmount.toLocaleString()}} MMK
minimum duration has to be {{ durations[0] }} {{ durations[0] === 1 ? durationType.slice(0, -1) : durationType }}
What you will pay
MMK
{{ monthlyInterestAmount }}MMK
{{totalAmount}}| Payment Term | Interest | Principal | EMI Amount | Balance |
|---|---|---|---|---|
| {{loanAmount}} | ||||
| {{ getOrdinal(index + 1) }} - payment | {{ row.interest }} | {{ row.principal }} | {{ row.payment }} | {{ row.outstanding }} |
Minimum amount has to be {{minAmount.toLocaleString()}} MMK
What you will get
MMQR ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (Central Bank of Myanmar – CBM) ၏ ဦးဆောင်ကြီးကြပ်မှုနှင့်အတူ မြန်မာနိုင်ငံရှိဘဏ်များအားလုံး ပူးပေါင်းပါဝင်ထားသော Digital Payment Switch QR System ဖြစ်ပြီး မြန်မာနိုင်ငံရှိ ကွဲပြားသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးသူများအကြား ငွေသားကိုင်တွယ်အသုံးပြုရန်မလိုအပ်ဘဲ ငွေပေးချေမှုပြုလုပ်နိုင်သည့် နည်းပညာအသစ်တစ်ခုဖြစ်ပါသည်။
MMQR သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်း၊ စည်းကမ်းများဖြင့် ကြီးကြပ်သော စနစ်ဖြစ်သောကြောင့် ငွေပေးချေမှုအားလုံးအား လုံခြုံစိတ်ချစွာဖြင့် အသုံးပြုနိုင်ပါသည်။
MMQR အသုံးပြုခြင်းဖြင့် မိမိကြိုက်နှစ်သက်ရာ Mobile Banking၊ Mobile Wallet များကို အသုံးပြု၍ မိတ်ဖက်ကုန်သည်များအား ငွေပေးချေနိုင်ခြင်း၊ မိတ်ဖက်ကုန်သည်များအနေဖြင့်လည်း QR မျိုးစုံထားရှိရန် မလိုအပ်ဘဲ MMQR တစ်ခုတည်းဖြင့် ငွေလက်ခံနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ ထို့ပြင် မိတ်ဖက်ကုန်သည်များအတွက် MAB ၏ သီးခြားသတ်မှတ်ထားသော အထူးဝန်ဆောင်မှုများကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေကြေးသုံးစွဲမှုသည် ယခင်က ဘဏ်များအတွက် ဝန်ဆောင်မှုအကန့်အသတ်ဖြင့်သာ ရှိခဲ့သော်လဲ ယခု MMQR စနစ်သည် သုံးစွဲသူများအနေဖြင့် မည်သည့် Mobile Banking၊ Mobile Wallet မဆို မိုဘိုင်းငွေပေးချေမှုများအား အပြန်အလှန်ချိတ်ဆက် ပေးချေနိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် လက်လီဆိုင်ငယ်များ၊ ကုန်စိမ်းဈေးဆိုင်များအပြင် ဘဏ်လုပ်ငန်းဝန်ဆောင်မှု မရရှိသေးသော ကျေးလက်ဒေသများအထိ နေရာ၊ ဒေသ၊ အလွှာစုံ၊ နယ်ပယ်အစုံ၊ ဧရိယာအစုံ စသည့် ငွေရေးကြေးရေးကဏ္ဍ အလုံးစုံပါဝင်နိုင်သော MMQR စနစ်ကို အသုံးပြုပြီး ယုံကြည်စိတ်ချစွာ ငွေပေးချေနိုင်မည်ဖြစ်ပါသည်။
Now with Myanmar Pay MMQR အမှတ်အသား (သို့) သီးသန့် MMQR အမှတ်အသားပါသော မည်သည့်ဆိုင်တွင်မဆို MMQR နှင့် တွဲဖက်အသုံးပြုနိုင်သော ဘဏ်များ၊ Mobile Banking Application များနှင့် Mobile Wallet (Pay) များဖြင့် ငွေပေးချေနိုင်မှာဖြစ်ပါသည်။