မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ကို ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပါသည်။
MAB သည် ငွေကြေးဝန်ဆောင်မှုပေးခြင်းထက်ပိုသော တန်ဖိုးတစ်ခုကို ပေးအပ်နိုင်ရန်အတွက် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပြီး မိတ်ဟောင်း၊ မိတ်သစ် Customer များနှင့် မိတ်ဖက်အဖွဲ့အစည်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို နိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲများ၊ ကိုယ်စားလှယ်ဘဏ်လုပ်ငန်းများဖြင့် အကောင်းမွန်ဆုံးဝန်ဆောင်မှု ပေးအပ်လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် Update ပြုလုပ်ထားပါသည်။
ခုနှစ်စတင်တည်ထောင်ခဲ့ပါသည်
ဝန်ထမ်းဦးရေ
ဘဏ်ခွဲများ
အေတီအမ်များ
တစ်ဦးချင်းနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များအလိုက် စုံလင်ကောင်းမွန်သော ဘဏ်ဝန်ဆောင်မှုများကို အချိန်တိုင်းတွင် အကောင်းဆုံးပေးစွမ်းနိုင်ရန်။
လူနေမှုဘဝ တိုးတက်မြင့်မားစေပြီး ဆန်းသစ်တီထွင်မှု၊ ကျွမ်းကျင်မှုနှင့် ကတိကဝတ်အပြည့်ရှိသော မြန်မာ့ထိပ်တန်း ဘဏ္ဍာရေးဝန်ဆောင်မှု အဖွဲ့အစည်းတစ်ခု ဖြစ်စေရန်။
MAB သည် အရည်အသွေးမြင့်ဝန်ဆောင်မှုများ ပေးအပ်ရာတွင် အရေးကြီးဆုံး အုတ်မြစ်များအဖြစ် အောက်ပါ ပင်မအရင်းခံတန်ဖိုး (Core Values) ၄ ချက်ကို စဉ်ဆက်မပြတ် လိုက်နာလျက် ရှိပါသည် –
မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB) ကို ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့တွင် ပထမဆုံးသော နေပြည်တော် ဘဏ်ခွဲကို တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံအနှံ့ရှိ ကုန်သွယ်ရေးနှင့် စားသုံးသူဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပေးအပ်နိုင်ရန်အတွက် ဘဏ်ခွဲကွန်ရက်အား အင်တိုက်အားတိုက် တိုးချဲ့ဖွင့်လှစ် ဝန်ဆောင်မှုပေးအပ်လျက်ရှိပါသည်။
မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB) သည် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံဗဟိုဘဏ် (CBM) မှ ဘဏ်လုပ်ငန်းလိုင်စင်ကို ရရှိပြီးနောက် ပြည်တွင်းနှင့် ပြည်ပဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။
Explore More