မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) မှ MAB iBanking အသုံးပြုသူ Customer များအား ကျေးဇူးတုံ့ပြန်သောအားဖြင့် MMQR Merchant ဆိုင်များတွင် ၃၀,၀၀၀ ကျပ်နှင့်အထက် ငွေပေးချေမှုတိုင်းအတွက် ပြန်အမ်းငွေ (Cashback) ၁,၀၀၀ ကျပ် ပြန်လည်ပေးအပ်မည့် အစီအစဉ်ဖြစ်ပါသည်။
အစီအစဉ်ကာလ-
၂၀၂၆ ခုနှစ်၊ မေလ (၁၅) ရက်နေ့ မှ စတင်ပါသည်။
ရရှိနိုင်မည့် ခံစားခွင့်
MAB iBanking အသုံးပြု၍ MMQR Merchant များတွင် Scan ဖတ်ပြီး ၃၀,၀၀၀ ကျပ် နှင့်အထက် ငွေပေးချေမှုတိုင်းအတွက် ပြန်အမ်းငွေ (Cashback) ၁,၀၀၀ကျပ် ရရှိနိုင်မည်ဖြစ်ပါသည်။
ပြန်အမ်းငွေပေးအပ်မည့်ပုံစံ
သတ်မှတ်ချက်နှင့်ကိုက်ညီသော ပြန်အမ်းငွေ (Cashback) ကို အဆိုပါပေးချေသည့်ရက်မှ နောက် ရုံးဖွင့်ရက် (၅) ရက်အတွင်း သက်ဆိုင်ရာဘဏ်စာရင်းထဲသို့ MAB မှ တိုက်ရိုက်ထည့်သွင်း ပေးသွားမည်ဖြစ်ပါသည်။
ပြန်အမ်းငွေ ထည့်သွင်းထားသောအကြောင်းကြား စာတို (SMS) ကို MAB ၏တရားဝင် SMS Channel မှတစ်ဆင့် အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ
(၁) မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ၏ MAB iBanking အသုံးပြုသူ Customer များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ပြုလုပ်ပေးထားသော အထူးပရိုမိုးရှင်းအစီအစဉ် “ပေးချေလိုက်တိုင်း Cashback ရမှာ MAB MMQR” အစီအစဉ်ဖြစ်ပါသည်။
(၂) အထူးအစီအစဉ်တွင် MAB iBanking အသုံးပြုသူ Customer များအားလုံးပါဝင်နိုင်မည်ဖြစ်ပြီး MAB iBanking ဖြင့် MMQR Merchant များတွင် ၃၀,၀၀၀ ကျပ် နှင့်အထက် ငွေပေးချေမှုတိုင်းအတွက် ပြန်အမ်းငွေ (Cashback) ၁,၀၀၀ ကျပ် ပြန်လည်ရရှိနိုင်မည်ဖြစ်ပါသည်။
(၃) ငွေပေးချေမှု တစ်ကြိမ်လျှင် ပြန်အမ်းငွေ (Cashback) အများဆုံး ၁,၀၀၀ ကျပ်သာ ရရှိမည်ဖြစ်ပါသည်။
(၄) Customer တစ်ဦးအနေဖြင့် တူညီသော Merchant သို့ တစ်ရက်လျှင် ၃၀,၀၀၀ ကျပ်နှင့်အထက် (၁) ကြိမ်ပေးချေမှုသာ အကျုံးဝင်မည်ဖြစ်ပြီး၊ ထပ်တိုးပေးချေမှုများအတွက် Cashback ထည့်သွင်းတွက်ချက်မည်မဟုတ်ပါ။
(၅) သတ်မှတ်ချက်များနှင့် ကိုက်ညီသော ရရှိမည့် ပြန်အမ်းငွေ (Cashback) ၁,၀၀၀ ကျပ်ကို ရုံးဖွင့်ရက် (၅) ရက်အတွင်း သက်ဆိုင်ရာ ဘဏ်စာရင်းထဲသို့ တိုက်ရိုက်ထည့်သွင်း ပေးသွားမည် ဖြစ်ပါသည်။
(၆) ပြန်အမ်းငွေထည့်သွင်းထားကြောင်း အကြောင်းကြားစာကို MAB ၏ တရားဝင် SMS ဖြင့် အသိပေးသွားမည်ဖြစ်ပြီး မြန်မာ့ရှေ့ဆောင်ဘဏ် အနေဖြင့် တိုက်ရိုက် ဖုန်းခေါ်ဆိုမှုများ (လုံးဝ) ပြုလုပ်မည်မဟုတ်ပါ။
(၇) အဆိုပါ အထူးအစီအစဉ်တွင် မည်သူမဆို ပါဝင်နိုင်ခွင့်ရှိမည်ဖြစ်ပါသည်။
(၈) မြန်မာ့ရှေ့ဆောင်ဘဏ်အနေဖြင့် အထက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို အခါအားလျော်စွာ ပြုပြင်ပြောင်းလဲပြင်ဆင်ပိုင်ခွင့်ရှိပြီး၊ ယခု “ပေးချေလိုက်တိုင်း Cashback ရမှာ MAB MMQR” အထူးပရိုမိုးရှင်းအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဆုံးဖြတ်ချက်သာ နောက်ဆုံးအတည်ဖြစ်ပါသည်။
(၉) အထူးပရိုမိုးရှင်းအစီအစဉ် “ပေးချေလိုက်တိုင်း Cashback ရမှာ MAB MMQR” နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက နီးစပ်ရာမြန်မာ့ရှေ့ဆောင်ဘဏ် ဘဏ်ခွဲများ (သို့မဟုတ်) MAB Call Center 01-8610612 သို့ အချိန်မရွေးမေးမြန်းစုံစမ်းနိုင်ပါသည်။