Menu
Posted On
August 31, 2026

“DENKO မှာ MAB နဲ့ ဆီဝယ် Cashback ၂,၀၀၀ ယူမယ်” အထူးအစီအစဉ်

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) မှ MAB iBanking Application အသုံးပြုသူ Customer များအား ကျေးဇူးတုံ့ပြန်သောအားဖြင့် DENKO ဆီဆိုင်များတွင် MAB iBanking Application ၏ MMQR ဖြင့် ငွေကျပ် ၅၀,၀၀၀ နှင့်အထက် ဆီဝယ်ယူ၍ ငွေပေးချေမှုများအတွက် ပြန်အမ်းငွေ (Cashback) ၂,၀၀၀ ကျပ် ပြန်လည်ပေးအပ်မည့် အထူးအစီအစဉ်ဖြစ်ပါသည်။


အစီအစဉ်ကာလ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ပါသည်။

ရရှိနိုင်မည့် ခံစားခွင့်

MAB iBanking Application ၏ MMQR ဖြင့် DENKO ဆီဆိုင်များတွင် ငွေကျပ် ၅၀,၀၀၀ နှင့်အထက် ဆီဝယ်ယူ၍ ငွေပေးချေမှုတိုင်းအတွက် ပြန်အမ်းငွေ (Cashback) ၂,၀၀၀ ကျပ် ရရှိနိုင်မည်ဖြစ်ပါသည်။

ပြန်အမ်းငွေပေးအပ်မည့်ပုံစံ

သတ်မှတ်ချက်နှင့်ကိုက်ညီသော ပြန်အမ်းငွေ (Cashback) ၂,၀၀၀ ကျပ်ကို အဆိုပါပေးချေသည့်ရက်မှ နောက် ရုံးဖွင့်ရက် (၅) ရက်အတွင်း သက်ဆိုင်ရာ Customer ၏ ဘဏ်စာရင်းထဲသို့ MAB မှ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

ပြန်အမ်းငွေ ထည့်သွင်းထားကြောင်း အကြောင်းကြားစာကို MAB ၏ တရားဝင် SMS Channel နှင့် MAB iBanking Notification တို့မှတစ်ဆင့် အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

(၁) MAB iBanking Application အသုံးပြုသူ Customer တစ်ဦးအနေဖြင့် တစ်ရက်လျှင် ငွေကျပ် ၅၀,၀၀၀ နှင့်အထက် (၁) ကြိမ်ပေးချေမှုသာ အကျုံးဝင်မည်ဖြစ်ပြီး ထပ်တိုးပေးချေမှုများအတွက် Cashback ထည့်သွင်းတွက်ချက်မည်မဟုတ်ပါ။

(၂) သတ်မှတ်ချက်များနှင့်ကိုက်ညီသော ရရှိမည့်ပြန်အမ်းငွေ (Cashback) ၂,၀၀၀ ကျပ်ကို ရုံးဖွင့်ရက် (၅) ရက်အတွင်း သက်ဆိုင်ရာ Customer ၏ ဘဏ်စာရင်းထဲသို့ တိုက်ရိုက်ထည့်သွင်း ပေးသွားမည် ဖြစ်ပါသည်။

(၃) ပြန်အမ်းငွေ ထည့်သွင်းထားကြောင်း အကြောင်းကြားစာကို MAB ၏ တရားဝင် SMS Channel နှင့် MAB iBanking Notification တို့ဖြင့် အသိပေးသွားမည်ဖြစ်ပြီး မြန်မာ့ရှေ့ဆောင်ဘဏ်အနေဖြင့် Customer များထံသို့ Cashback နှင့်ပတ်သက်၍ တိုက်ရိုက်ဖုန်းခေါ်ဆိုမှုများ (လုံးဝ) ပြုလုပ်မည်မဟုတ်ပါ။

(၄) ယခုအစီအစဉ်တွင် MAB iBanking Application အသုံးပြု၍ MMQR ဖြင့် ငွေပေးချေသည့် မည်သူမဆို ပါဝင်နိုင်မည်ဖြစ်ပါသည်။

(၅) မြန်မာ့ရှေ့ဆောင်ဘဏ်အနေဖြင့် အစီအစဉ်၏ သတ်မှတ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို အခါအားလျော်စွာ ပြုပြင်မွမ်းမံပြင်ဆင်ပိုင်ခွင့်ရှိမည်ဖြစ်ပါသည်။

(၆) ယခုအထူးပရိုမိုးရှင်းအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဆုံးဖြတ်ချက်သာ နောက်ဆုံးအတည်ဖြစ်ပါသည်။

(၇) ယခုအထူးပရိုမိုးရှင်းအစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက နီးစပ်ရာ မြန်မာ့ရှေ့ဆောင်ဘဏ် ဘဏ်ခွဲများ (သို့မဟုတ်) MAB Call Center 01-8610612 သို့ အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါသည်။



Terms and Conditions