Menu

MAB VISA Platinum Credit Card

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဝယ်ယူနိုင်ရန်အတွက် အသုံးပြုနိုင်သော အကြွေးကတ်ဖြစ်ပါသည်။ VISA Card ကို လက်ခံသောနိုင်ငံတိုင်း၌ ATM နှင့် POS စက်များနှင့် အွန်လိုင်းဈေးဝယ်ခြင်း၊ ငွေပေးချေခြင်းများကို စိတ်ချလွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။

အကျိုးကျေးဇူးများ

award_star[1]
Platinum Card ကိုင်ဆောင်ထားသူများအတွက် VISA Concierge ဝန်ဆောင်မှုကို ရယူခံစားနိုင်ခြင်း
award_star[1]
Platinum Card ကိုင်ဆောင်ထားသူများအတွက် VISA Concierge ဝန်ဆောင်မှုကို ရယူခံစားနိုင်ခြင်း
credit_card[1]
VISA နှင့် MAB တို့မှ ပေးအပ်သော အထူးခံစားခွင့်များ၊ အစီအစဉ်များနှင့် အထူးလျှော့စျေးများကို ရရှိနိုင်ခြင်း
credit_card[1]
VISA နှင့် MAB တို့မှ ပေးအပ်သော အထူးခံစားခွင့်များ၊ အစီအစဉ်များနှင့် အထူးလျှော့စျေးများကို ရရှိနိုင်ခြင်း
package_2[1]
Rewards Points များ စုဆောင်းနိုင်ခြင်း
package_2[1]
Rewards Points များ စုဆောင်းနိုင်ခြင်း

လုပ်ဆောင်ချက်များ

အလွယ်တကူ ငွေပေးချေနိုင်သည့်စနစ်
အလွယ်တကူ ငွေပေးချေနိုင်သည့်စနစ်
ကမ္ဘာတစ်ဝန်းလုံးနှင့် အွန်လိုင်းတွင် သုံးစွဲနိုင်ခြင်း
ကမ္ဘာတစ်ဝန်းလုံးနှင့် အွန်လိုင်းတွင် သုံးစွဲနိုင်ခြင်း
လုံခြုံစိတ်ချရသော EMV Chip ကို အသုံးပြုထားခြင်း
လုံခြုံစိတ်ချရသော EMV Chip ကို အသုံးပြုထားခြင်း

စာရင်းဖွင့်ရန် လိုအပ်သော အချက်အလက်များ

သတ်မှတ်⁠ချက်⁠နှင့်⁠ ⁠⁠ကိုက်⁠ညီ⁠ပြီး⁠ ⁠⁠လိုအပ်⁠သော⁠အထောက်အထား⁠ ⁠⁠ပြည့်စုံ⁠စွာ⁠ ⁠⁠တင်ပြ⁠နိုင်⁠သည့်⁠ ⁠⁠မည်⁠သည့်⁠အဖွဲ့⁠အစည်း⁠⁠/⁠⁠ပုဂ္ဂိုလ်⁠မ⁠ဆို⁠ ⁠⁠လျှောက်ထား⁠နိုင်⁠ပါသည်⁠⁠။⁠ ⁠⁠လျှောက်လွှာ⁠အား⁠ ⁠⁠အတည်ပြု⁠ခြင်း⁠နှင့်⁠ ⁠⁠ချေးငွေ⁠ပမာဏ⁠ ⁠⁠(⁠⁠Credit⁠ ⁠⁠Limit⁠⁠)⁠ ⁠⁠သတ်မှတ်⁠ခြင်း⁠တို့သည်⁠ ⁠⁠ဘဏ်⁠⁠၏⁠ ⁠⁠ဆုံးဖြတ်ချက်⁠အပေါ်⁠တွင်⁠သာ⁠ ⁠⁠မူတည်⁠ပါသည်⁠⁠။

  • ကတ်လျှောက်ထားသူသည် အသက် (၂၁) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
  • ကတ်လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။
  • Platinum Credit Card လျှောက်ထားရန်အတွက် အနည်းဆုံးလစာ ဝင်ငွေ (၁,၅၀၀,ဝဝဝ) ကျပ် ရှိရမည်ဖြစ်သည်။

လိုအပ်⁠သော⁠စာရွက်စာတမ်း⁠များ⁠နှင့်⁠အတူ ⁠နီးစပ်⁠ရာ⁠ဘဏ်⁠ခွဲ⁠များ⁠တွင် ⁠လာ⁠ရောက်⁠လျှောက်ထား⁠နိုင်⁠ပါသည်⁠။ ⁠ဘဏ်⁠သို့ ⁠လာ⁠ရောက်⁠သည့်⁠အခါ ⁠စာရွက်စာတမ်း⁠များ⁠၏ ⁠မူရင်း⁠ကို ⁠မ⁠ဖြစ်⁠မ⁠နေ ⁠ယူဆောင်⁠လာ⁠ရန် ⁠လိုအပ်⁠ပါသည်⁠။

  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (ရှေ့၊ နောက်)
  • ဓာတ်ပုံ (၂)ပုံ (၆)လ အတွင်း
  • အလုပ်ရှင်၏ ထောက်ခံစာ (မူရင်း)
  • လုပ်ငန်းလိုင်စင် (သို့) ကုမ္ပဏီ မှတ်ပုံတင် လက်မှတ် (မိတ္တူ)
  • အိမ်ထောင်စုစာရင်းမိတ္တူ (ရှေ့၊ နောက်)
  • မည်သည့် အခြားဘဏ်များမှ နောက်ဆုံး ဘဏ်စာရင်းရှင်းတမ်း (မူရင်း)
  • လိပ်စာကတ် (ရှိပါက)

VISA Platinum Credit Card လျှောက်ထားခြင်းလုပ်ငန်းစဉ်

  • လျှောက်လွှာ⁠ပုံစံ⁠စာရွက်⁠ကို ⁠ဒေါင်း⁠လုတ်⁠ရယူ⁠ပါ⁠။ ⁠(⁠သို့⁠) ⁠အနီး⁠ဆုံး⁠ဘဏ်⁠ခွဲ⁠သို့ ⁠သွား⁠ပါ⁠။
  • လျှောက်လွှာကို ဖြည့်ပါ။
  • လျှောက်ထား⁠လို⁠သော⁠ကတ်⁠နှင့်⁠⁠ ⁠⁠⁠သက်ဆိုင်⁠သည့်⁠⁠ ⁠⁠⁠လိုအပ်⁠မည့်⁠စာရွက်စာတမ်း⁠များ⁠ကို⁠⁠ ⁠⁠⁠ဖတ်⁠ရှု⁠လေ့လာ⁠ပြင်ဆင်⁠ပါ⁠⁠⁠။
  • Credit ကတ် လျှောက်ထားသူတိုင်း MAB စာရင်းရှင်စာရင်း (Current Account) ဖွင့်ရပါမည်။
  • ကတ်⁠လျှောက်ထား⁠ခြင်း⁠အပေါ်⁠တွင် ⁠ခွင့်⁠ပြု⁠ခြင်း ⁠(⁠သို့⁠) ⁠ငြင်းပယ်⁠ခြင်း⁠ကို ⁠ဘဏ်⁠မှ ⁠အကြောင်းကြား⁠မည် ⁠ဖြစ်⁠ပါသည်⁠။
  • ကတ်⁠စတင်⁠လျှောက်ထား⁠ချိန်⁠မှ⁠စ⁠၍ ⁠ကတ်⁠လက်⁠ဝယ်⁠ရရှိ⁠ရန် ⁠တစ်⁠လ ⁠စောင့်ဆိုင်း⁠ရ⁠ပါ⁠မည်⁠။
  • ကတ်ရရှိပါက နိုင်ငံသားစိစစ်ရေးကတ် မူရင်းယူဆောင်၍ ဘဏ်တွင် လူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။ Platinum Credit ကတ်ရယူခြင်း အတွက် ကတ်လျှောက်ထားသူမှ ငွေကြေးကတိစာချုပ် (Promissory Note) နှင့် အာမခံပေးသူမှာ (L25 form နှင့် third party letter of set off) ရေးထိုးပေးရမည်။
  • ကတ်မှ ရရှိသော အထူးအခွင့်အရေးများနှင့် အခြားအကြောင်းကြားစာများကို လက်လွတ်မခံရအောင် အီးမေးလ်ကို အမြဲစစ်ပေးရန် လိုအပ်ပါသည်။

ဆင့်ပွားကတ်လျှောက်ထားပုံ
မိသားစုဝင်များ (ဖခင်၊ မိခင်၊ ခင်ပွန်း၊ ဇနီး၊ သားသမီး) အတွက် ဆင့်ပွားကတ်ကို လျှောက်ထားလိုပါက အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ။

  • လျှောက်လွှာပုံစံစာရွက်ကို ဒေါင်းလုတ်ရယူပါ။ (သို့) အနီးဆုံးဘဏ်ခွဲသို့ သွားပါ။
  • လျှောက်လွှာကို ဖြည့်ပါ။
  • လျှောက်ထားလိုသောကတ်နှင့် သက်ဆိုင်သည့် လိုအပ်သောစာရွက်စာတမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
    • ဆင့်ပွားကတ် လျှောက်ထားပါက လျှောက်ထားလိုသူ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ (ရှေ့၊ နောက်) လိုအပ်ပါသည်။
    • လျှောက်ထားလိုသူသည် အနည်းဆုံး အသက် (၁၆) နှစ် ရှိရပါမည်။
    • အများဆုံး ကတ် (၂) ကတ် အထိသာ လျှောက်ထားခွင့်ရှိသည်။
    • လျှောက်လွှာနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများအားလုံးကို နီးစပ်ရာ MAB ဘဏ်ခွဲများသို့ မူလကတ်ပိုင်ရှင်နှင့် ဆင့်ပွားကတ်လျှောက်ထားသူထံမှ မူရင်းစာရွက်စာတမ်းများကို ယူဆောင်လာရပါမည်။
    • ကတ်လျှောက်ထားခြင်းအပေါ်တွင် ခွင့်ပြုခြင်း (သို့) ငြင်းပယ်ခြင်းကို ဘဏ်မှ အကြောင်းကြားမည် ဖြစ်ပါသည်။
    • ကတ်စတင်လျှောက်ထားချိန်မှစ၍ ကတ်လက်ဝယ်ရရှိရန် (၁၄) ရက်အထိစောင့်ဆိုင်းရပါမည်။
    • ကတ်ရရှိပါက နိုင်ငံသားစိစစ်ရေးကတ် မူရင်းယူဆောင်၍ ဘဏ်တွင် လူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။
    • ကတ်မှ ရရှိသော အထူးအခွင့်အရေးများနှင့် အခြားအကြောင်းကြားစာများကို လက်လွတ်မခံရအောင် အီးမေးလ်ကို အမြဲစစ်ပေးရန် လိုအပ်ပါသည်။

    အကယ်၍ Platinum Credit Card လျှောက်ထားသူအနေဖြင့် MAB မှ ချမှတ်ထားသော အချက်အလက်များ Fail ဖြစ်ခဲ့ပါက အာမခံပေးသူ ခေါ်လာရန် လိုအပ်ပါသည်။ အာမခံပေးသူအနေဖြင့် deposit ထားရှိရန်မလိုအပ်ပါ။ သို့သော် အာမခံပေးသူအနေဖြင့် MAB ဘဏ်၏ လက်ရှိ current (or) savings ဘဏ်စာရင်း ရှိသူများဖြစ်ရပါမည်။ အာမခံပေးသူအနေဖြင့်-

    • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (ရှေ့၊ နောက်)
    • အလုပ်ရှင်၏ ထောက်ခံစာ (မူရင်း) (သို့မဟုတ်) လုပ်ငန်းလိုင်စင် (သို့မဟုတ်) ကုမ္ပဏီမှတ်ပုံတင် လက်မှတ် (မိတ္တူ)
    • အိမ်ထောင်စုစာရင်းမိတ္တူ (ရှေ့၊ နောက်)
    • နောက်ဆုံးလစာ ဝင်ငွေစာရွက် မူရင်း (သို့မဟုတ်) MAB ဘဏ်၏ နောက်ဆုံး ဘဏ်စာရင်းရှင်းတမ်း (မိတ္တူ)
    • လိပ်စာကတ် (ရှိပါက)

သတ်မှတ်နှုန်းထားများ

Product Identification VISA Platinum Credit Card
ကတ် သက်တမ်း (၅) နှစ်

ကတ် လျှောက်ထားခ (Primary) ၃၀,၀၀၀ ကျပ်
ကတ် လျှောက်ထားခ (Supplementary) ၃၀,၀၀၀ ကျပ်
ကတ်၏ နှစ်စဉ်ကြေး (Primary) ၁၂၀,၀၀၀ ကျပ်
ကတ်၏ နှစ်စဉ်ကြေး (Supplementary) ၆၀,၀၀၀ ကျပ်

Pin No. မှားယွင်း၍ အသစ်လျှောက်ထားခ ၅,၀၀၀ ကျပ်
ကတ်(ပျောက်/ပျက်စီး)ခြင်းများအတွက်လျှောက်ထားခ ၂၅,၀၀၀ ကျပ်
နောက်ကျကြေး (လစဉ်) ၂%
အနည်းဆုံးပမာဏမပေးဆပ်ခြင်းကြောင့် ကျသင့်သော ဒဏ်ကြေး (လစဉ်) ၁%
သတ်မှတ်ပမာဏကျော်လွန်အတိုင်း (လစဉ်) ကျော်လွန်အသုံးပြုထားသော ပမာဏ၏ ၂%
ပြေစာ ထုတ်ယူခတစ်ရွက်နှုန်း ((၃) လ အတွင်း) ၁၅,၀၀၀ ကျပ် + အခြား ပေးသွင်းကြေး
Account Statement copy ထုတ်ယူခ ၅,၀၀၀ ကျပ်

Credit Limit ပမာဏတိုးရန် လျှောက်ထားခြင်း ၅၀,၀၀၀ ကျပ်
ကတ် အကောင့်အဆင့်မြှင့်တင်ခြင်း (Secured to Unsecured Card) ၅၀,၀၀၀ ကျပ်
Purchase အတိုးနှုန်း (နှစ်စဉ်) ၁၆%
Cash Advance Interest Rate (လစဉ်) ၁.၃၃% (စတင် ထုတ်ယူသည့်နေ့မှစ၍ ကောက်ခံပါမည်)

ATM တွင် လက်ကျန်ငွေ စစ်ဆေးခြင်း MAB ATM - အခမဲ့
ပြည်တွင်း ATM - ၅၀၀ ကျပ်
ပြည်ပ ATM - ၁,၀၀၀ ကျပ်
ပြည်ပ ATM တွင် ငွေသား ထုတ်ယူခ ၁၀% of the transaction amount + အခြား ပြည်ပ ATM မှ ကောက်ခံကြေး
ပြည်တွင်း ATM တွင် ငွေသား ထုတ်ယူခ MAB ATM - ငွေသားထုတ်ယူမှု၏ ၅ %
အခြား ATM - ငွေသားထုတ်ယူမှု၏ ၅ % + အခြားဘဏ်မှ သတ်မှတ်နှုန်းထားများ
ATM မှ ငွေသားထုတ်ယူနိုင်သော ပမာဏ Credit Card အသုံးပြုနိုင်သော ငွေပမာဏ၏ ၂၀%

အများဆုံးအသုံးပြုနိုင်သောငွေပမာဏ ၂,၅၀၀,၀၀၀ ကျပ်
ပြည်တွင်း၊ ပြည်ပ POS နှင့် E-Commerce တို့တွင် လစဉ် အများဆုံး အသုံးပြုနိုင်မှု ငွေပမာဏ ၂,၅၀၀,၀၀၀ ကျပ်
Cross Border Service Fee Subject to markup rate

ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူရန်