Menu
မိုးအေးလို့လာပါပြီ! ဟော့ပေါ့လေး မစားချင်ဘူးလား? 🥘
Posted On
May 25, 2022

မိုးအေးလို့လာပါပြီ! ဟော့ပေါ့လေး မစားချင်ဘူးလား? 🥘

MAB Mobile ပရိတ်သတ်ကြီးကို ဒီတစ်ခါတော့ လကုန်ရက်လေး ဟော့ပေါ့ ကျွေးချင်လို့ပါ။ တစ်ယောက်တည်းကို ကျွေးမှာမဟုတ်ပါဘူး။ သူငယ်ချင်းတစ်ဖွဲ့လုံးကို တစ်ဝိုင်းကျွေးမှာပါ။

ဒီလိုမျိုး သူငယ်ချင်းတွေနဲ့ Squad လိုက် ဟော့ပေါ့လေးစားဖို့ ကံထူးဖို့အတွက် —

၁။ မိမိကိုယ်တိုင် MAB Mobile Viber Community join ထားပြီး၊ ဟော့ပေါ့အတူတူစားချင်တဲ့ သူငယ်ချင်း (၃) ယောက်ကို MAB Mobile Viber Community သို့ ၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ Invite လုပ်ပေးရပါမည်။

Viber Community join ရန် Link >> https://rb.gy/ztj89g

၂။ ပြီးရင်MAB Mobile Facebook Page တွင်တင်ထားသော “လူစုံတာနဲ့ ဟော့ပေါ့ကျွေးမည်" campaign ပို့စ်၏ ကွန်မန့်မှာ မိမိအပါအဝင် Viber Invite လုပ်ထားတဲ့ သူငယ်ချင်း (၃)ယောက်၏ Viber အကောင့်နာမည်များနှင့် ပါဝင်သည့် သူငယ်ချင်းတွေနဲ့အတူတူရိုက်ထားတဲ့ Group Photo လေးပါ တွဲမန့်ပေးဖို့ လိုအပ်ပါသည်။

၃။ နောက်ဆုံးအနေဖြင့် MAB Mobile Facebook Page ရှိ သက်ဆိုင်ရာပို့စ်ကို Like လုပ်ပြီး #MABMobileViberCommunity #HotPotContest နဲ့အတူ မိမိ၏ Facebook Account တွင် Public Share လေး လုပ်ပေးရပါမည်။

၄။ ဒါဆိုရင်တော့ Viber Community မှာ သူငယ်ချင်းတွေအားလုံး Member ဖြစ်ပြီဆိုတာနဲ့ သူငယ်ချင်း Squad တစ်ခုလုံး ဟော့ပေါ့စားဖို့ MAB Mobile မှ ငွေသားလက်ဆောင် (၄၀,၀၀၀) ကျပ်ရရှိဖို့ အခွင့်အရေး ရရှိနိုင်ပါပြီ။

ပါဝင်မည့်အဖွဲ့ဝင်အားလုံး ၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့ (ည ၁၂နာရီ) နောက်ဆုံးထား Join ပေးရမည်ဖြစ်ပြီး ဆုကြေးငွေ (၄၀,၀၀၀) ကျပ်စီကို ပါဝင်ယှဉ်ပြိုင်သည့်အဖွဲ့များထဲမှ (၅)ဖွဲ့ကို Random ရွေးချယ်ပေးအပ်သွားမှာပဲ ဖြစ်ပါသည်။

စည်းမျဉ်းစည်းကမ်းများ နှင့် ကိုက်ညီမှသာလျှင် ကံထူးခွင့် ရရှိမှာဖြစ်ပါသည်။

ကဲ....မိုးအေးတုန်းလေးမှာ သူငယ်ချင်းတွေနဲ့အတူ ဟော့ပေါ့ဆွဲဖို့ သူငယ်ချင်းတွေကို အမြန်ဆုံး Invite လိုက်ပါတော့။

ဤအစီအစဉ်တွင် ပါဝင်မည့်သူများသည် အောက်ဖော်ပြပါ စည်းမျဉ်း၊ စည်းကမ်း အချက်အလက်များ အားလုံးကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။  

၁။ မိမိကိုယ်တိုင် MAB Mobile Viber Community သို့ Member အဖြစ် ဝင်ရောက် ချိတ်ဆက် Join ထားရန် လိုအပ်ပြီး၊ မိမိ၏ သူငယ်ချင်း (၃) ဦး ကိုလည်း MAB Mobile Viber Community သို့ Member အဖြစ် ဝင်ရောက် ချိတ်ဆက် Join နိုင်ရန်အတွက် invite ဖိတ်ခေါ်ပေးရပါမည်။ (၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့ (ည ၁၂ နာရီ) နောက်ဆုံးထား၍)

၂။ MAB Mobile Facebook Page တွင် တင်ထားသော "လူစုံတာနဲ့ ဟော့ပေါ့ကျွေးမည်" campaign post အောက်တွင် MAB Mobile Viber Community သို့ Invite ထားသော သူငယ်ချင်းတွေရဲ့ Viber အကောင့်နာမည်များနဲ့ သူငယ်ချင်း Group Photo ပါ ထည့်၍ comment ပေးရန် လိုအပ်ပါသည်။ (Group Photo ဟုဆိုရာတွင် ပါဝင်သော သူငယ်ချင်းများနှင့်အတူ ရိုက်ထားသော selfie (သို့မဟုတ်) အုပ်စုလိုက်အလှပုံ (သို့မဟုတ်) ဓါတ်ပုံတစ်ပုံထဲတွင် သူငယ်ချင်းများ၏ ပုံများနှင့် စုပေါင်း collage လုပ်ထားသောပုံ)

၃။ MAB Mobile Facebook Page တွင် တင်ထားသော "လူစုံတာနဲ့ ဟော့ပေါ့ကျွေးမည်" campaign post ကို Like ပြုလုပ်၍၊ မိမိ၏ကိုယ်ပိုင် Facebook အကောင့်တွင် Public ဖွင့်ကာ Share ပေးရန် လိုအပ်ပါသည်။ Share ပြုလုပ်ရာတွင်လည်း (#MABMobileViberCommunity #HotPotContest) Hashtag ကို ထည့်၍ ရေးရပါမည်။

၄။ မိမိနှင့် မိမိသူငယ်ချင်း တစ်ဖွဲ့လုံး MAB Mobile Viber Community Member ဖြစ်ရန် လိုအပ်ပါသည်။

၅။ Social Media တွင် အထက်ဖော်ပြပါ အချက်များကို ပြည့်စုံစွာ လုပ်ဆောင်ထားမှသာလျှင် ယခု အစီအစဉ်တွင် ပါဝင်ကံစမ်းခွင့် ရရှိမည် ဖြစ်ပါသည်။

၆။ သူငယ်ချင်းတစ်ဖွဲ့လျှင် လူဦးရေ အများဆုံး (၄) ဦးအထိသာ ကံထူးနိုင်မည်ဖြစ်၍ သူငယ်ချင်း အဖွဲ့ (၅) ဖွဲ့ကို ရွေးချယ် မဲဖောက်ပေးသွားမည်ဖြစ်ပြီး၊ ကံထူးရှင်အဖွဲ့များကို ၂၀၂၂ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် MAB Mobile Facebook messenger မှ တိုက်ရိုက်အကြောင်းကြားပေးသွားမည်ဖြစ်သည့်အပြင် MAB Mobile Viber Community မှလည်း Winner Post ကို တင်ပေးသွားမည် ဖြစ်ပါသည်။

၇။ ကံထူးရှင်သည် MAB Mobile မှ ပေးအပ်သော ဆုကြေးငွေ (၄၀,၀၀၀ ကျပ်) ကို လက်ခံရန်အတွက် MAB Mobile Wallet အကောင့်ကို ကိုယ်ရေးအချက်အလက် ပြည့်စုံမှန်ကန်စွာဖြင့် ဖွင့်လှစ်ထားရန် လိုအပ်ပါသည်။

၈။ ဆုကြေးငွေ (၄၀,၀၀၀ ကျပ်)ကို ဤအစီအစဉ်အပြီး ရုံးဖွင့်ရက် (၃) ရက်အတွင်း သက်ဆိုင်ရာ ကံထူးရှင်အဖွဲ့၏ MAB Mobile Wallet အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ (ကံထူးရှင် သူငယ်ချင်းတစ်ဖွဲ့လျှင် comment ရေးသားထားသည့် ကိုယ်စားပြု တစ်ဦးသာ)

၉။ မိမိနှင့်မသိဘဲ နာမည်တူ ကူးယူခြင်း အစရှိသည့် မသင်္ကာမှု (သို့) မသမာမှုတစ်စုံတစ်ရာတွေ့ရှိပါက ခံစားခွင့်များကို မြန်မာ့ရှေ့ဆောင်ဘဏ်မှ ရုပ်သိမ်းပိုင်ခွင့်ရှိသည်။

၁၀။ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပြီး အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများအား ဘဏ်မှ လိုအပ်သလို ပြင်ဆင်ပြောင်းလဲပိုင်ခွင့်ရှိသည်။

#MABMobile #MABMobileViberCommunity #HotPotContest

Terms and Conditions