AGGC Group နှင့် MAB ဘဏ်တို့ပူးပေါင်းပြီး EASY TO OWN အစီအစဉ်မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့၊ Lotte ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့သည်။ EASY TO OWN အစီအစဉ်သည် AGGC မှ ထုတ်လုပ်သော စက်ပစ္စည်းများကို MAB ဘဏ်နှင့်ချိတ်ဆက်ကာ Amortization စနစ်ဖြင့်ရောင်းချသွားမည့်အစီအစဉ်ဖြစ်သည်။ ယင်းအစီအစဉ်အရ AGGC မှ စက်ယန္တယား၊ စက်ပစ္စည်းများကို Down Payment ၁၅ ရာခိုင်နှုန်းသာစတင်ပေးချေပြီး ချေးငွေသက်တမ်းအများဆုံး ၃ နှစ်အထိ ဝယ်ယူသွားနိုင်မည်ဖြစ်သည်။ ထို့ပြင် Sales Commission Service Charges ကိုလည်း အခမဲ့ပေးသွားမည်ဖြစ်သည်။ EASY TO OWN မိတ်ဆက်ပွဲအခမ်းအနားတွင် AGGC မှ CEO ဦးအောင်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး MAB ဘဏ်မှ Deputy Chief Business Officer ဦးဇော်မိုးအောင်က MAB ဘဏ်ကိုယ်စားပြုကာ အချက်အလက်များရှင်းလင်းတင်ပြခဲ့သည်။