Menu
အချိန်အကန့်အသတ်မရှိ ငွေအပ်နှံထုတ်ယူနိုင်ပြီး နေ့စဉ်အတိုးတွက်ချက်ထည့်သွင်းပေးတဲ့ MAB Better Call (ခေါ်ယူအပ်ငွေစာရင်းသစ်)
Posted On
August 1, 2024

အချိန်အကန့်အသတ်မရှိ ငွေအပ်နှံထုတ်ယူနိုင်ပြီး နေ့စဉ်အတိုးတွက်ချက်ထည့်သွင်းပေးတဲ့ MAB Better Call (ခေါ်ယူအပ်ငွေစာရင်းသစ်)

အချိန်ကာလ အကန့်အသတ်မရှိ ငွေအပ်နှံထုတ်ယူနိုင်မဲ့အပြင် နေ့စဉ် အတိုးနှုန်း တွက်ချက်ပေးတဲ့ ‌အပ်ငွေစာရင်းအမျိုးအစားဆိုရင်တော့ MAB Better Call (‌ခေါ်ယူအပ်ငွေစာရင်းသစ်) ရှိပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၄ ရက်နေ့မှ စတင်ပြီး MAB Better Call (‌ခေါ်ယူအပ်ငွေစာရင်းသစ်) မှာ ငွေကျပ်တစ်သိန်းနှင့်အထက် အပ်နှံသူတိုင်း တစ်နှစ်ကို အတိုးနှုန်း ၇.၀၀% ရရှိနိုင်မှာ ဖြစ်တဲ့အပြင် အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး အပ်ငွေစာရင်းထဲမှာ လစဉ်ပုံမှန် ထည့်သွင်းပေးသွားမှာပါ။ MAB Better Call (ခေါ်ယူအပ်ငွေစာရင်းသစ်) ကို နီးစပ်ရာ MAB ဘဏ်ခွဲများတွင် ဖွင့်လှစ်နိုင်ပြီး ငွေကျပ်တစ်သောင်းမှ စတင်၍ ပမာဏနှင့် အချိန်ကာလအကန့်အသတ်မရှိ ငွေသားအပ်နှံနိုင်ပါတယ်။ MAB Better Call (ခေါ်ယူအပ်ငွေစာရင်းသစ်) ၏ ထပ်တိုးအကျိုးခံစားခွင့်များမှာ + အပ်ငွေပမာဏ (၁၀၀,၀၀၀) ကျပ်မှ စတင်၍ ထည့်သွင်းသည့်မည်သည့် အပ်ငွေပမာဏမဆို အတိုးနှုန်းတစ်နှစ်လျှင် ၇.၀၀% မှစတင်၍ရရှိနိုင်ခြင်း၊ + Individual A/C များအတွက် ကတ်လျှောက်ထားရယူနိုင်ခြင်း၊ + MAB iBanking လျှောက်ထားနိုင်ခြင်း၊ + နေ့စဉ်အတိုးတွက်ချက်ပေးခြင်း၊ + ပမာဏအကန့်အသတ်မရှိ အဆင်ပြေလွယ်ကူစွာဖြင့် ငွေအပ်နှံနိုင်ခြင်း/ငွေထုတ်ယူနိုင်ခြင်း၊ + MAB Better Call Deposit (ခေါ်ယူအပ်ငွေစာရင်းသစ်) ၏ ချက်လက်မှတ်ဖြင့် မည်သူမဆို ငွေသားထုတ်ယူရရှိနိုင်ခြင်း၊ + အတိုးကိုလစဉ်ထည့်သွင်းပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။ MAB Better Call (ခေါ်ယူအပ်ငွေစာရင်းသစ်) နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် MAB Call Center 01-8610612 ကို အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Terms and Conditions