Menu
နှစ်မကုန်ခင်လေး MAB Better Savings နဲ့ငွေစုပါ။
Posted On
December 2, 2025

နှစ်မကုန်ခင်လေး MAB Better Savings နဲ့ငွေစုပါ။

ငွေစုတယ်ဆိုတဲ့နေရာမှာ စောတယ်၊ နောက်ကျတယ်ရယ်လို့ မရှိပါဘူး။ ၂၀၂၅ ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလ မကုန်ခင်လေးမှာ ငွေစုဖို့ စဉ်းစားနေရင် အတိုးနှုန်း 10% p.a. အထိ ရယူနိုင်တဲ့ MAB Better Savings နဲ့ငွေစုလို့ရတယ်နော်။

MAB Better Savings (ငွေစုဘဏ်အပ်ငွေစာရင်းသစ်) ဟာဆိုရင် ကနဦးပေးသွင်းငွေ (၁၀,၀၀၀) ကျပ်မှ စပြီး ပမာဏအကန့်အသတ်မရှိ စုဆောင်းနိုင်တဲ့အပြင် လစဉ်လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့ အတွင်း ငွေသားအပ်နှံနိုင်တဲ့အတွက် အခုလို လတစ်လရဲ့ အစမှာ ငွေစုဖို့ စဉ်းစားနေရင် သေချာပေါက် ရွေးချယ်သင့်တဲ့ စုငွေအမျိုးအစားပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အတိုးနှုန်းများကို လဆန်း ၇ ရက်နေ့မတိုင်ခင် ကျန်ရှိနေသော အနည်းဆုံးလက်ကျန်ငွေအပေါ်အခြေခံ၍ တွက်ချက်ကာ Account ထဲသို့အတိုးထည့်ပေးတဲ့အပြင် Current account, MPU card, mobile banking နဲ့ iBanking တို့နဲ့လဲ ချိတ်ဆက်၍ အသုံးပြုနိုင်တာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လစဉ်ပုံမှန်ငွေစုလိုသူတွေ ရွေးချယ်သင့်တဲ့ စုငွေစာရင်းပဲ ဖြစ်ပါတယ်။

MAB Better Savings (ငွေစုဘဏ်အပ်ငွေစာရင်းသစ်) ကို နီးစပ်ရာ MAB ဘဏ်ခွဲများမှာ ကိုယ်တိုင်လာရောက်ဖွင့်လှစ်နိုင်သလို အသေးစိတ်ကို MAB Official Website - www.mabbank.com နှင့် MAB Call Center 01 8610612 ကိုလဲ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Terms and Conditions