Menu
သွေးလှူခြင်းဖြင့်ကုသိုလ်ယူMABနဲ့အတူ
Posted On
July 4, 2026

သွေးလှူခြင်းဖြင့်ကုသိုလ်ယူMABနဲ့အတူ

MAB ရဲ့ (၁၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် MAB မိသားစုဝင်ဝန်ထမ်းများ စုပေါင်းကာ သွေးလှူဒါန်းခြင်း အစီအစဉ်ကို ဇူလိုင်လ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအစီအစဉ်ကို အမျိုးသားသွေးလှူဘဏ် (National Blood Center) တွင် MAB ဝန်ထမ်းများက အားတက်သရော ပါဝင်လှူဒါန်းခဲ့ကြပါတယ်။

သွေးလှူဒါန်းခြင်းသည် တစ်ပါးသူ၏ အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်သည့် မွန်မြတ်သောအလှူတစ်ခု ဖြစ်ပါတယ်။ ထိုသို့ မွန်မြတ်သော သွေးအလှူအစီအစဉ်တွင် စေတနာအပြည့်ဖြင့် ပါဝင်ပေးခဲ့ကြသော MAB ဝန်ထမ်းတစ်ဦးချင်းစီတိုင်းအား အထူးကျေးဇူးတင်ရှိပါတယ်။