Menu
ဘဏ်ပိတ်ရက် ကြေညာခြင်း
Posted On
April 8, 2026

ဘဏ်ပိတ်ရက် ကြေညာခြင်း

၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၁၁ ရက် (စနေနေ့) မှ ဧပြီလ၊ ၁၉ ရက် (တနင်္ဂနွေနေ့) အထိသည် မြန်မာ့နှစ်သစ်ကူးကာလ အများပြည်သူအလုပ်ပိတ်ရက်များ ဖြစ်ပါသဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဘဏ်ခွဲများ ပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။

အထက်ပါ ဘဏ်ပိတ်ရက်မတိုင်မီ နီးစပ်ရာ MAB ဘဏ်ခွဲများသို့ သွားရောက်၍ လူကြီးမင်းတို့၏ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုများကို ကြိုတင်ပြုလုပ်နိုင်သကဲ့သို့ ဘဏ်ပိတ်ရက်ကာလများတွင်လဲ MAB ၏ ATM ဝန်ဆောင်မှုများ၊ iBanking ဝန်ဆောင်မှုများနှင့် Mobile Banking ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း အသုံးပြုနိုင်မှာဖြစ်ပါသည်။ 

ဘဏ်လုပ်ငန်းဝန်ဆောင်မှုနှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက *MAB Call Center 01 8610 612* သို့ (၂၄) နာရီပတ်လုံး အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။