ပိုမိုကောင်းမွန်သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် နည်းပညာအဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်ရှိပါသဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၁၃ ရက်၊ စနေနေ့၊ နံနက် (၁:၀၀) နာရီမှ နံနက် (၄:၀၀) နာရီအတွင်းတွင် MAB ၏ ကတ်ဝန်ဆောင်မှုများ၊ ATM ဝန်ဆောင်မှုများ၊ POS ဝန်ဆောင်မှုများ၊ E commerce ဝန်ဆောင်မှုများ၊ MAB ibanking ရှိ ကတ်ဝန်ဆောင်မှုများကို ခေတ္တရရှိနိုင်မည်မဟုတ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။
လူကြီးမင်းတို့၏ သည်းခံနားလည်ပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် လိုအပ်သော နည်းပညာအဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးစီးပါက ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မှာဖြစ်သလို အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက MAB Call Center 01 8610612 သို့ အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါသည်။