MAB သည် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပြီး MAB iBanking ဝန်ဆောင်မှုများ၊ MAB ကတ်ဝန်ဆောင်မှုများနှင့် MAB ATM ဝန်ဆောင်မှုများအပါအဝင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား Customer များအတွက် အဆင်ပြေဆုံးသော ဘဏ်လုပ်ငန်းအတွေ့အကြုံ ရရှိစေရန် နိုင်ငံတစ်ဝန်းလုံးတွင် ဝန်ဆောင်မှုကွန်ရက်နှင့် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်များဖြင့် စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ထို့အပြင် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် ငွေကြေးဆိုင်ရာ တရားဝင်အချက်အလက်များကို အသေးစိတ်သိရှိလိုပါက နီးစပ်ရာ MAB ဘဏ်ခွဲများ သို့မဟုတ် MAB Call Center (01-8610612) သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်သည့်အပြင်MAB ၏ တရားဝင် Website (www.mabbank.com) တွင်လဲ အချိန်နှင့်တစ်ပြေးညီ ပြန်ကြားထုတ်ပြန်ပေးလျက်ရှိပါသည်။
ထို့ကြောင့် တရားဝင်မဟုတ်သော အရင်းအမြစ်များမှ ရရှိသော အချက်အလက်များသည် တရားဝင်ရင်းမြစ်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးအတည်ပြုနိုင်ကြပါရန် လေးစားစွာ အကြံပြုအပ်ပါသည်။