Menu
Posted On
November 28, 2025

“ထူးချင်တယ်ဆို MAB Cards Lucky Chances”

အစီအစဉ်

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ၏ ကတ်ဝန်ဆောင်မှု အသုံးပြုသူ Customer များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ပြုလုပ်ပေးထားသော  “ထူးချင်တယ်ဆို၊ MAB Cards Lucky Chances” အစီအစဉ်ဖြစ်ပါသည်။

အစီအစဉ်ကာလ

MAB ၏ “ထူးချင်တယ်ဆို၊ MAB Cards Lucky Chances” အစီအစဉ်ကာလမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်ပါသည်။

ပါဝင်နိုင်မည့်အစီအစဉ်

  • MAB MPU-UPI Platinum Debit Card,
  • MAB VISA Prepaid Card,
  • MAB VISA Classic Credit Card,
  • MAB VISA Platinum Credit Card နှင့်
  • MAB GOLD VISA Credit Card တို့ဖြင့်

အထက်ဖော်ပြပါကတ်များဖြင့် အနည်းဆုံး ကျပ် (၃) သောင်း အသုံးပြုခြင်းဖြင့် ကံထူးခွင့် (၁) ကြိမ်၊ Local Transaction ကျပ် (၃) သိန်း အသုံးပြုတိုင်းမှာ ကံထူးခွင့် (၃) ကြိမ်စီ နှင့် Oversea Transaction ကျပ် (၃) သိန်း အသုံးပြုတိုင်းမှာ ကံထူးခွင့် (၅) ကြိမ်စီ ရရှိနိုင်မည်ဖြစ်ပါသည်။​

ကံထူးရှင်ရွေးချယ်ကြေညာပေးသွားမည့် အစီအစဉ်

  • ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃၁) ရက် အတွင်း အသုံးပြုထားသည့် သတ်မှတ်ချက်များနှင့်အညီ ရရှိလာသော ကံထူးခွင့်များကို ကွန်ပျူတာစနစ်ဖြင့် မဲနှုက်ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။
  • စုစုပေါင်းကံထူးရှင် (၁၅) ဦးအား ရွေးချယ်ပြီး ပထမဆု (၁,၀၀၀,၀၀၀) ကျပ် (၁) ဆု၊ ဒုတိယဆု (၅၀၀,၀၀၀) ကျပ် (၁) ဆု၊ တတိယဆု (၃၀၀,၀၀၀) ကျပ် (၁) ဆုနှင့် နှစ်သိမ့်ဆု (၁၀၀,၀၀၀) ကျပ် (၁၂) ဆု အသီးသီးပေးအပ်သွားမည်ဖြစ်ပါသည်။
  • ကံထူးရှင်များကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ (၉)​ ရက်နေ့တွင် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) တရားဝင်စာမျက်နှာများတွင်ကံထူးရှင်၏ အမည်၊ မှတ်ပုံတင်နံပါတ် (နောက်ဆုံးဂဏန်း ၄ လုံး)၊ တို့ဖြင့် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
  • ကံထူးငွေသား ဆုလက်ဆောင်များကို သက်ဆိုင်ရာ ကတ်အတွင်းသို့ ကံထူးရှင်ရွေးချယ်ပြီး (၃) ရက်အတွင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
  • အဆိုပါ ကံထူးရှင်များကို မြန်မာ့ရှေ့ဆောင်ဘဏ် အနေဖြင့် တိုက်ရိုက်ဖုန်းခေါ်ဆိုမှုများ (လုံးဝ) ပြုလုပ်မည်မဟုတ်ပါ။

သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ

(၁) မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ၏ ကတ်ဝန်ဆောင်မှု အသုံးပြုသူ Customer များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ပြုလုပ်ပေးထားသော “ထူးချင်တယ်ဆို၊ MAB Cards Lucky Chances” အစီအစဉ်ဖြစ်ပါသည်။

(၂) အစီအစဉ်တွင် MAB MPU-UPI Platinum Debit Card, MAB VISA Prepaid Card, MAB VISA Classic Credit Card, MAB VISA Platinum Credit Card နှင့် MAB GOLD VISA Credit Card အသုံးပြုသူတိုင်းပါဝင်နိုင်မည်ဖြစ်ပါသည်။

(၃) MAB ၏ “ထူးချင်တယ်ဆို၊ MAB Cards Lucky Chances” အစီအစဉ်ကာလတွင် ပါဝင်ရန် ဖော်ပြပါကတ်များဖြင့် အနည်းဆုံးပမာဏ ၃၀,၀၀၀ ကျပ် အသုံးပြုရုံဖြင့် ပါဝင်နိုင်မည်ဖြစ်ပါသည်။

(၄) MAB ၏ “ထူးချင်တယ်ဆို၊ MAB Cards Lucky Chances” အစီအစဉ်ကာလတွင် ပါဝင်ကံထူးရန် ဖော်ပြပါကတ်များဖြင့် အနည်းဆုံး ကျပ် ၃၀,၀၀၀ အသုံးပြုခြင်းဖြင့် ကံထူးခွင့် (၁) ကြိမ်၊ Local Transaction ကျပ် (၃) သိန်း အသုံးပြုတိုင်းမှာ ကံထူးခွင့် (၃) ကြိမ်စီ နှင့် Oversea Transaction ကျပ် (၃) သိန်း အသုံးပြုတိုင်းမှာ ကံထူးခွင့် (၅) ကြိမ်စီ အသီးသီးရရှိနိုင်မည်ဖြစ်ပါသည်။​

(၅) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃၁) ရက်နေ့အတွင်း အသုံးပြုရရှိထားသည့် ကံထူးခွင့်များကို ကွန်ပျူတာစနစ်ဖြင့် မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။

(၆) ကံထူးရှင်များကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ (၉)​ရက်နေ့တွင် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) တရားဝင်စာမျက်နှာများတွင် ကံထူးရှင်၏ အမည်၊ မှတ်ပုံတင်နံပါတ် (နောက်ဆုံးဂဏန်း ၄ လုံး) တို့ဖြင့် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

(၇) ကံထူးငွေသား ဆုလက်ဆောင်များကို သက်ဆိုင်ရာ ကတ်အတွင်းသို့ ကံထူးရှင်ရွေးချယ်ပြီး (၃) ရက်အတွင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

(၈) အဆိုပါ ကံထူးရှင်များကို မြန်မာ့ရှေ့ဆောင်ဘဏ် အနေဖြင့် တိုက်ရိုက်ဖုန်းခေါ်ဆိုမှုများ (လုံးဝ) ပြုလုပ်မည်မဟုတ်ပါ။

(၉) အဆိုပါ အထူးအစီအစဉ်တွင် မြန်မာ့ရှေ့ဆောင်ဘဏ်ဝန်ထမ်းများ ပါဝင်ကံစမ်းနိုင်ပါသည်။

(၁၀) အစီအစဉ်၏ သတ်မှတ်ချက်များနှင့် စည်းမျဉ်းစည်းများကို မြန်မာ့ရှေ့ဆောင်ဘဏ်အနေဖြင့် အခါအား လျော်စွာ ပြုပြင်ပြောင်းလဲ ပြင်ဆင်ခွင့်ရှိမည်ဖြစ်ပါသည်။

Terms and Conditions