Menu

Duties and Responsibilities 

  • L&D Officer သည် English Language 4skills အား ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် ကျင်းပသော သင်တန်းများကို စီစဉ်ရန်ပံ့ပိုးကူညီရမည်။ ဤအခန်းကဏ္ဍသည် ဘဏ်တစ်ခုလုံးရှိ သင်ကြားရေးနှင့် သင်ယူမှုဆိုင်ရာ အစီအစဉ်များ အား စဉ်ဆက်မပြတ် ထိရောက်စွာ ကျင်းပနိုင်ရန် ကူညီဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ရသော ဌာနများနှင့် ဆက်သွယ်ပြောဆိုခြင်း၊ ညှိနှိုင်းခြင်းတို့ ပါဝင်သည်။
  • Banking English Language 4skills အား Assistant အနေဖြင့် သင်ကြားပြုစုနိုင်သူ။
  • သင်တန်းများကိုစီစဉ်ရန်၊ အချိန်ဇယားဆွဲရန်နှင့် သင်တန်းများကျင်းပရာတွင်ကူညီဆောင်ရွက်ပေးခြင်း။
  • သင်တန်းကျင်းပရန်လိုအပ်သောနေရာပြင်ဆင်မှု၊သင်ထောက်ကူပစ္စည်းများပြင်ဆင်မှု၊နည်းပညာဆိုင်ရာပြင်ဆင်မှုများနှင့်သင်တန်းတက်ရောက်မည့်သူများအားအသိပေးဆက်သွယ်မှုစသည့် လုပ်ငန်းပိုင်းဆိုင်ရာ စီစဉ်မှုများကို ပံ့ပိုးပေးခြင်း။
  • သင်ကြားရေး ပြက္ခဒိန် နှင့် သင်တန်းမှတ်တမ်းများကို တိကျမှန်ကန်စွာ အချိန်နှင့် တပြေးညီထည့်သွင်းခြင်း၊ လိုအပ်ပါက အချက်အလက်အသစ်များကို မွမ်းမံခြင်း။
  • သင်တန်းဆိုင်ရာ ဘာသာရပ်အကြောင်းအရာများ၊ Presentation များနှင့် သင်ကြားရေး ပစ္စည်းများပြင်ဆင်ရာ တွင် ပံ့ပိုးကူညီပေးခြင်း။
  • ဝန်ထမ်းအသစ်များမိတ်ဆက်သင်တန်း (Onboarding) နှင့်အဖွဲ့လိုက် သင်ယူမှုအစီအစဉ်များကို ကျင်းပရာ တွင် လွယ်ကူချောမွေ့စေရန် ပံ့ပိုးဆောင်ရွက်ခြင်း (သို့မဟုတ်) တွဲဖက်စီစဉ် ဆောင်ရွက်ခြင်း။
  • သင်တန်းသားများနှင့် သင်ကြားရေး ဆရာများကို အွန်လိုင်းဖြင့်ကျင်းပသော သင်တန်းများ၊ လူကိုယ်တိုင် တက်ရောက်ရသော သင်တန်းများတွင် လိုအပ်သလို ပံ့ပိုးခြင်း နှင့် နည်းပညာဆိုင်ရာ အထောက်အကူများ ပေးခြင်း။
  • သင်တန်းသားများ၏ တိုးတက်မှု အခြေအနေမှတ်တမ်းများကို ပြည့်စုံစွာ ကောက်ခံခြင်း၊ အချက်အလက် စုစည်းခြင်း ၊ သင်တန်းနှင့် ပတ်သက်သော အချက်အလက်များကို ဖြေကြားပေးခြင်း။
  • သင်တန်းများနှင့် ပတ်သက်သော အကြံပြုတုံ့ပြန်ချက်များကို ကောက်ခံခြင်း၊ သင်တန်းဆိုင်ရာ ပြန်လည် သုံးသပ်ချက် များနှင့် စွမ်းဆောင်ရည်ညွှန်ကိန်းများကို စုဆောင်းခြင်း၊ အစီအစဥ်များ ပိုမိုကောင်းမွန်လာ စေရန် ပံ့ပိုးပေးခြင်း။
  • သင်တန်းမှတ်တမ်း(Training Data) များကိုတိကျမှန်ကန်မှုရှိစွာထည့်သွင်းခြင်းနှင့် သင်တန်းစာရွက်စာတမ်း များကို ထိန်းသိမ်းခြင်း။
  • HOD မှလိုအပ်သလို ပေးအပ်လာသော တာဝန်နှင့် စီမံချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း။

Requirements

  • ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ အင်္ဂလိပ်ဘာသာရပ်နှင့် သက်ဆိုင်သော Diploma သို့မဟုတ် Certificate တစ်ခုခု ရရှိထားပါက ပိုမိုဦးစားပေးမည်။
  • အင်္ဂလိပ်ဘာသာ သင်ကြားရေး သို့မဟုတ် သင်ယူရေးဆိုင်ရာ အတွေ့အကြုံ (၂) နှစ်မှ (၅) နှစ်အထိ ရှိရမည်။ LMS (Learning Management System) ကို နားလည်အသုံးပြုနိုင်သူ ဖြစ်ပါက ပိုမိုအဆင်ပြေမည်။
  • Microsoft Office Applications (Excel, PowerPoint, Word) များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
  • အသေးစိတ်အချက်အလက်များကို ဂရုတစိုက် စိစစ်ဆောင်ရွက်နိုင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာ တွေးခေါ်နိုင်ခြင်း၊ အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ခြင်း၊ အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်း၊ လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်ခြင်းနှင့် ဆက်သွယ်ပြောဆိုမှု ကောင်းမွန်သူ ဖြစ်ရမည်။
  • အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆို၊ ရေးသားနိုင်သူ ဖြစ်ပါက ပိုမိုဦးစားပေးမည်။

Apply for this position from online

"*" indicates required fields

This field is for validation purposes and should be left unchanged.
This field is hidden when viewing the form
DD slash MM slash YYYY
Select Gender*
Accepted file types: doc, docx, pdf, Max. file size: 128 MB.
info Please do not refresh the page until you see the success page of your application