Menu

Duties and Responsibilities

  • L&D ၏ Core Banking System Training တာဝန်ထမ်းဆောင်မည့် Officer သည် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် ကျင်းပသော သင်တန်းများ ကို စီစဉ်ရန်ပံ့ပိုးကူညီရမည်။ ဤအခန်းကဏ္ဍ⁠သည် ဘဏ်တစ်ခုလုံးရှိ သင်ကြားရေးနှင့် သင်ယူမှုဆိုင်ရာ အစီအစဉ်များအား စဉ်ဆက်မပြတ် ထိရောက်စွာ ကျင်းပနိုင်ရန် ကူညီဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ရသော ဌာနများနှင့် ဆက်သွယ်ပြောဆိုခြင်း၊ ညှိနှိုင်းခြင်းတို့ ပါဝင်သည်။
  • Core Banking သင်တန်းများပေးရာတွင် Assistant အဖြစ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
  • Branch Banking သင်တန်းပေးရာတွင် လိုအပ်နေသော User Guide များအား စတင်ပြုစုခြင်း နှင့်Update ဆောင်ရွက်ခြင်းများအား အထူးဂရုစိုက်လုပ်ဆောင်ရပါမည်။
  • Core Banking User Guide Update များလုပ်ဆောင်ရာတွင် လိုအပ်သောဌာနများနှင့် ဆက်သွယ်ပြော ဆို၍ Update ပြုလုပ်ဆောင်ရွက်ခြင်း။
  • သင်တန်းများကို စီစဉ်ရန်၊ အချိန်ဇယားဆွဲရန်နှင့် ကျင်းပရာတွင် ကူညီဆောင်ရွက်ပေးခြင်း။
  • သင်တန်းကျင်းပရန် လိုအပ်သော နေရာပြင်ဆင်မှု၊ သင်ထောက်ကူပစ္စည်းများပြင်ဆင်မှု၊ နည်းပညာဆိုင်ရာ ပြင်ဆင် မှုများနှင့်သင်တန်းတက်ရောက်မည့်သူများအား အသိပေးဆက်သွယ်မှုစသည့် လုပ်ငန်းပိုင်းဆိုင်ရာ စီစဉ်မှုများကို ပံ့ပိုးပေးခြင်း။
  • သင်ကြားရေး ပြက္ခဒိန် နှင့် သင်တန်းမှတ်တမ်းများကို တိကျမှန်ကန်စွာ အချိန်နှင့် တပြေးညီ ထည့်သွင်းခြင်း၊ လိုအပ်ပါက အချက်အလက်အသစ်များကို မွမ်းမံခြင်း။
  • သင်တန်းဆိုင်ရာ ဘာသာရပ်အကြောင်းအရာများ၊ Presentation များနှင့် သင်ကြားရေး ပစ္စည်းများ ပြင်ဆင်ရာတွင် ပံ့ပိုးကူညီပေးခြင်း။
  • ဝန်ထမ်းအသစ်များမိတ်ဆက်သင်တန်း (Onboarding) နှင့်အဖွဲ့လိုက် သင်ယူမှုအစီအစဉ်များကို ကျင်းပရာတွင် လွယ်ကူချောမွေ့စေရန် ပံ့ပိုးဆောင်ရွက်ခြင်း (သို့မဟုတ်) တွဲဖက်စီစဉ်ဆောင်ရွက်ခြင်း။
  • သင်တန်းသားများနှင့် သင်ကြားရေး ဆရာများကို အွန်လိုင်းဖြင့်ကျင်းပသော သင်တန်းများ၊ လူကိုယ်တိုင်တက်ရောက်ရသော သင်တန်းများတွင် လိုအပ်သလို ပံ့ပိုးခြင်း နှင့် နည်းပညာဆိုင်ရာ အထောက်အကူများပေးခြင်း။
  • သင်တန်းသားများ၏ တိုးတက်မှု အခြေအနေမှတ်တမ်းများကို ပြည့်စုံစွာကောက်ခံခြင်း၊ အချက်အလက်စုစည်းခြင်း ၊ သင်တန်းနှင့် ပတ်သက်သော အချက်အလက်များကို ဖြေကြားပေးခြင်း။
  • သင်တန်းများနှင့် ပတ်သက်သော အကြံပြုတုံ့ပြန်ချက်များကို ကောက်ခံခြင်း၊ သင်တန်းဆိုင်ရာ ပြန်လည်သုံးသပ်ချက် များနှင့် စွမ်းဆောင်ရည်ညွှန်ကိန်းများကို စုဆောင်းခြင်း၊ အစီအစဥ်များ ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးပေးခြင်း။
  • သင်တန်းမှတ်တမ်း (Training Data) များကို တိကျမှန်ကန်မှုရှိစွာ ထည့်သွင်းခြင်းနှင့် သင်တန်းစာရွက်စာတမ်းများကို ထိန်းသိမ်းခြင်း။
  • လိုအပ်သလို ပေးအပ်လာသော တာဝန်နှင့် စီမံချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း။

Requirements

  • ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်
  • စီးပွားရေးစီမံခန့်ခွဲမှု (Business Administration) ဘွဲ့ သို့မဟုတ် သက်ဆိုင်ရာ နယ်ပယ်မှ ဘွဲ့ရရှိထားသူ ဖြစ်ပါက ပိုမိုဦးစားပေးမည်။
  • Core Banking System နှင့် ပတ်သက်သော လုပ်ငန်းအတွေ့အကြုံ (၂) နှစ်မှ (၅) နှစ်အထိ ရှိရမည်။
  • Microsoft Office Applications (Excel, PowerPoint, Word) များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
  • အသေးစိတ်အချက်အလက်များကို ဂရုတစိုက် စိစစ်ဆောင်ရွက်နိုင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာ တွေးခေါ်နိုင်ခြင်း အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ခြင်း၊ အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း၊ အခြေအနေများအပေါ် လိုက်လျောညီထွေ ဆောင်ရွက်နိုင်ခြင်းနှင့် ကောင်းမွန်ပြေပြစ်သော ဆက်သွယ်ပြောဆိုနိုင်ခြင်း ရှိရမည်။

Apply for this position from online

"*" indicates required fields

This field is for validation purposes and should be left unchanged.
This field is hidden when viewing the form
DD slash MM slash YYYY
Select Gender*
Accepted file types: doc, docx, pdf, Max. file size: 128 MB.
info Please do not refresh the page until you see the success page of your application