Menu

Main Duties and Responsibilities (အဓိကတာ၀န် နှင့် ၀တ္တရားများ)

  • နိုင်ငံခြားငွေကြေးများအား ရောင်းဝယ်လဲလှယ်ခြင်း
  • Visa/Master Card Reload ဝန်ဆောင်မှုနှင့် Worker Remittance ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်း။

 Detail Duties and Responsibilities (အသေးစိတ် တာ၀န် နှင့် ၀တ္တရားများ)

  • Flexcube Banking System တွင် နေ့စဉ်နံနက်ပိုင်း၌ Vault မှ Teller Counter သို့ (Buy Cash From Vault) ပြုလုပ်ခြင်း။
  • ဘဏ်ဖွင့်ချိန်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်လဲလှယ်ခြင်း၊ Visa/Marster Card reload ငွေသွင်းဝန်ဆောင်မှုများကို မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပေးခြင်း။
  • Worker Remittance Transaction များကို စနစ်တကျ ဆောင်ရွက်ပေးခြင်း။
  • Worker Remittance နှင့်သက်ဆိုင်သော နေ့စဉ်နှင့် လစဉ် Report များကို CBM သို့ ပေးပို့ခြင်း။
  • ဘဏ်ပိတ်ချိန်တွင် တစ်နေ့တာ ငွေစာရင်းနှင့် ငွေသားလက်ကျန်များကို ပြန်လည်တိုက်ဆိုင် စစ်ဆေးခြင်း။
  • ငွေစာရင်းနှင့် ငွေသားများကို ငွေကြေးတာဝန်ခံမှ စစ်ဆေးအတည်ပြုပြီး ကိုက်ညီမှုရှိပါက Vault သို့ ပြန်လည်အပ်နှံခြင်း။
  • GTB Department လက်အောက်ရှိ Exchange Counter ဖွင့်လှစ်ထားသော ဘဏ်ခွဲများ၏ ငွေစာရင်းများကို နေ့စဉ် ကိုက်ညှိ (Reconciliation) ဆောင်ရွက်ခြင်း။
  • End of Day (EOD) စာရင်းပိတ်ချိန်တွင် ငွေကြေးဆိုင်ရာ Report များကို ထုတ်ယူစစ်ဆေးပြီး မှန်ကန်မှုရှိစေရန် အတည်ပြုခြင်း။
  • နိုင်ငံခြားငွေကြေး ရောင်းဝယ်လဲလှယ်မှုဆိုင်ရာ နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် Report များကို ဗဟိုဘဏ် (CBM) သို့ အချိန်မှီ ပေးပို့ခြင်း။
  • နေ့စဉ် Cash In Hand Position Report ကို HOD ထံ Email ဖြင့် ပေးပို့ခြင်း။
  • Associate ဝန်ထမ်းများအား Exchange Counter လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သော အသိပညာနှင့် လုပ်ငန်းကျွမ်းကျင်မှုများကို လေ့ကျင့်သင်ကြားပေးခြင်း။
  • ဘဏ်ခွဲများရှိ Exchange Counter များမှ လာရောက်အပ်နှံသော Foreign Currency များကို မှိုတက်ခြင်း၊ ခေါက်ရိုးကျိုးခြင်း၊ အစွန်းပျက်စီးခြင်း၊ အပြဲအပေါက်များရှိ/မရှိ စစ်ဆေး၍ လက်ခံခြင်း။
  • Banking Software များ Upgrade သို့မဟုတ် Update ပြုလုပ်သည့်အခါ User Acceptance Testing (UAT) နှင့် System Testing များတွင် ပါဝင်စမ်းသပ်ခြင်း။
  • Internal Customer နှင့် External Customer များ၏ Complain များကို မူဝါဒနှင့်အညီ စိစစ်ဖြေရှင်း၍ လိုအပ်သော Follow-up များ ဆောင်ရွက်ခြင်း။
  • GTB department ၏စာရင်းများအား အပတ်စဉ်အလှည့်ကျ စာရင်းကိုက်ညီသည့်တာဝန်အား ဆောင်ရွက်ခြင်း။
  • အထက်လူကြီးမှပေးအပ်သောတာဝန်နှင့် ဝတ္တရားများအား အချိန်မှီပြီးစီးအောင် မှန်ကန်စွာ ဆောင်ရွက်ပေးခြင်း။

Job Specification

  • ဘွဲ့ရရှိထားသူ (သို့မဟုတ်) သက်ဆိုင်ရာ ပညာရေးအရည်အချင်းရှိသူ ဖြစ်ရမည်။
  • သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် အနည်းဆုံး (၂) နှစ် လုပ်ငန်းအတွေ့အကြုံရှိရမည်။
  • ကွန်ပျူတာ (IT) အသုံးပြုနိုင်မှု၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း (Analytical Thinking)၊ လူမှုဆက်ဆံရေးကျွမ်းကျင်မှု (Interpersonal Skills) နှင့် တင်ပြဆက်သွယ်နိုင်မှု (Presentation Skills) ကောင်းမွန်ရမည်။
  • Microsoft Word, Excel နှင့် PowerPoint တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
  • အင်္ဂလိပ်ဘာသာဖြင့် နှုတ်ဖြင့်နှင့် စာဖြင့် ဆက်သွယ်ပြောဆိုရေးသားနိုင်မှု ကောင်းမွန်ရမည်။
  • အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ပြီး ကောင်းမွန်သော စိတ်နေသဘောထား (Positive Attitude) ရှိရမည်။
  • အသစ်သော အရာများကို သင်ယူလိုစိတ်ရှိပြီး စိန်ခေါ်မှုများရှိသည့် လုပ်ငန်းပတ်ဝန်းကျင်တွင် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

Apply for this position from online

"*" indicates required fields

This field is for validation purposes and should be left unchanged.
This field is hidden when viewing the form
DD slash MM slash YYYY
Select Gender*
Accepted file types: doc, docx, pdf, Max. file size: 128 MB.
info Please do not refresh the page until you see the success page of your application