Call Center(+95) 1 8610612

career

Associate

မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်မှ ရန်ကုန် (ရုံးချုပ်) ဌာနများနှင့် ရန်ကုန်ဘဏ်ခွဲများတွင် တာဝန်ထမ်းဆောင်ရန် ‌အောက်ဖော်ပြပါဝန်ထမ်းများအလိုရှိသည်။

Associate (ကျား/မ)

– တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူဖြစ်ရမည်။
– ရုပ်ရည်ချောမောပြေပြစ်ပြီး ဆက်ဆံရေးကောင်းမွန်ရမည်။ အသက်(၂၇)နှစ်ထက်မကြီးရ။
– အမျိုးသားများအနေဖြင့် အရပ် ၅’၄” ရှိရမည်ဖြစ်ပြီး အမျိုးသမီးများအနေဖြင့် အရပ်၅’၂” အနည်းဆုံးရှိသူဖြစ်ရပါမည်။
– အိမ်ထောင်မရှိဖူးသူ (လူပျို/အပျို) ဖြစ်ရမည်။
– စာရင်းကိုင်ပညာတတ်ကျွမ်းသူများကိုဦးစားပေးမည်။
– Computer (M.S Office) ကျွမ်းကျင်စွာအသုံးပြုတတ်ရမည်။
– အများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး သွက်လက်တက်ကြွစွာတာ၀န်ထမ်းဆောင်နိုင်ရပါမည်။
– ဘဏ်နှင့် (၂)နှစ်စာချုပ်ချုပ်ဆိုနိုင်ရမည်။ ကျန်းမာရေးကောင်းမွန်ကြောင်းဆေးစစ်ရမည်။

လျှောက်ထားလိုသူများသည် မိမိတို့၏ ကိုယ်ရေးရာဇဝင်အကျဉ်း၊ ပညာရေးအရည်အချင်းအထောက်အထားမိတ္တူ၊ လုပ်ငန်းအတွေ့အကြုံအထောက်အထားမိတ္တူ၊ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ အလုပ်သမားမှတ်ပုံတင်မိတ္တူ၊ (၆)လအတွင်း ရိုက်ထားသောကာလာဓါတ်ပုံ(Passport Size)(၂)ပုံ၊ သက်ဆိုင်ရာရပ်ကွက်/ ရဲစခန်းထောက်ခံချက် တို့နှင့်အတူ ပူးတွဲတင်ပြရမည်။

အလုပ်လျှောက်လွှာများကို (၃၀.၀၆.၂၀၂၄) နေ့နောက်ဆုံးထား၍ ရုံးချိန်အတွင်းပေးပို့ရမည်။ အိမ်ထောင်စုစာရင်းပါ ဒေသခံဖြစ်ရမည်။ လျှောက်ထားသူများသည် မြင်သာသောနေရာတွင် ဆေးမှင်ကြောင်ထိုးထားသူမဖြစ်ရ။

လျှေက်ထားရန် လိပ်စာ – ရုံးချုပ်- အမှတ်(၂၀၇)၊ သိမ်ဖြူလမ်း(အလယ်)ဘလောက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

မပြည့်စုံသော လျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။

File name:

File size: