ပိုမိုကောင်းမွန်သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် နည်းပညာအဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်ရှိပါသဖြင့် ၂၀၂၆ ခုနှစ်၊ မေလ၊ ၂၃ ရက်၊ စနေနေ့၊ ည (၁၁:၀၀) နာရီမှ မေလ၊ ၂၄ ရက်၊ တနင်္ဂနွေနေ့၊ နံနက် (၇:၀၀) နာရီအတွင်း MAB Debit Card ဝန်ဆောင်မှုများ၊ MAB ATM ဝန်ဆောင်မှုများ၊ MAB Mobile Banking နှင့် MAB iBanking ဝန်ဆောင်မှုများ ခေတ္တရရှိနိုင်မည်မဟုတ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။
MAB Prepaid Cards (Mastercard, VISA) ဝန်ဆောင်မှုများ၊ MAB Credit Cards (Mastercard, VISA) ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ရယူနိုင်မည်ဖြစ်ပါသည်။
လူကြီးမင်းတို့၏ သည်းခံနားလည်ပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် လိုအပ်သော နည်းပညာအဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးစီးပါက ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မှာဖြစ်သလို အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက MAB Call Center 01 8610612 သို့ အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါသည်။