Menu
“နောင်ရေးအတွက် စိတ်အေးရပြီး အနာဂတ်နေ့ရက်တွေကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းလိုသူတိုင်း ရွေးချယ်သင့်တဲ့ ငွေစုအပ်ငွေစာရင်းသစ် MAB Grand Savings”
Posted On
May 31, 2026

“နောင်ရေးအတွက် စိတ်အေးရပြီး အနာဂတ်နေ့ရက်တွေကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းလိုသူတိုင်း ရွေးချယ်သင့်တဲ့ ငွေစုအပ်ငွေစာရင်းသစ် MAB Grand Savings”

MAB က အသစ်ထပ်မံ မိတ်ဆက်လိုက်တဲ့ ငွေစုအပ်ငွေစာရင်းသစ် MAB Grand Savings ဆိုတာကတော့ အသက် (၅၀) နှစ်နှင့်အထက် လူကြီးမင်းများအတွက် ဦးစားပေး ဝန်ဆောင်မှုများနှင့်အတူ စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပြီး အကောင်းဆုံး အတိုးနှုန်းတွေကို ရယူနိုင်မည့် ငွေစုအပ်ငွေစာရင်းသစ်ပဲ ဖြစ်ပါသည်။

MAB Grand Savings ငွေစုအပ်ငွေစာရင်းသစ်၏ အားသာချက်များကတော့

  • အသက် (၅၀) နှင့်အထက်မှ စတင်အပ်နှံနိုင်ခြင်း။
  • လူပုဂ္ဂိုလ်တစ်ဦးတည်းစာရင်း သို့မဟုတ် တွဲဖက်စာရင်းဖွင့်လှစ်နိုင်ခြင်း။
  • အတိုးနှုန်းတစ်နှစ်လျှင် ၁၀.၀၀% အထိ ရရှိနိုင်ခြင်း။
  • ပမာဏအကန့်အသတ်မရှိ အဆင်ပြေလွယ်ကူစွာဖြင့် ငွေအပ်နှံနိုင်ခြင်း၊ ငွေထုတ်ယူနိုင်ခြင်း။
  • ဘဏ်ခွဲများတွင် ဦးစားပေးစနစ်ဖြင့် ဝန်ဆောင်မှုများကို လျင်မြန်လွယ်ကူစွာ ရယူနိုင်ခြင်း။
  • ဘဏ်ဖွင့်ချိန်အတွင်း အကြိမ်အရေအတွက် အကန့်အသတ်မရှိ အပ်ငွေထည့်သွင်းနိုင်ခြင်း။
  • MPU Card, Mobile Banking နှင့် Internet Banking တို့ဖြင့် ချိတ်ဆက်၍လဲ အသုံးပြုနိုင်ခြင်း။
  • အနည်းဆုံးပမာဏ ၁၀၀,၀၀၀ ကျပ်မှစတင်ပြီး ငွေစုဘဏ်အပ်ငွေစာရင်းသစ် ဖွင့်နိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

MAB Grand Savings ငွေစုအပ်ငွေစာရင်းသစ်မှာ အပ်နှံရင်း လူကြီးမင်းတို့ရဲ့ အနာဂတ်နေ့ရက်တွေကို အေးဆေးတည်ငြိမ်စွာဖြတ်သန်းနိုင်ဖို့ MAB ၏ ဦးစားပေး ဝန်ဆောင်မှုများနှင့်အတူ အကောင်းဆုံးအတိုးနှုန်းများကို အခုပဲ ရယူလိုက်ပါ။

MAB Grand Savings (ငွေစုအပ်ငွေစာရင်းသစ်) နှင့်ပတ်သက်၍သိရှိလိုသည်များကို နီးစပ်ရာ MAB ဘဏ်ခွဲများမှာ လာရောက်စုံစမ်းနိုင်သလို MAB 24/7 Call Center 01 8610612 ကိုလဲ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ဘဝနောင်ရေးစိတ်အေးရစေမည် MABGrandSavings