ယနေ့ခေတ်တွင် မသမာသူများ၏ social media နှင့် အခြား Online Platform များကို အသုံးပြုပြီး လိမ်လည်မှုများသည် တိုးပွားလာနေပါသည်။
ကိုယ့်ရဲ့ အကောင့် လုံခြုံမှုရှိစေရန်အတွက် သတိပြုသင့်သည်မှာ
➡️ Password၊ တစ်ခါသုံး OTP နှင့် လျှို့ဝှက် PIN နံပါတ်တွေကို မည်သူ့ကိုမျှ မမျှဝေပါနှင့်။
➡️ မသိတဲ့သူတွေထံမှ ပေးပို့လာသောလင့်များကို မနှိပ်ပါနှင့်။
➡️ Official Page မဟုတ်သော Account များကို ယုံကြည်ခြင်းမပြုကြပါရန်နှင့်
➡️ သံသယဖြစ်ဖွယ် ငွေလွှဲမှတ်တမ်း (Transaction) များကို တွေ့ရှိပါက သက်ဆိုင်ရာဘဏ်သို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားရန် လိုအပ်ပါသည်။
ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုရာတွင် အထက်ပါအချက်များအတိုင်း သတိရှိစွာ ဆောင်ရွက်သင့်ပြီး ငွေကြေးဆိုင်ရာ မသမာမှုတစ်ခုခုကို သံသယရှိပါက MAB 24/7 Call Center 01 8610612 ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါသည်။
မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ၏ တရားဝင် စာမျက်နှာများ
✅ MAB Official Website – (www.mabbank.com)
✅ Verified Tick ပါ MAB Facebook Page – (https://shorturl.at/mMUW1)
✅ Verified Tick ပါ MAB Viber Channel – (https://shorturl.at/4TG6l)
✅ Verified Tick ပါ MAB LinkedIn Channel – (https://shorturl.at/JpxIO)