မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြန်မာ့ရှေ့ဆောင်ဘဏ် ဘဏ်ခွဲများနှင့် ကိုယ်စားလှယ်ဘဏ်လုပ်ငန်းများတွင် ငွေကြေးဆောင်တာ ဝန်ဆောင်မှုများကို လွယ်ကူအဆင်ပြေပြီး မြန်ဆန်ချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။
နီးစပ်ရာ မြန်မာ့ရှေ့ဆောင်ဘဏ် ဘဏ်ခွဲများနှင့် ကိုယ်စားလှယ်ဘဏ်လုပ်ငန်းများတွင် အကန့်အသတ်မရှိငွေသားထုတ်ယူခြင်း၊ ငွေသားအပ်နှံခြင်း၊ ဘဏ်စာရင်းဖွင့်လှစ်ခြင်း စသည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအပြင် MAB ATM များမှတစ်ဆင့် ငွေထုတ်ယူခြင်းဝန်ဆောင်မှုများကို အချိန်မရွေး အသုံးပြုနိုင်ပြီး ငွေပေးချေမှုတွေအတွက် ငွေသားကိုင်တွယ်ပေးချေဖို့မလိုတဲ့ MAB ကတ်များဖြင့် ငွေပေးချေခြင်း၊ MAB iBanking, Mobile Banking တို့ဖြင့် MAB Account အချင်းချင်းလွှဲပြောင်းပေးချေနိုင်ခြင်း၊ CBM Net, Clearing နည်းလမ်းတို့ဖြင့် အခြားဘဏ်များရှိ စာရင်းများသို့လည်းလွှဲပြောင်းပေးချေနိုင်ခြင်းတို့ဖြင့် နေ့စဉ်ငွေကြေးစီမံခန့်ခွဲမှုများကို လုံခြုံစိတ်ချစွာ ပြုလုပ်နိုင်ရန်လည်း ပံ့ပိုးပေးလျက်ရှိပါသည်။
MAB သည် Customer များအတွက် အဆင်ပြေဆုံးသော ဘဏ်လုပ်ငန်းအတွေ့အကြုံကို ပေးအပ်နိုင်ရန်နိုင်ငံတစ်ဝှမ်း ဝန်ဆောင်မှုကွန်ရက်နှင့် ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစနစ်များကို ဆက်လက်တိုးချဲ့ ဖွံ့ဖြိုးဆောင်ရွက်ပေးလျက်ရှိပါသည်။
MAB 24/7 Call Center 01-8610612 ဝန်ဆောင်မှုမှတစ်ဆင့် ဘဏ်လုပ်ငန်းဆိုင်ရာ မေးမြန်းလိုသည်များနှင့် အကူအညီလိုအပ်ချက်များကိုအချိန်မရွေး ဆက်သွယ်မေးမြန်း ရယူနိုင်ပါသည်။
✅ ဘဏ်ခွဲလိပ်စာများကိုကြည့်ရှုရန် (https://www.mabbank.com/agency-banking/ )
✅ MAB Official Website – (www.mabbank.com)
✅ Verified Tick ပါတဲ့ MAB Viber Channel – (https://shorturl.at/4TG6l)