Menu
ဘဏ်ပိတ်ရက် ကြေညာခြင်း
Posted On
December 30, 2025

ဘဏ်ပိတ်ရက် ကြေညာခြင်း

၂၀၂၆ ခုနှစ်၊​ ဇန်နဝါရီ ၃ ရက် (စနေနေ့) သည် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်များနှင့် လွတ်လပ်ရေးနေ့ရုံးပိတ်ရက်အကြားရှိ ကြားရက်ဖြစ်နေခြင်း၊ နိုင်ငံတကာနှစ်သစ်ကူးပိတ်ရက်ကာလနှင့် တစ်ဆက်တည်းဖြစ်နေခြင်း၊ လွတ်လပ်ရေးနေ့အကြိုကာလ ဖြစ်နေခြင်းတို့ကြောင့် စနေနေ့အစားထိုးရုံးတက်ရက်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၀ ရက် (စနေနေ့)ကို ပြင်ဆင်သတ်မှတ်လိုက်ပါသဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၃ ရက် (စနေနေ့) တွင် မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဘဏ်ခွဲများအားလုံး ပိတ်ထားလိမ့်မည်ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။

MAB ၏ ATM ဝန်ဆောင်မှုများ၊ iBanking ဝန်ဆောင်မှုများနှင့် Mobile Banking ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း အသုံးပြုနိုင်မှာဖြစ်ပြီး ဘဏ်လုပ်ငန်းဝန်ဆောင်မှုနှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက MAB Call Center 01 8610 612 သို့ (၂၄) နာရီပတ်လုံး အချိန်မရွေး ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။