Menu
လူမှုဘဝလုံခြုံရေးအတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များကို တန်ဖိုးထားပါ။
Posted On
February 25, 2026

လူမှုဘဝလုံခြုံရေးအတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များကို တန်ဖိုးထားပါ။

ယနေ့ခေတ်တွင် ကိုယ်ရေးကိုယ်တာအချက်အလက်များဖြစ်တဲ့ မှတ်ပုံတင်အချက်အလက်များနှင့် ဘဏ်စာရင်းအချက်အလက်များသည် တစ်ဦးတည်း သက်ဆိုင်သော ကိုယ်ရေးကိုယ်တာအချက်အလက်များ ဖြစ်သလို လူမှုဘဝလုံခြုံမှုအတွက် အလွန်အရေးကြီးပါသည်။

မသမာသူများက ၎င်းအချက်အလက်များကို ခိုးယူကာ မှတ်ပုံတင်အတုပြုလုပ်ခြင်းနှင့် သူတစ်ပါးအမည်ဖြင့် ဘဏ်စာရင်းဖွင့်လှစ်ခြင်းများ ပြုလုပ်နိုင်သောကြောင့် မိမိ၏ အချက်အလက်များကို လဲလှယ်အသုံးပြုခြင်း (သို့မဟုတ်) အခကြေးငွေဖြင့် ရောင်းချခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။

ထို့အပြင် မိမိ၏ မှတ်ပုံတင်အချက်အလက်များ၊ ဓာတ်ပုံနှင့် အခြားဘဏ်စာရင်းအချက်အလက်များကို Online ပေါ်တင်ခြင်းနှင့် အခြားသူများထံ ပေးပို့ခြင်းကိုလဲ ရှောင်ကြဉ်သင့်ပြီး ဘဏ်ဝန်ဆောင်မှုများကို အချက်အလက်အစစ်အမှန်ဖြင့်သာ သတိရှိစွာ အသုံးပြုကြရန် တိုက်တွန်းလိုပါသည်။

ငွေကြေးဆိုင်ရာ မသမာမှုတစ်ခုခုကို သံသယရှိပါက MAB 24/7 Call Center 01 8610612 ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါသည်။