Menu
မီတာဘေလ်ဆောင်ရင်း လစဉ်ငွေသားဆုများ ကံထူးပါ
Posted On
August 12, 2026

မီတာဘေလ်ဆောင်ရင်း လစဉ်ငွေသားဆုများ ကံထူးပါ

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) မှ MAB iBanking Application အသုံးပြုသူ Customer များအတွက် ကျေးဇူးတုံ့ပြန်သောအစီအစဉ်အဖြစ် MAB iBanking Application မှတစ်ဆင့် Meter Bill Payment ပြုလုပ်သော Customer များအား Lucky Draw အစီအစဉ်ဖြင့် လစဉ် ငွေသားဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။


အစီအစဉ်ကာလ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအထိ (၃) လတာ ပြုလုပ်သွားမည်ဖြစ်ပါသည်။

ရရှိနိုင်မည့် ခံစားခွင့်

Campaign ကာလအတွင်း MAB iBanking Application မှတစ်ဆင့် Meter Bill Payment Transaction တစ်ကြိမ်ပြုလုပ်တိုင်း Lucky Draw Entry (၁) ကြိမ် ရရှိမည်ဖြစ်ပါသည်။

လစဉ် ကံထူးရှင် (၃) ဦးအား အောက်ပါငွေသားဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

  • ပထမဆု – ငွေကျပ် ၃၀၀,၀၀၀ (ကံထူးရှင် ၁ ဦး)
  • ဒုတိယဆု – ငွေကျပ် ၂၀၀,၀၀၀ (ကံထူးရှင် ၁ ဦး)
  • တတိယဆု – ငွေကျပ် ၁၀၀,၀၀၀ (ကံထူးရှင် ၁ ဦး)

Lucky Draw ပြုလုပ်မည့်ပုံစံ

အတည်ပြုပြီးသော Eligible Transaction များမှ Random Number Generator စနစ်ဖြင့် ကံထူးရှင် (၃) ဦးအား လစဉ်ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။

ဆုငွေပေးအပ်မည့်ပုံစံ

ကံထူးရှင်များ၏ ဆုငွေများကို MAB Account ထဲသို့ ဘဏ်ဖွင့်ရက် (၅) ရက်အတွင်း တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

(၁) MAB iBanking Application အသုံးပြုသူ Customer များအားလုံး ပါဝင်နိုင်ပါသည်။

(၂) Campaign ကာလအတွင်း MAB iBanking Application မှတစ်ဆင့် ပြုလုပ်သော Meter Bill Payment Transaction များသာ အကျုံးဝင်ပါသည်။

(၃) Customer များသည် Campaign ကာလအတွင်း အကြိမ်အရေအတွက် ကန့်သတ်မှုမရှိဘဲ ပါဝင်နိုင်ပြီး Transaction တစ်ကြိမ်လျှင် Lucky Draw Entry (၁) ကြိမ် ရရှိနိုင်ပါသည်။

(၄) သတ်မှတ်ချက်များနှင့် မကိုက်ညီသော Transaction များ အကျုံးဝင်မည်မဟုတ်ပါ။

(ဥပမာ - Failed, Reversed, Refunded, Cancelled, Duplicate, Disputed)

(၅) Meter Bill Payment ပြုလုပ်နိုင်သောကာလမှာ လစဉ် (၁၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ ဖြစ်ပါသည်။

(၆) စစ်ဆေးအတည်ပြုပြီးသော Transaction များထဲမှ ကံထူးရှင်များကို လစဉ်ရွေးချယ်ကြေညာပေးသွားမည်ဖြစ်ပြီး ကံထူးရှင်စာရင်းကို နောက်လ Meter Bill Payment ကာလ မတိုင်မီ ကြေညာပေးသွားမည်ဖြစ်ပါသည်။

(၇) Customer တစ်ဦးလျှင် တစ်လအတွင်း ဆုတစ်ဆုသာ ရရှိနိုင်ပါသည်။ Winner ဖြစ်ပါက ထိုလအတွက် ကျန်ရှိသော Entries များကို ထပ်မံရွေးချယ်ရာတွင် ထည့်သွင်းမည်မဟုတ်ပါ။

(၈) ဆုမရရှိသော Customer များသည် နောက်လများတွင် Eligible Transaction များ ဆက်လက်ပြုလုပ်၍ Lucky Draw တွင် ပါဝင်နိုင်ပါသည်။

(၉) ကံထူးရှင်များအား MAB Bank ၏ တရားဝင် Communication Channel များမှ ကြေညာပေးသွားမည်ဖြစ်ပြီး ဆုငွေကို သက်ဆိုင်ရာ MAB Account ထဲသို့ ဘဏ်ဖွင့်ရက် (၅) ရက်အတွင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

(၁၀) Customer မှ မှားယွင်းသောအချက်အလက်များ ပေးအပ်ခြင်း၊ မသမာသော Transaction ပြုလုပ်ခြင်း သို့မဟုတ် Campaign စည်းမျဉ်းများ ချိုးဖောက်ခြင်းရှိပါက အစီအစဉ်မှ ပယ်ဖျက်ခံရနိုင်ပါသည်။

(၁၁) မြန်မာ့ရှေ့ဆောင်ဘဏ်အနေဖြင့် လိုအပ်ပါက အစီအစဉ်နှင့် စည်းမျဉ်းစည်းကမ်းများကို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြင်ဆင်ခြင်း၊ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းတို့ကို ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။

(၁၂) အငြင်းပွားမှုများ ဖြစ်ပေါ်ပါက မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဆုံးဖြတ်ချက်သည် နောက်ဆုံးအတည်ဖြစ်ပါသည်။

(၁၃) အသေးစိတ်အချက်အလက်များအတွက် နီးစပ်ရာ မြန်မာ့ရှေ့ဆောင်ဘဏ်ဘဏ်ခွဲများ သို့မဟုတ် MAB Call Center 01-8610612 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Terms and Conditions