“မယ်တို့ သီးသန့် ကံထူးနိုင်တာ၊ ကျပ်သိန်း (၁၀၀)” အထူးအစီအစဉ်
မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) မှ “မယ်တို့ Savings” တွင် ငွေစုဆောင်းသူများနှင့် MAB Lady’s Credit Card ဖြင့် ငွေပေးချေသုံးစွဲသူ မယ်တို့အား ကျေးဇူးတုံ့ပြန်သောအားဖြင့် လစဉ်ဆုငွေများနှင့် အထူးဆုကြီး ကျပ်သိန်း (၁၀၀) ကို ကံစမ်းရရှိနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။
ရရှိနိုင်မည့် ခံစားခွင့်များ
- လစဉ်ဆုများ – လစဉ် ကံထူးသူမယ်တို့ (၁၀) ဦးအား တစ်ဦးလျှင် ကျပ် (၁) သိန်းစီ၊
- အထူးဆုကြီး – ဧပြီလတွင်အထူးဆုကြီး ကံထူးသူမယ် (၁) ဦးအား ဆုငွေ ကျပ်သိန်း (၁၀၀)။
ကံထူးသူမယ်တို့ ရွေးချယ်ခြင်းနှင့် ကံထူးဆုလက်ဆောင်ပေးအပ်မည့်ပုံစံ
- ကံထူးသူမယ်တို့ကို လစဉ် (၇) ရက်နေ့တိုင်းတွင် ရွေးချယ်ကြေညာပေးသွားမည်ဖြစ်ပါသည်။ အထူးဆုကြီး ကံထူးသူမယ်ကို ၂၀၂၇ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင် ရွေးချယ်ကြေညာပေးသွားမည်ဖြစ်ပါသည်။
- ကံထူးငွေဆုလက်ဆောင်များကို သက်ဆိုင်ရာ ကံထူးသူမယ်တို့၏ “မယ်တို့ Savings” စာရင်းထဲသို့ ဘဏ်ဖွင့်ရက် (၃) ရက်အတွင်း တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
- ကံထူးသူမယ်တို့နှင့် ဆုငွေပေးအပ်မှုဆိုင်ရာ အကြောင်းကြားချက်များကို MAB မှ သတ်မှတ်ထားသော တရားဝင်အင်တာနက်စာမျက်နှာများမှတစ်ဆင့်သာ အသိပေးသွားမည်ဖြစ်ပါသည်။