Menu
မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထန်းတပင်မြို့နယ်၊ အုတ်ဖိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်း
Posted On
September 20, 2020

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထန်းတပင်မြို့နယ်၊ အုတ်ဖိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်း

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ၏ လူမှုကူညီရေးတာဝန်ယူမှု အစီအစဉ်ဖြစ်သည့် “တစ်သိန်းတိုင်းမှာ တစ်ဆယ်လှူ” ပညာရေးရန်ပုံငွေ အထောက်အပံ့အစီအစဉ်” ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လိုအပ်နေသော စာသင်ကျောင်းများအတွက် ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အုတ်ဖိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ကျောင်းဆောင်သစ်တစ်ဆောင်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ၊ ၂၀ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။

ယင်းကျောင်းဆောင်ကို မြန်မာနိုင်ငံနှင့် MAB ၌ ငွေစုအပ်နှံသူများကို ကျေးဇူးတုံ့ပြန်သောအနေဖြင့် MAB ၏ (၁၀) နှစ်ပြည့်အထိမ်းအမှတ်အဖြစ်၂၀၂၀ ခုနှစ်၏ ပထမခြောက်လအတွင်း ကျင်းပခဲ့သည့် “တစ်သိန်းကျပ်ငွေစုတိုင်း MAB မှ တစ်ဆယ်ပြန်လှူခြင်း” မှ ပြန်လည်လှူဒါန်းသည့်ရန်ပုံငွေများကို MAB ၌ ငွေစုသူများ၏ ဘဏ်အကောင့်မှ ထုတ်နှုတ်မှုမရှိပဲ MAB မှ ရရှိသော အကျိုးအမြတ်များထဲမှ သီးသန့်လှူဒါန်းခဲ့ခြင်းလဲ ဖြစ်ပါသည်။

ဤရန်ပုံငွေများကို ယခုလို ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းခြင်းအပြင် ကျောင်းသား၊ ကျောင်းသူများ သောက်သုံးရေအဆင်ပြေစေရန် ‌ရေသန့်စက်ကြီးကိုလဲ ထန်းတပင်မြို့နယ်၊ အုတ်ဖိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။