မြန်မာ့ရှေ့ဆောင်ဘဏ်၏ MAB FI Orbit Networking Event ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် Sedona Hotel, Grand Ballroom ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
MAB FI Orbit Networking Event သည် မြန်မာနိုင်ငံရှိ Financial Institutions များအကြား ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်၊ အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုကို ပိုမိုအားကောင်းစေရန်နှင့် ရေရှည်တည်တံ့သော မိတ်ဖက်ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် ရည်ရွယ်၍ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ MAB FI Orbit Networking Event သို့ ပြည်တွင်းမိတ်ဖက်ဘဏ်များ၊ နိုင်ငံတကာဘဏ်များနှင့် Financial Institutions များမှ အကြီးအကဲများ၊ အမှုဆောင်အရာရှိများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ဘဏ္ဍာရေးကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမြင်များကို ဖလှယ်မျှဝေခဲ့ကြပါသည်။
MAB အနေဖြင့် MAB FI Orbit Networking Event တွင် ပါဝင်တက်ရောက်ပေးခဲ့ကြသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ဧည့်သည်တော်များအားလုံးကို လေးနက်စွာ ကျေးဇူးတင်ရှိပါကြောင်းနှင့် ဘဏ္ဍာရေးကဏ္ဍ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် ခိုင်မာသော မိတ်ဖက်ဆက်ဆံရေးများကို ဆက်လက်တိုးမြှင့် ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။





















