၂၀၂၂ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ မှ ၁၇ ရက်နေ့အထိသည် မြန်မာ့နှစ်သစ်ကူးကာလ ဘဏ်ပိတ်ရက်များ ဖြစ်ပါသဖြင့် ဧပြီလ ၁၁ ရက်နေ့ မှ ၁၅ ရက်နေ့များတွင် မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဘဏ်ခွဲများအားလုံးပိတ်ထားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။ ဘဏ်ပိတ်ရက်ကာလအတွင်း မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ အင်တာနက်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ၊ MAB Debit ကတ်ဝန်ဆောင်မှုများနှင့် POS ဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဘဏ်လုပ်ငန်းဝန်ဆောင်မှုနှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်လာပါက MAB Call Center 01 8610 612 သို့ နေ့စဉ် နံနက် (၇) နာရီမှ ည (၁၂) နာရီအတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
#MAB